နေ့စဉ်လေထုထဲက ဖုန်တွေအညစ်အကြေးတွေဟာ ကွီးတို့ရဲ့ အရေပြားပေါ်မှာ ကပ်ညှိတွယ်ပြီး အသားအရေ ပျက်စီးမှုဆိုတဲ့ အခြေအနေကို ဦးတည်ဖြစ်စေပါတယ်။ စာရေးသူတို့ ယောကျာ်းလေးတွေက အသားအရေ ထိန်းသိမ်းမှုအပိုင်းမှာ အားနည်းတာနဲ့အညီ အသားအရေပျက်စီးဖို့ကလည်း ပိုလွယ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ကွီးတို့ နေ့တိုင်း ထိတွေ့နေရတဲ့ ဖုန်ဒဏ်လေဒဏ် ၊ ခရမ်းလွန် ရောင်ခြည်ဒဏ်တွေကြောင့် အသားအရေပျက်စီးမှု မရှိရလေအောင် လုပ်ဆောာင်နိုင်မယ့် ရိုးရှင်းတဲ့ Skin Care အဆင့်လေးတွေကို ပြောပြပေးပါမယ်။
(၁) ညအိပ်ရာ မဝင်ခင်တိုင်း မျက်နှာကို သေချာသန့်စင်ပေးပါ
Photo : Real Men Real Style
တစ်နေ့ကုန် ထိတွေ့ထားတဲ့ ဖုန်ဒဏ်လေဒဏ် ကြောင့် အရေပြားပေါ် ကပ်ညှိတွယ်နေတဲ့ အညစ်အကြေးတွေကို အိပ်ရာမဝင်ခင်အချိန်မှာတော့ သေချာလေး ပြန်လည်သန့်စင်ပေးဖို့ လိုပါတယ်။ ကွီးတို့ အရေပြားဆဲလ်တွေဟာ ညအိပ်ရာဝင်ချိန်မှာ သဘာဝအတိုင်း Repair ပြန်လုပ်တာကြောင့် ဖုန်နဲ့ အညစ်အကြေးတွေကို ကောင်းမွန်စွာ သန့်စင်ပေးဖို့ လိုတာပါ။ မျက်နှာသန့်စင်တဲ့နေရာမှာ Alcohol-Free Face Wash တွေကို ရွေးသုံးတာက အသားအရေအတွက် အကောင်းဆုံးပါပဲ။
(၂) ဓာတ်တိုးဆန့်ကျင် ပစ္စည်းပါတဲ့ Skin Care ထုတ်ကုန်တွေ သုံးပါ
Photo : Purplle.com
Antioxidants က ဖုန်ဒဏ်လေဒဏ် ကြောင့် ဖြစ်ပေါ်လာတဲ့ အသားအရေ ပျက်စီးမှုကို အကောင်းဆုံး တိုက်ထုတ်ပေးနိုင်ပါတယ်။ မျက်နှာလိမ်း ခရင်မ်တွေနဲ့ Serum တို့လို Skin Care ထုတ်ကုန်တွေသုံးတဲ့အခါ ဓာတ်တိုးဆန့်ကျင် ပစ္စည်းပါဝင်တဲ့ အမျိုးအစားကို ရွေးသင့်ပါတယ်။ Niacinamide (Vitamin B-3) ၊ Vitamin A ၊ Vitamin C ၊ Vitamin E နဲ့ Resveratrol စတဲ့ Antioxidants ပါတဲ့ ထုတ်ကုန်တွေကို ရွေးချယ်အသုံးပြုဖို့ အကြံပေးချင်ပါတယ်။
(၃) Moisturizer လိမ်းပါ
Photo : VitalSkin Dermatology
Moisturizer ကတော့ အသားအရေ ခြောက်သွေ့ခြင်း ၊ နီမြန်းယားယံခြင်း ၊ ပြင်ပဖုန်တွေအမှုန်အမွှားတွေကြောင့် ထိရှလွယ် ပျက်စီးလွယ်ခြင်း စတဲ့ အခြေအနေတွေကို အပေါ်ယံ Cover တဆင့်အနေနဲ့ ကာကွယ်ပေးတဲ့ Process ကို လုပ်ဆောင်ပေးပါတယ်။ ဒါ့အပြင် အသားအရေကို အစိုဓာတ်ပြည့်ဝနေစေတဲ့အတွက် အသားအရေ ခြောက်သွေ့ကြမ်းတမ်းတာ ၊ ပျက်စီးတာတွေကို မဖြစ်စေတော့ပါဘူး။ နေ့စဉ် အပြင်သွားလာရတဲ့အခါ ရာသီဥတုအခြေအနေ ၊ ဖုန်ဒဏ်လေဒဏ်နေဒဏ်တွေကနေလည်း အသားအရေ ပျက်စီးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။
(၄) နေ့အချိန်မှာ Sunscreen အမြဲ လိမ်းပေးပါ
Photo : ISDIN
အပြင်ထွက်သည်ဖြစ်စေ ၊ အိမ်ထဲမှာပဲ နေသည်ဖြစ်စေ နေ့အချိန်မှာ Sunscreen အမြဲ လိမ်းပေးဖို့ လိုပါတယ်။ နေရောင်ခြည်မှာ ပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်ဟာ အသားအရေကို ဆိုးရွာစွာ ပျက်စီးစေနိုင်ပြီး အရွယ်မတိုင်မီ အိုမင်းရင့်ရော်မှုကို ဖြစ်စေရုံသာမက အဆိုးဆုံးအနေနဲ့ အရေပြားကင်ဆာအထိပါ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် နေ့အချိန် အထူးသဖြင့် မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအတွင်းမှာ Sunscreen ကိုအမြဲလိမ်းထားသင့်ပြီး ၂ – ၃ နာရီကြားတစ်ခါ နောက်တစ်ကြိမ် ပြန်လိမ်းပေးဖို့ လိုပါတယ်။
Source : UCLA Health
Featured Photo : Dapper And Groomed