ကွီးတို့ရဲ့ ခန္ဓာကိုယ်မှာ အရေးကြီးဆုံး မွေးရာပါ ကိုယ်အင်္ဂါအစိတ်အပိုင်း တစ်ခုဖြစ်တဲ့ ဖွားဖက်တော် လေးရဲ့ ကျန်းမာရေး ကတော့ အမြဲတစေ့ ဂရုတစိုက် စောင့်ကြည့်ရမယ့် အထဲမှာ ပါပါတယ်။ ဖွားဖက်တော်မှာ ပုံမှန်မဟုတ်တဲ့ ပြောင်းလဲမှုတွေရှိနေလား ၊ ထူးခြားတဲ့ လက္ခဏာတွေပြနေလားဆိုတာကို အမြဲလေ့လာဆန်းစစ်နေရမှာ ဖြစ်ပြီး မိမိရဲ့ လိင်တံကျန်းမာမှု ရှိမရှိကို စစ်ဆေးနေရမှာပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ဖွားဖက်တော် ကျန်းမာရေးနဲ့ ပတ်သတ်ပြီး သိထားရမယ့် လက္ခဏာလေးတွေကို မျှဝေပေးချင်ပါတယ်။

(၁) လိင်တံ ထောင်မတ်နေချိန်မှာ အနည်းငယ် ကွေးညွှတ်မှု ရှိခြင်း

Pain in penis
Photo : Welzo

လိင်တံ ထောင်မတ်နေချိန်မှာ အနည်းငယ် မဆိုသလောက်လေး ကွေးညွှတ်မှုရှိတာဟာ ကျန်းမာတဲ့ ဖွားဖက်တော် ဖြစ်တယ်ဆိုတာကို ပြသနေတဲ့ လက္ခဏာတစ်ခုပါ။ ဒါနဲ့ပတ်သတ်ပြီး ကွီးတို့ စိတ်ပူစရာတော့ မလိုပါဘူး။ အကယ်၍ ရုတ်တရက် လိင်တံဟာ ပုံမှန်ထက်ပိုပြီး သိသိသာသာ ကွေးကောက်လာတယ် ဆိုရင်တော့ လိင်တံ အမာရွတ်တွေ ပျက်စီးမှုကြောင့် ဖြစ်တက်တဲ့ Peyronie’s ရောဂါရဲ့ လက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။

(၂) လိင်တံအရေပြားအပေါ်မှာ အဖုအထစ်တွေ အနည်းငယ် ရှိတက်ခြင်း

Pain in penis
Photo : ISSM

ဖွားဖက်တော် အရေပြားပေါ်မှာ ပုံမှန်အားဖြင့် အဆီဖု ၊ ဝက်ခြံဖုနဲ့ ကင်ဆာမဟုတ်တဲ့ အဖုအပိန့်တွေလို အဖုအထစ်လေးတွေ အချို့ရှိနေတက်ပြီး အခြေခံအားဖြင့်တော့ စိတ်ပူစရာ မရှိပါဘူး။ ဒါပေမယ့် အချို့သော အဖုအထစ်တွေကတော့ လိင်အင်္ဂါကြွက်နို့လို ကျန်းမာရေးအခြေအနေတွေနဲ့ ဆက်နွယ်နေတက်ပြီး လိင်မှတစ်ဆင့် ကူးစက်တက်တဲ့ ကူးစက်ရောဂါ (STIs) ကြောင့် ဖြစ်ပွားရတဲ့ အဖုအကျိတ်တွေလည်း ရှိတက်သလို လိင်အင်္ဂါကြွက်နို့ကြောင့် ဖြစ်တဲ့ အဖုအထစ်တွေကတော့ ပန်းဂေါ်ဖီရဲ့ထိပ်ဖျားပိုင်းနဲ့တူတဲ့ ပုံသဏ္ဍာန်ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီလို အဖုအထစ်တွေ ကွီးတို့ရဲ့ လိင်တံအရေပြားပေါ်မှာ တွေ့ရရင်တော့ ဆရာဝန်နဲ့သာ သွားရောက်ပြသပြီး စစ်ဆေးကုသမှု ခံယူလိုက်ပါ။

(၃) ဝှေးစေ့နာကျင်မှု ခံစားရခြင်း

Pain in penis
Photo : Vale Health Clinic

ဝှေးစေ့မှာ နာကျင်တာ ၊ အောင့်တာ စတဲ့အခြေအနေတွေဟာ ပြင်းထန်တဲ့ လှုပ်ရှားမှုတွေကြောင့် ဖြစ်တက်သလို မတော်တဆ ထိခိုက်ဒဏ်ရာ ရခြင်းကြောင့်လည်း ဖြစ်ပွားတက်ပါတယ်။ နောက်တစ်ချက်ကတော့ ဝှေးစေ့မှာ ရောဂါပိုးဝင်ခြင်း သို့မဟုတ် ဝှေးစေ့လိမ်ခြင်းရဲ့ လက္ခဏာတစ်ခုလည်း ဖြစ်နိုင်ခြေ ရှိတာကြောင့် ပေါ့ပေါ့ဆဆတော့ မနေသင့်ပါဘူး။ Testicular Torsion လို့ခေါ်တဲ့ ဝှေးစေ့လိမ်ခြင်း ဖြစ်ပွားတဲ့အခါ အဖျားတက်တာ ၊ ဝမ်းဗိုက်အောင့်တာ ၊ ကပ်ပယ်အိတ်မှာ အဖုအလုံး စမ်းမိတာ ၊ ပျို့အန်တာ စတဲ့ လက္ခဏာတွေကိုပါ ပြသတက်ပြီး ဒါဟာ အမျိုးသားတွေအတွက် ဖွားဖက်တော် ရဲ့ အရေးပေါ် ကျန်းမာရေး အခြေအနေတစ်ခု ဖြစ်တာကြောင့် သတိကြီးကြီး ထားသင့်ပါတယ်။

(၄) ဆီးသွားတဲ့အခါ ပုံမှန်မဟုတ်ခြင်း

man Peeing
Photo : NY Post

ဖွားဖက်တော် နဲ့ ဆက်စပ်နေတဲ့ ဆီးသွားမှုဆိုင်ရာ ကျန်းမာရေး အခြေအနေကိုလည်း သတိပြုဖို့ လိုပါတယ်။ တစ်ခါတစ်ရံမှာ ဆီးသွားရင် ဆီးကျန်နေတာ ၊ ဆီးသွားရခက်ခဲနေတဲ့ လက္ခဏာတွေဟာ ဆီးကျိတ်ကြီးခြင်းရဲ့ လက္ခဏာတစ်ရပ် ဖြစ်နိုင်ခြေ ရှိပါတယ်။ ဆီးကျိတ်မှာ ပြဿနာတစ်စုံတစ်ရာ ရှိနေတယ်ဆိုရင် အခုလို ပုံမှန်မဟုတ်တဲ့ ဆီးသွားမှုဆိုင်ရာ ပြဿနာတွေကို ခံစားရတက်သလို ဆီးထဲမှာ သွေးပါတာ ၊ ဆီးအိမ်ပိုးဝင်တာ ၊ ကျောက်ကပ်ကျောက်တည်တာ စတဲ့ ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတွေလည်း ဖြစ်ပေါ်ကြုံတွေ့ရနိုင်ပါတယ်။

Source : Health

Featured Photo : Medium