Relationship တစ်ခုမှာ ဖောက်ပြန်ခံရသူက ဆိုးရွားတဲ့ နာကျင်မှုနဲ့အတူ ထရော်မာတွေ ခံစားရတာ သဘာဝပါပဲ။ ဒါပေမယ့် ဖောက်ပြန်တာပဲ ပြဿနာ မဟုတ်ပါဘူး။ မဖောက်ပြန်ပဲ ခံစားရအောင် လုပ်တဲ့ အနုနည်းတွေ အများကြီးပါ။ လူတစ်ယောက်ကို ဖောက်ပြန် တာထက်ဆိုးတဲ့ စိတ်ကင်ဆာရစေမယ့် အချက်တွေက ဘာတွေဖြစ်မလဲ ကြည့်လိုက်ရအောင်ပါ။
(၁) ဆိုးဆိုးရွားရွား လျစ်လျူရှုခံရတာ
Photo : YourTango
ပြောရရင် အကြောင်းမဲ့သပ်သပ် ကွီးတို့ကို လျစ်လျူရှုထားတဲ့ အခြေအနေကို ဆိုလိုပါတယ်။ လူတိုင်းက ကိုယ်ချစ်တဲ့သူဆီကနေ ကိုယ့်အပေါ် စိတ်ဝင်စားမှု ၊ အလေးထားမှုကို လိုချင်ကြတာပါပဲ။ ဒီလိုမှမဟုတ်ပဲ ကိုယ့်အကြောင်းလဲ စိတ်မဝင်စား ၊ ကိုယ့်ရဲ့ နေ့စဉ်ဘဝကိုလည်း မျက်ကွယ်ပြုထားပြီး ကောင်းကောင်းကြီး လျစ်လျူရှုနေရင်တော့ ဖောက်ပြန် တာထက်ပိုဆိုးတဲ့ ခံစားချက်ကို ရစေမှာပါ။
(၂) အရေးကြီးတဲ့ အချိန်တွေမှာ မျက်ကွယ်ပြုခံရတာ
Photo : YourTango
ကိုယ့်ချစ်သူ နေမကောင်းရင် မဖြစ်မနေ ဆေးခန်းလိုက်ပို့ရမယ်ဆိုတဲ့ သတ်မှတ်ချက် မရှိပေမယ့် ဂရုတစိုက် မေးတာ ၊ ကြင်နာမှုလေးတွေ ပေးတာတော့ ခံချင်ကြတာ အသေအချာပါပဲ။ ဘဝမှာ ဒီလိုနေမကောင်းတဲ့ အချိန်တွေလို အခြားသော အရေးကြီးတဲ့ အခိုက်အတန့်တွေ အများကြီးပါ။ စိတ်ဓာတ်ကျနေချိန် ၊ ပြိုလဲနေချိန်တွေလည်း ရှိတက်ပါတယ်။ ယောကျာ်းဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် ဒီလို ဘဝရဲ့အရေးကြီးတဲ့ အချိန်တွေမှာ ကိုယ့်ကိုဂရုစိုက်ကြင်နာပြီး အနားမှာရှိနေတာထက် မျက်ကွယ်ပြု ၊ စိတ်ဝင်တစားမရှိပဲ လုံးလုံးလျားလျား ကိုယ့်အပေါ်ဂရုမစိုက်တာဟာ အဆိုးဆုံး ခံစားချက်ကို ဖြစ်စေပါတယ်။
(၃) ကိုယ့်လုပ်ရပ်ကို တာဝန်မယူပဲ ခေါင်းရှောင်တာ
Photo : YourTango
လူတိုင်း အမှားနဲ့ မကင်းကြပါဘူး။ အမှားလုပ်မိတဲ့သူက ကိုယ့်လုပ်ရပ်ကို တာဝန်ယူရဲတဲ့စိတ် အပြည့်ရှိဖို့ လိုပါတယ်။ ဒါမှလည်း ပြဿနာတစ်ခု ဖြစ်လာချိန်မှာ အမြန်ဆုံးနဲ့ အကောင်းဆုံး ဖြေရှင်းနိုင်မယ့် နည်းလမ်းကို ရှာတွေ့မှာပါ။ လုပ်တဲ့သူက အမှားကျူးလွန်ခဲ့မယ် နောက်ပြီး ခေါင်းရှောင်မယ် ၊ အကြောင်းပြချက်တွေ ပေးမယ်ဆိုရင် ပြဿနာတွေဟာ ပိုမိုကြီးထွားပြီး ခံရတဲ့သူက ၂ ဆ ပို နာကျင်ရပါတယ်။
(၄) နောက်ကျောမလုံစေတာ
Photo : YourTango
ဒီနေ့ခေတ်လို ဖောက်ပြန် ဖို့ သိပ်ကိုလွယ်ကူနေတဲ့ ခေတ်ကြီးမှာ ကိုယ့်ချစ်သူကို စိတ်အေးချမ်းလုံခြုံအောင် ထားနိုင်တဲ့သူက ရွှေပါပဲ။ ဖောက်ပြန်တဲ့ အဆင့်အထိတော့ မရောက်ဘူး။ သို့သော်လည်း စိတ်လုံခြုံမှုလည်း အပြည့်အဝ မပေးနိုင်ဘူး။ ဒါဆိုရင် အမြဲတမ်း ပူပင်သောကတွေနဲ့ လောင်မြိုက်နေရမှာပါ။ လက်တွဲဖော် ချစ်သူရည်းစားဆိုတာ တစ်ယောက်ကိုတစ်ယောက် အေးချမ်းတဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ တက်နိုင်တဲ့ဘက်က အပြန်အလှန် Support ပေးကြရင်း ကောင်းမွန်တဲ့ အနာဂတ်အခြေအနေ တစ်ခုဆီကို အတူတူသွားကြရတာ ဖြစ်ပါတယ်။ နောက်ကျော မလုံစေတဲ့သူ ၊ ပူပန်သောက ရောက်စေတဲ့သူဆိုရင်တော့ ဘာအတွက်ကြောင့် ဆက်လက်တွဲနေလဲဆိုတာ ကွီးတို့ ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်သင့်ပါတယ်။
Source : YourTango
Featured Photo : In Session Psych