လက်ရှိ ကမ္ဘာတစ်ဝှမ်းလုံးက Gamers တွေကြားမှာ Open-World ဂိမ်းတွေ အရမ်းကို ရေပန်းစားပါတယ်။ Gaming Developer တွေကလည်း PC နဲ့ Console ဂိမ်းတွေကို ပိုပြီး ဦးစားပေး ဖန်တီးလာကြပါတယ်။ PC နဲ့ Console ဂိမ်းတွေဟာ ပိုမိုကောင်းမွန်တဲ့ Sound Quality တွေ နဲ့ Gaming Experience တွေ ပေးစွမ်းနိုင်တဲ့အတွက် ဂိမ်းချစ်သူတွေ ကြိုက်နှစ်သက်ကြတဲ့ ဂိမ်းတွေပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ကမ္ဘာ ပေါ်က ဖိုင် Size အကြီးဆုံး တစ်နည်းအားဖြင့် Install Size အကြီးဆုံး ဂိမ်း ၅ ခုအကြောင်း ပြောပြပေးချင်ပါတယ်။

(၁) Call Of Duty- Modern Warfare

Source : Call of Duty

၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၅ ရက်နေ့က ထွက်ခဲ့တဲ့ Call of Duty : Modern Warfare ဂိမ်းဟာ Infinity Ward ကနေ ဖန်းတီးလိုက်တဲ့ First-Person Shooter Game တစ်ခု ဖြစ်ပါတယ်။ ဒီဂိမ်းဟာ ဖိုင် Size 231 GB ရှိတဲ့ အကြီးဆုံး ဂိမ်းတစ်ခု ဖြစ်ပါတယ်။ Xbox one ၊ Playstation 4 နဲ့ Microsoft Windows တွေမှာကစားနိုင်ပြီး ကမ္ဘာပေါ်က အရောင်းရဆုံး ဗီဒီယိုဂိမ်းတစ်ခုလည်း ဖြစ်ပါတယ်။

(၂) Quantum Break

Source : outsidexbox

Quantum Break ဂိမ်းဟာ ၂၀၁၆ ခုနှစ် ဧပြီလ ၅ ရက်နေ့ကထွက်ခဲ့တဲ့ Third-Person Shooter Game ဖြစ်ပါတယ်။ ဒီဂိမ်းဟာ အက်ရှင်-စွန့်စားခန်းဂိမ်းတစ်ခုဖြစ်ပြီး Install Size 178 GB ရှိပါတယ်။ Remedy Entertainment နဲ့ Microsoft Studios တို့ပူးပေါင်းဖြန့်ချီခဲ့တဲ့ ဒီဂိမ်းဟာ Storyline ကောင်းကောင်းနဲ့ အမိုက်စား Gaming Experience တွေပေးစွမ်းမှာ ဖြစ်ပါတယ်။ Xbox one ၊ Windows10 နဲ့ Microsoft Windows စတဲ့ Platform တွေမှာဆော့ကစားနိုင်ပါတယ်။

(၃) Destiny 2- Shadowkeep

Source : Destiny 2

Destiny 2- Shadowkeep ဂိမ်းဟာ ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့က ထွက်ခဲ့တဲ့ First-Person Shooter Game တစ်ခု ဖြစ်ပါတယ်။ ဖိုင် Size 165 GB ရှိတဲ့ ဒီဂိမ်းကို Bungie Inc က ဖန်တီးခဲ့တာ ဖြစ်ပြီး Platform 4 ၊ Platform 5 ၊ Microsoft Windows ၊ Xbox series X ၊ Xbox S ၊ Google Stadia နဲ့ Xbox One တွေမှာ ဆော့နိုင်မှာ ဖြစ်ပါတယ်။ လက်နက်အသစ်အဆန်းတွေ ၊ စိတ်လှုပ်ရှားဖွယ် မစ်ရှင်တွေ ၊ ပတ်ဝန်းကျင်အသစ်တွေနဲ့ စိတ်ဝင်စားဖို့ ကောင်းတဲ့ ဂိမ်း တစ်ခု ဖြစ်ပါတယ်။

(၄) Microsoft Flight Simulator

Source : IGN

Microsoft Flight Simulator 2020 ဂိမ်း ဟာ Xbox Game Studio ကနေ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဩဂုတ်လ ၁၇ ရက်နေ့က ဖြန့်ချီခဲ့တဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။ ဒီဂိမ်းဟာ အံ့သြဖွယ်ကောင်းတဲ့လေယာဉ်နဲ့ မစ်ရှင်အသစ်တွေ ၊ အမိုက်စား ခေတ်သစ်ပျံသန်းမှု အတွေ့အကြုံတွေကို ပေးစွမ်းမှာ ဖြစ်ပြီး Install Size 150 GB ရှိပါတယ်။ Open XR ၊ Xbox Series X နဲ့ S ၊ Microsoft Windows တွေမှာ ဆော့နိုင်မှာ ဖြစ်ပါတယ်။

(၅) Hitman 2

Source : HITMAN

၂၀၁၈ ခုနှစ် နိုဝင်ဘာ ၉ ရက်နေ့က ထွက်ရှိခဲ့တဲ့ Hitman 2 ဂိမ်း ဟာ IO Interactive ကနေ ဖန်တီးလိုက်တဲ့ ဗီဒီယိုဂိမ်းတစ်ခု ဖြစ်ပါတယ်။ ဒီဂိမ်းက အကြီးဆုံး အက်ရှင် – စွန့်စားခန်းဂိမ်းတွေထဲကတစ်ခု ဖြစ်ပြီး Ghost Mode နဲ့ Sniper Assassin တို့ပါရှိပါတယ်။ စိတ်ဝင်စားဖို့ကောင်းတဲ့ မစ်ရှင်တွေ ၊ Graphic အမိုက်စားတွေနဲ့ ဆော့ကစားနိုင်မှာ ဖြစ်ပြီး Install Size ကတော့ 149 Gb ရှိပါတယ်။ Microsoft Windows ၊ PlayStation 4 ၊ Google Stadia နဲ့ Xbox One စတဲ့ Platform တွေမှာ ဆော့နိုင်မှာ ဖြစ်ပါတယ်။

Featured Photo : Siachen Studios