အိမ်တစ်အိမ်ရဲ့ ပထမဦးဆုံးအမြင်သည် သန့်ရှင်းသပ်ရပ်မှုပဲ ဖြစ်ပါတယ်။ ကြည့်လိုက်တာနဲ့ သန့်ရှင်းသပ်ရပ်နေမယ်ဆိုရင် အိမ်ထဲမှာနေတဲ့ အိမ်သူအိမ်သားတွေလည်း စိတ်ချမ်းသာရမှာဖြစ်သလို ဧည့်သည်တွေ လာတဲ့အချိန်မှာလည်း သူတို့စိတ်ထဲမှာ “ရှုပ်ပွပြီး ပေရေနေတာပဲ” ဆိုတဲ့ မှတ်ချက်မျိုး မချမှာဖြစ်ပါတယ်။ ဖိနပ် တွေကို အိမ်အဝ မှာ ပြန့်ကြဲစွာ ချွတ်ထားမယ်ဆိုရင်လည်း ကြည့်ရတာ အမြင်ဆိုးပါတယ်။ အိမ်အဝမှာ ဖြစ်သလို ချွတ်ထားမယ့်အစား ဖိနပ်စင်မှာ သပ်သပ်ခပ်ခပ်ကလေး ထားထားမယ်ဆိုရင် ပိုအဆင်ပြေမှာပဲ ဖြစ်ပါတယ်။

ဖိနပ်စင်တွေက ဈေးကြီးကကြီးနဲ့ အဆင်မပြေပါဘူးကွာ လို့ မတွေးလိုက်ပါနဲ့။ ဈေးသက်သက်သာသာနဲ့ အမိုက်စား ဖိနပ်စင်တစ်ခု ပိုင်ဆိုင်စေမယ့် နည်းလမ်းတစ်ခုရှိပါတယ်။

ထိုနည်းလမ်းလေးကတော့ အားလပ်ချိန်မှာ ဟိုစမ်းဒီစမ်းနဲ့ ကိုယ်တိုင်လက်သမား လုပ်ရမယ့် နည်းပဲဖြစ်ပါတယ်။ မီးပျက်နေလို့ ဖုန်းအားလည်း ကုန်နေတယ်၊ ဘာမှလုပ်စရာမရှိလို့ ပျင်းနေတယ်ဆိုရင်တော့ ဒီနည်းလမ်းတွေကို လက်တည့်စမ်းကြည့်လိုက်ပါ။

နံရံကပ် ဖိနပ်စင်

ဖိနပ် အိမ်အဝ

သူ့ကို ပြုလုပ်ရတဲ့ နည်းလမ်းလေးက လွယ်ကူပါတယ်။ အရင်ဦးဆုံဂ သစ်သားပြားတစ်ပြားကို နံရံမှာ ကပ်ရိုက်လိုက်ပါ။ ထို့နောက် ဘေးနှစ်ဖက်မှာ ခပ်စောင်းစောင်းလေး ရိုက်မယ့် သစ်သားပြား နှစ်ပြားမှာ ဟိုဘက်​ ဒီဘက်ညီအောင် အပေါက် နှစ်ပေါက်စီ ဖောက်ထားလိုက်ပါ။ ပြီးတဲ့အခါမှာတော့ သစ်သားတန်း နှစ်တန်းကို ဟိုဘက် ဒီဘက် ထည့်ပေးလိုက်ပါ။ အားလုံး ပြီးသွားတဲ့အခါမှာတော့ နံရံမှာ ကပ်ရိုက်ထားတဲ့ သစ်သားပြား အကြီးပေါ်မှာ ကပ်ရိုက်လိုက်ပါ။ ဒါဆိုရင်တော့ အမိုက်စား နံရံကပ် ဖိနပ်စင်တစ်ခု ရရှိသွားပါပြီ။

ရိုးရိုးရှင်းရှင်းဖိနပ်စင်

ဖိနပ် အိမ်အဝ

စောစောကလို နံရံကပ်ဖိနပ်စင်ကို မကြိုက်ဘူးဆိုရင်တော့ အခုလိုမျိုး ရိုးရှင်းတဲ့ ဖိနပ်စင်တစ်ခုကို ဖန်တီးနိုင်ပါတယ်။ ကွီးတို့အနေနဲ့ နှစ်ဆင့် ဖိနပ်စင်ပဲ ဖန်တီးချင်သလား (သို့) သုံးဆင့်၊ လေးဆင့် ဖန်တီးချင်သလား၊ စိတ်ကြိုက် ဖန်တီးနိုင်ပါတယ်။ ဖိနပ်စင်ပေါ်မှာ ဖိနပ်တွေ စီစီရီရီထားမယ်ဆိုရင် အိမ်အရှေ့တည့်တည့်မှာ ရှုပ်ပွမနေတော့ပါဘူး။

နေရာသိပ်မယူတဲ့ ဖိနပ်စင်

shoe shelf

ကိုယ့်အိမ် အကျယ်အဝန်းက သိပ်မကျယ်ဘူး၊ ဖိနပ်စင် ထားလိုက်ရင် သွားရလာရတာ အနှောင့်အယှက်ဖြစ်တယ်ဆိုသူများအတွက်တော့ ဒီဖိနပ်စင်က အသင့်တော်ဆုံးပါပဲ။ ဖိနပ်များကို ဖိသိပ်ပြီး ထည့်ရမှာဆိုတော့ ဈေးကြီးတဲ့ ဖိနပ်တွေအတွက်တော့ နှမြောစရာကောင်းတာတော့ အမှန်ပါပဲ။

ရေစိုဖိနပ်တွေဆိုရင်တော့ ဘယ်လိုလုပ်မလဲ

ဖိနပ် အိမ်အဝ

မိုးတွင်းမှာ အပြင်သွားပြီး ပြန်လာလို့ ဖိနပ်တွေက ရေစိုနေရင် အခြားဖိနပ်တွေနဲ့ ရောမထားသင့်ပါဘူး။ အခြားဖိနပ်တွေပါ အကုန်ညစ်ပတ်ပြီး ပျက်စီးသွားပါလိမ့်မယ်။ အတူတူ ရောထားမယ့်အစား သပ်သပ်စီထားလိုက်ပါ။ ထားတဲ့အခါမှာလည်း ရိုးရိုးဖိနပ်စင် အသုံးပြုမယ့်အစား ဖိနပ်စင်ကို လင်ဗန်းခပ်ရှည်ရှည်ပုံစံ ဖန်တီးပြီးနောက် အထဲမှာ ကျောက်စရစ်ခဲလေးတွေ ထည့်ထားလိုက်ပါ။ ထို့နောက် ဖိနပ်များကို ကျောက်စရစ်ခဲပေါ် တင်ထားလိုက်လို့ရပါပြီ။ ဒါဆိုရင်တော့ ကွီးတို့ရဲ့ အိမ်လည်း မညစ်ပတ်တော့ပါဘူး။

ဒီလိုဖိနပ်စင်လေး တစ်ခုလောက် ရှိထားမယ်ဆိုရင် ဖိနပ် တွေကို အိမ်အဝ မှာ ပစ်စလက်ခတ် ချွတ်ထားခဲ့တဲ့ အကျင့်လည်း ပျောက်သွားမှာပဲဖြစ်ပါတယ်။

Source: Familyhandyman

Featured Image: Kippiathome