ဖောက်ပြန်ခြင်း ခေါင်းစဉ်အောက်မှာ ယောကျာ်း/မိန်းမ ခွဲလို့မရပါဘူး။ လူတိုင်း ဖောက်ပြန်နိုင်တယ်။ လူတိုင်း ဖောက်ပြန် တက်တယ်။ ယောကျာ်းတွေမှ ဖောက်ပြန်တာ ၊ မိန်းမ တွေမှ ဖောက်ပြန်တာ ဆိုတာတွေ မရှိပါဘူး။ ဘယ်သူပဲ ဖြစ်ဖြစ် ကိုယ်ချစ်တဲ့သူတစ်ယောက်က ကိုယ့်အပေါ် ဖောက်ပြန်မှာကို လိုချင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဖောက်ပြန်လာခဲ့သည်ရှိသော် ကွီးတို့အပေါ် ဖောက်ပြန်နေတဲ့ ပါတနာကို ဘယ်လိုမျိုး ရင်ဆိုင်ရမလဲဆိုတာ ပြောပြပေးပါမယ်။

(၁) ရပ်တန့်ဖို့ မတောင်းဆိုနဲ့

 Cheating

Photo : City Magazine

ဖောက်ပြန်ချင်စိတ် ရှိတဲ့သူက သူ့စိတ်နဲ့သူ ဖောက်ပြန်ခြင်းကို ရွေးချယ်ခဲ့တာပါ။ နောက်ထပ်လည်း ဖောက်ပြန်နိုင်ခြေ ရှိပါသေးတယ်။ ဒါကို ကွီးတို့ဘက်က မဖောက်ပြန်ပါနဲ့တော့လို့ သွားတားလို့ မရပါဘူး။ သူ့စိတ်/သူ့သဘောကိုပဲ ကွီးတို့ နားလည်အောင် ကြိုးစားဖို့က အဓိကပါ။ တားမြစ်တာ ၊ တောင်းဆိုတာတွေက တကယ်တမ်းမှာ အလုပ်မဖြစ်ပါဘူး။

(၂)  အချိန်တိုင်း ပြောင်းလဲတက်တဲ့ သဘောတရားကို လက်ခံထားပါ

 Cheating
Photo : LovePanky

ချစ်တယ် / မုန်းတယ်ဆိုတာ ခံစားချက်တွေပါ။ လူတွေရဲ့ စိတ်ခံစားချက်တွေဟာ အချိန်နဲ့အမျှ အမြဲပြောင်းလဲနေတက်ပါတယ်။ ဒီနေ့ ချစ်ရင်ချစ်ပြီး နောက်နေ့မှာ မချစ်တော့တာလည်း ဖြစ်နိုင်ပါတယ်။ ပြောင်းလဲတက်တာဟာ လူ့ဘဘာဝလို့ ကွီးတို့ နားလည်လက်ခံထားမယ်ဆိုရင်တော့ နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်ရတဲ့အခါ နာကျင်မှုဝေဒနာတွေကို တက်နိုင်သမျှ လျှော့ချနိုင်ပါလိမ့်မယ်။

(၃) စကားပြောပါ / နားထောင်ပါ

 Cheating
Photo : Psychology Today

သေချာတာကတော့ ဖောက်ပြန် နေတဲ့သူမှာ ပြောစရာ စကားတွေ အများကြီး ရှိနေပါလိမ့်မယ်။ အကြောင်းပြချက်တွေ ဖြစ်ချင်ဖြစ်မယ် ၊ ဝန်ခံတောင်းပန်မှုတွေလည်း ဖြစ်နိုင်တယ်။ ကွီးတို့ဘက်က လုပ်ရမှာက ဒေါသကို တက်နိုင်သမျှ လျှော့ချထားပြီး စကားလက်ခံပြောဖို့ ၊ နားထောင်ပေးဖို့ပါ။ တစ်ဖက်က ပြောလာတဲ့ စကားတွေပေါ်မူတည်ပြီး ဘာလုပ်သင့်လဲဆိုတာ ဆက်စဉ်းစားပါ။

(၄) တုန်လှုပ်မနေပါနဲ့ / အံ့ဩမပြပါနဲ့

Cheating

Photo : The Relationship Recipe

ကိုယ်ထင်မထားတဲ့ သူတစ်ယောက်က ကိုယ်အပေါ် ဖောက်ပြန် လိုက်ပြီဆိုရင် သွေးပူနေတုန်းမှာတော့ အံ့ဩစရာ ၊ တုန်လှုပ်စရာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် လူတိုင်း အချိန်မရွေး ဖောက်ပြန်နိုင်တယ်ဆိုတဲ့ အမှန်တရားကိုတော့ ပြန်ပြီး သတိကပ်ရမှာပါ။ ကိုယ်အပေါ် ဖောက်ပြန်သွားလို့ဆိုပြီးလည်း ဝမ်းမနည်းပါနဲ့ ၊ ခံပြင်းမနေပါနဲ့။ ရှေ့ဆက်ပြီး ဘာလုပ်မလဲဆိုတာကိုပဲ သတ္တိရှိရှိ ဆုံးဖြတ်ရပါမယ်။ လက်လွှတ်မလား ၊ ဆက်သွားမလားဆိုတာတော့ ကွီးတို့ သဘောပါပဲ။

Source : YourTango

Featured Photo : YourTango