ကွီးတို့ ဖိနပ်ရဲ့ ဒီဇိုင်းကာလာ အနေအထားက ဖြူဖတ်ဖြူရော်ကြီး ဖြစ်ပြီး ဖက်ရှင်မကျဖြစ်နေပါသလား။ ဒါဆိုရင်တော့ ကွီးတို့ ဖိနပ် ရဲ့ ဒီဇိုင်းကာလာ အနေအထားကို DIY နည်းလမ်း အသုံးပြုပြီး မပြောင်းလဲကြည့်ချင်ဘူးလား။ ဒါဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းများကို အသုံးပြုနိုင်ပါတယ်။

ဖိနပ်အဖြူရောင်ကို အရောင်အသွေးစုံတတဲ့ ကြယ်တာရာကောင်းကင်အဖြစ် ပြောင်းလဲချင်ရင်

sneakers

ဖိနပ်အဖြူရောင်လေး တစ်ရံ လိုအပ်ပါလိမ့်မယ်။ ကွီးတို့က ကိုယ့်ကိုယ်ကိုယ် မယုံဘူးဆိုရင်တော့ ဈေးပေါပေါ ဖိနပ်တစ်ရံလောက် အရင်ဝယ်ကြည့်လိုက်ပါ။

white sneakers

အရင်ဦးဆုံး ဖိနပ်အဖြူရောင်ရဲ့ ကြိုးများကို ဖယ်ရှားလိုက်ပါ။

sneakers

ပြီးရင်တော့ ဖိနပ်အပေါ်ပိုင်းတစ်ခုလုံးကို ကာလာဆော့ပင်နဲ့ ကွီးတို့ စိတ်ကြိုက် ခြယ်သလိုက်ပါ။

sneakers

ထို့နောက် အရောင်ခြယ်ထားတဲ့နေရာအကုန်တစ်လျှောက်လုံးကို အယ်လ်ကိုဟောဖျော်ရည် တစ်စက်ချင်းစီ ချလိုက်ပါ။

ပြီးရင်တော့ ခြောက်သွားအောင် အခြောက်ခံရပါမယ်။

ဖိနပ် DIY

ထို့နောက် အဖြူရောင် ဆေးစက်များကို နေရာအနှံ့ လိုက်ချပါ။

အားလုံးပြီးသွားတဲ့အခါမှာတော့ ဖိနပ်ကြိုးများကို အစီအရီ ပြန်တပ်လိုက်ပါ။

ဖိနပ် DIY

Source: 5-Minute Crafts Play

ဒါဆိုရင်တော့ ဖြူဆွတ်ဆွတ်ဖိနပ်ကနေ ကြယ်တာရာတွေ ပြည့်နှက်နေတဲ့ ကောင်းကင်ကြီးတစ်ခု ဖြစ်သွားပြီပေါ့။

ကွီးတို့လည်း စိတ်ဝင်စားတယ်ဆို စမ်းလုပ်ကြည့်လိုက်ပါဦး။

နောက်ထပ် နည်းလမ်းတစ်မျိုးလည်း ရှိပါတယ်။ ဒီနည်းကတော့ နာမည်ကြီး ဖိနပ်တွေကို ကိုယ့်တစ်ဦးတည်း မူပိုင်အဖြစ် ပြောင်းလဲခြင်းပဲဖြစ်ပါတယ်။

နာမည်ကြီး ဘရန်းဖိနပ်တစ်မျိုးကို Limited Edition အသွင် ပြောင်းချင်သလား

ဖိနပ် DIY

ဒါဆိုရင်တော့ လိုအပ်မယ့် ပစ္စည်းတွေကတော့ မိမိကြိုက်နှစ်သက်ရာ ဘရန်းဖိနပ်တစ်မျိုးနဲ့ Posca လို့ခေါ်တဲ့ ကွာလတီကောင်းကောင်း ရောင်စုံဆော့ပင်တွေ လိုအပ်ပါလိမ့်မယ်။

ဖိနပ် DIY

ပထမဦးဆုံး လုပ်ရမှာကတော့ ဖိနပ်ကြိုးများကို ဖယ်ရှားရမှာပဲ ဖြစ်ပါတယ်။

ဖိနပ် DIY

နောက်တဆင့်ကတော့ ဖိနပ်တွေကို သူ့အစိတ်အပိုင်းအလိုက် ညီညီညာညာ အရောင်ခြယ်ရမှာပါ။

ဖိနပ် DIY

စိတ်ရှည်ရှည်နဲ့ အသေးစိတ်ကျကျ ခြယ်မှုန်းတတ်ဖို့တော့ လိုပါလိမ့်မယ်။ ဘာ့ကြောင့်လဲဆိုတော့ ဒီဖိနပ်က ဘယ်သူ့ဆီမှာမှ မရှိဘဲ ကွီးတို့ တစ်ယောက်တည်းဆီမှာရှိတဲ့ တစ်ရံတည်းသော ဖိနပ်ဖြစ်မှာမို့လို့ပါ။

ဖိနပ် DIY

မိမိစိတ်ကြိုက် ခြယ်မှုန်းပြီးသွားတဲ့နောက်မှာတော့ နောက်ဆုံး အဆင့်တစ်ဆင့် ကျန်ပါသေးတယ်။ ထိုအဆင့်ကတော့ ဖိနပ်ကို စပရေးဖြင့် မှုတ်ရမှာပဲဖြစ်ပါတယ်။ ဒါမှသာ အရောင်တွေက ရေနဲ့ထိတဲ့အခါ ပျံ့မသွားမှာပါ။

ဖိနပ် DIY

Source: Xavier Kickz

စပရေးနဲ့ သေသေချာချာ ဖြန်းပြီးသွားပြီဆိုရင်တော့ အခုလိုမျိုး တမူထူးခြားတဲ့ ဖိနပ် ၊ ဒီဇိုင်းကာလာအနေအထားမိမိုက်နေတဲ့ DIY ဖိနပ်တစ်ရံ ရသွားမှာပဲဖြစ်ပါတယ်။

ကွီးတို့ရော ကိုယ့်ရဲ့ Sneakers ဖိနပ်တစ်ရံကို ဘယ်လိုမျိုး ပုံဖော် အလှဆင်ချင်ပါသလဲ။

Featured Image: Refinery29