လိင်မှုကိစ္စမှာ ဖိုးပလေးက လုံးဝ အရေးကြီးတယ်လို့ မကြာခဏပြောတာ ကြားဖူးကြမှာပါ။ ဖိုးပလေးကို အဓိပ္ပာယ်ဖွင့်ဆိုရမယ် ဆိုရင်တော့ အကြိုရှေ့ပြေး နှိုးဆွမှုလို့ ပြောရပါမယ်။ အတူနေ ဆက်ဆံခြင်း မပြုမီမှာ အထိအတွေ့ ၊ အပွတ်အသပ် ၊ အနမ်းအရှုံ့တွေနဲ့ ချစ်ရမက်မီးတွေ လောင်ကျွမ်းတောက်လောင်လာအောင် မီးစထည့်ပေးတဲ့ အဆင့်ဖြစ်ပါတယ်။ ဖိုးပလေး အဆင့် သိုင်းကြမ်း နည်းတွေ များစွာရှိတဲ့ အထဲကမှ အရှေ့က ဆရာ့ဆရာကြီးတွေ ကျင့်သုံးလာခဲ့တဲ့ အကောင်းဆုံး သိုင်းကွက် တချို့ကို ပြောပြပေးချင်ပါတယ်။

(၁) တဆင့်ချင်း သွားပါ

Couple

Photo : Women’s Health

ဖိုးပလေး အတွက် အချိန်ပေးဖို့ လိုပါတယ်။ ဖြည်းဖြည်းချင်း တဆင့်ချင်းသွားတာဟာ ရင်ခုန်သံစည်းချက်တွေကို ပိုမြန်လာစေပါလိမ့်မယ်။ နှုတ်ခမ်းချင်း အနမ်းတွေကစပြီး နားရွက်အနောက် ၊ လည်တိုင် ၊ ရင်ညွှန့် ၊ ဝမ်းဗိုက် ၊ ပေါင်တွင်းသားလေးတွေကနေ အဓိက ပန်းကလေးအထိကို တဆင့်ချင်း ဖြည်းဖြည်းနဲ့ နှေးနှေး အကွက်ရွေ့သွားပါ။ ကွီးတို့ ပါတနာရဲ့ တုံ့ပြန်မှုကို အကဲခတ်ပြီးမှသာ အရှိန်တင်သင့်/မတင်သင့်ကို ဆုံးဖြတ်ပါ။

(၂) ပေါင်းစပ် သိုင်းကွက်တွေ သုံးပါ

Couple

Photo : BuzzFeed

ပေါင်းစပ် သိုင်းကွက်ဆိုတာကတော့ ရှင်းပါတယ်။ တစ်ပြိုင်နက်တည်းမှာ ခံစားမှုမျိုးစုံကို ပေးစွမ်းတာမျိုးပါ။ နားလည်လွယ်အောင် ပြောရရင် နှုတ်ခမ်းချင်း အနမ်းတွေ ခြွေနေချိန်မှာ ကွီးတို့ရဲ့ လက်တွေကိုလည်း အလုပ်များနေစေဖို့ပါ။ သူမရဲ့ ဆံနွယ်လေးတွေကို လက်ချောင်းလေးတွေနဲ့ ညှင်စွာထိုးဆွ ပွတ်သပ်ပေးတာ ၊ အချစ်စိတ်တွေ ပိုမိုထကြွလာစေမယ့် အမျိုးသမီးတို့ရဲ့ အာရုံခံစားအမြင့်ဆုံး အဓိကနေရာတွေဖြစ်တဲ့ ရင်သားထိပ်(နို့သီးခေါင်း) သို့မဟုတ် ပန်းဖူး (Clitoris) နေရာတဝိုက်ကို ညင်သာစွာ ပွတ်သပ်နှိုးဆွတာ စသည့်ဖြင့် တစ်ချိန်တည်းမှာ ခံစားမှုမျိုးစုံ ရစေမယ့် ပေါင်းစပ်သိုင်းကွက်တွေကို ထုတ်သုံးသင့်ပါတယ်။

(၃) အရိုင်းဆန်တဲ့ စကားလေးတွေ ပြောပေးပါ

Couple

Photo : Adulttoymegastore

အရိုင်းဆန်တဲ့ Talk Dirty လေးတွေက ဖိုးပလေး အဆင့်မှာ ချန်မထားခဲ့သင့်တဲ့ သိုင်းကွက်တစ်ခုပါပဲ။ အရိုင်းဆန် စကားလေးတွေဆိုတာဟာ ရိုင်းစိုင်းဆဲဆိုတာမျိုးကို ဆိုလိုတာမဟုတ်ပဲ ကွီးတို့ရဲ့ ပါတနာကို ပွတ်သပ်နမ်းရှုံ့နေရင်းမှာ စိတ်ပိုပါလာအောင် ချီးမွမ်းစကားလေးတွေနဲ့ သူမရဲ့စိတ်ကို ဆွဲဆောင်နိုင်မယ့် စကားလေးတွေကို ရည်ညွှန်းပါတယ်။ စကားလုံးလေးတွေကို ဥာဏ်ရှိရှိ ရွေးချယ်သုံးနှုန်းပြီး ချစ်အဆိပ်တွေ တက်လာအောင် နှိုးဆွပေးဖို့ ဖြစ်ပါတယ်။ ဒီသိုင်းကွက်ဟာ ကွီးရော ကွီးတို့ပါတနာကိုပါ ထူးခြားတဲ့ စိတ်လှုပ်ရှားသာယာမှုကို ခံစားရစေမှာ ဖြစ်ပါတယ်။

(၄) လူကြီး ကစားစရာတွေ သုံးပေးပါ

Couple

Photo : Freepik

တစ်ခါတစ်လေမှာ မတူတဲ့ ခံစားမှု အသစ်တွေဆိုတာ လိုအပ်ပါတယ်။ လူကြီး ကစားစရာတွေဟာ ရှေ့ပြေး နှိုးဆွမှု ဖိုးပလေး အဆင့်မှာသာမက ထိုးသွင်းဆက်ဆံချိန်မှာပါ သာယာတဲ့ အထိအတွေ့ ၊ မတူညီတဲ့ ခံစားမှုအရသာတွေကို ပေးစွမ်းနိုင်ပြီး အထွက်အထိပ်ကို ကောင်းမွန်စွာ ရောက်ရှိစေဖို့ ကူညီပေးနိုင်ပါတယ်။

Featured Photo : Medium