Racing ဂိမ်း အမိုက်စားတွေ ရှာနေတဲ့ ကွီးတို့ အတွက် ဆော့လို့ကောင်းတဲ့ ဂိမ်းအချို့ကို ညွှန်းပေးချင်ပါတယ်။ အဓိက Android Platform မှာ ကစားလို့ရတဲ့ ဂိမ်းတွေကို ဖော်ပြပေးမှာပါ။ ဒီဂိမ်းတွေက Graphics ပိုင်းလည်းကောင်း Gameplay ပုံစံလည်း ခပ်မိုက်မိုက်နဲ့ ထူးခြားတဲ့ Features တွေ ပါဝင်တာမလို့ ဂိမ်းချစ်သူ ကွီးတို့ စမ်းကြည့်လိုက်ပါဦး။

(၁) CarX Street

Source : CarX Technologies

Open-world ပြိုင်ကားဂိမ်း အတွေ့အကြုံကို ခံစားနိုင်မယ့် ဂိမ်းအမိုက်စားတစ်ခု ဖြစ်ပါတယ်။ CarX Street ဆိုတဲ့အတိုင်း လမ်းမပေါ်က Street စတိုင် ကားပြိုင်ပွဲတွေမှာ ပါဝင်ရမှာဖြစ်ပြီး ပြိုင်ကားနဲ့ ပြေးလမ်းတွေကို ကိုယ့်စိတ်ကြိုက် ပြုပြင်နိုင်မှာ ဖြစ်ပါတယ်။ ဂိမ်းချစ်သူ ကွီးတို့အနေနဲ့ ကိုယ့်ရဲ့ ပြိုင်ကားတွေကို သိမ်းဆည်းဖို့ အိမ်တွေလည်း ဝယ်ယူနိုင်ပါတယ်။

(၂) Art of Rally

Source : Noodlecake

Funselektor Labs ကနေ ဖန်တီးထားတဲ့ ပြိုင်ကားဂိမ်း ဖြစ်ပါတယ်။ ကစားသူတွေအနေနဲ့ Group B နဲ့ Group A ဆိုပြီး အုပ်စု ၂ စု ခွဲကာ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဂိမ်း Stages အဆင့်ဆင့်ကို စိန်ခေါ်မှုအပြည့်နဲ့ ကျော်ဖြတ်ရမှာ ဖြစ်ပါတယ်။ Graphics ပိုင်းလည်း ရှယ်မိုက်သလို လုံးဝ Challenging ဖြစ်တဲ့ Gameplay ပုံစံကို ခံစားရင်း ဆော့ရမှာ ဖြစ်ပါတယ်။

(၃) Rocket Racing

Source : Rocket Racing

ဆန်ဒီယေဂို အခြေစိုက် နာမည်ကြီး ဂိမ်းထုတ်လုပ်သူ Psyonix ကနေ ဖန်တီးထားတဲ့ တော်တော်လေး ထူးခြားတဲ့ ပြိုင်ကားဂိမ်းတစ်ခု ဖြစ်ပါတယ်။ ကားအမိုက်စားတွေပါသလို ပြေးလမ်းတွေကလည်း ဆန်းသစ်ပြီး ပြေးလမ်းနံရံနဲ့ မျက်နှာကျက်တွေအပေါ်မှာပါ မောင်းနှင်လို့ရတဲ့ Features တွေ ထည့်ပေးထားပါတယ်။ ကစားသမား ၁၂ ဦးအထိ ပါဝင်ယှဉ်ပြိုင်နိုင်ပြီး ပြိုင်ကားအမျိုးမျိုးကိုလည်း စိတ်ကြိုက်ရွေးချယ် နိုင်ပါတယ်။

(၄) Mario Kart Tour

Source : Nintendo Mobile

Nintendo မှာတော့ အမာခံဖန် အခိုင်အမာ ရထားပြီးသားပါ။ မိုဘိုင်းလ် ဗားရှင်းကိုတော့ ၂၀၁၉ မှာ ထုတ်လိုက်တာ ဖြစ်ပါတယ်။ ပျော်စရာကောင်းတဲ့ Kart Racing ဂိမ်းတစ်ခု ဖြစ်ပြီး Mario Universe က ဇာတ်ကောင်တွေ ၊ တကယ့်လက်တွေ့ကမ္ဘာက မြို့ကြီးတွေ ပါဝင်ပါတယ်။ စိတ်ဝင်စားဖို့ကောင်းတဲ့ Items တွေနဲ့ Power-ups Features တွေ ပါဝင်ပြီး Online Multiplayer Modes လည်းပါတော့ ဘော်ဒါတွေနဲ့ အတူ ပျော်ပျော်ပါးပါး ဆော့လို့ရပါတယ်။

Source : Analytics Insight

Featured Photo : Fortnite