သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်များ၊ အစေ့အဆံများကို နေ့တိုင်း စားသုံးပေးပါက ကွီးတို့ရဲ့ ဖွားဖက်တော် ကျန်းမာရေးအတွက် များစွာ အထောက်အကူဖြစ်စေပါတယ်။ ကိုယ့်ရဲ့ ဖွားဖက်တော် က ညှိုးနွမ်း မသွားရလေအောင် ကျန်းကျန်းမာမာနဲ့ အရည်အသွေးပြည့်မှီတဲ့ သုတ်ပိုးများကို ထုတ်လွှတ်ဖို့ရန်အတွက်ဆိုရင် အခုဖော်ပြပေးမယ့် အစားအစာများကို များများ စား သုံးသင့်ပါတယ်။

(၁) ဟင်းနုနွယ်

ဟင်းနုနွယ်

ဟင်းနုနွယ်သည် ဖောလိတ်ဓာတ်များ ကြွယ်ဝစွာ ပါဝင်ပြီး သွေးလှည့်ပတ်စီးဆင်းမှုကိုလည်း မြန်ဆန်ကောင်းမွန်စေပါတယ်။ အမျိုးသားထုကြီးရဲ့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် မြင့်မားဖို့ရန်အတွက် ဖောလစ်အက်ဆစ်ဓာတ်သည် အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ ဖောလစ်အက်ဆစ် ပမာဏ နည်းပါးခြင်းသည် ကွီးတို့ရဲ့ ရွှေပန်းလေး ညှိုးနွမ်းသွားစေတဲ့ အကြောင်းအရင်းများထဲမှ တစ်ခုပဲဖြစ်ပါတယ်။​ဒါ့ကြောင့်မို့လို့ ဟင်းနုနွယ်ကို များများ စားသုံးပေးဖို့ လိုအပ်ပါတယ်။

(၂) ကာဖိန်း

ကာဖိန်း

ကွီးတို့က မနက်ခင်းကို ကာဖိန်းဓာတ်နဲ့ နိုးကြားတက်ကြွ လန်းဆန်းအောင် ပြုလုပ်လေ့ရှိတယ်ဆိုရင်တော့ ဒါလေးက သတင်းကောင်းတစ်ခုပါပဲ။

လူပေါင်း ၃၀၀၀ ကျော်ကို လေ့လာထားတဲ့ စမ်းသပ်မှုတစ်ခုအရ တစ်နေ့လျှင် ကာဖိန်းဓာတ် ၈၅ မီလီဂရမ်မှ ၃၀၀ မီလီဂရမ် (ကော်ဖီ ၁ ခွက်မှ ၃ ခွက်ခန့်)အထိ သောက်သုံးသူများသည် ကာဖိန်းဓာတ် နည်းနည်းပဲ ရရှိသူများထက် ရွှေပန်းညှိုးသွားနိုင်ခြေ ပိုနည်းတယ်ဆိုတာကို လေ့လာတွေ့ရှိရပါတယ်။ ဒါဆိုရင်တော့ ကာဖိန်းဓာတ်ကို ဘယ်လောက်ပမာဏအထိ မှီဝဲသင့်သလဲဆိုတာ သိသွားလောက်ပြီလို့ ထင်ပါတယ်။

(၃) ပန်းသီး

ဖွားဖက်တော် စား

ပန်းသီးကတော့ ကွီးတို့ကို ဆီးကျိတ်ကင်ဆာ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ ပန်းသီး စားမယ်ဆိုရင်တော့ အခွံ ခွာစားတာထက် ပန်းသီးကို ရေ သေချာ စင်ကြယ်အောင် ဆေးပြီး ပန်းသီးအခွံပါ စားသုံးသင့်ပါတယ်။ ဒါမှသာလျှင် အာဟာရဓာတ် အပြည့်အဝ ရရှိမှာဖြစ်ပြီး ဆီးကျိတ် ကင်ဆာဖြစ်ပွားခြင်းမှလည်း ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။

(၄) ထောပတ်သီး

ဖွားဖက်တော် စား

ထောပတ်သီးများထဲတွင် ဗီတာမင် အီးနှင့် ဇင့်ဓာတ်များ ပါဝင်ပြီး ကွီးတို့ရဲ့ သုတ်ပိုး ကွာလတီကို မြင့်တင်ပေးပါတယ်။ ဒါ့ကြောင့်မို့လို့ ကလေးယူဖို့ စိုင်းပြင်းနေတဲ့ စုံတွဲများအနေနဲ့ ထောပတ်သီးကို တစ်နေ့ တစ်လုံးလောက် မှန်မှန် စားသုံးပေးဖို့ လိုအပ်ပါတယ်။

(၅) မုန်လာဥနီ

ဖွားဖက်တော် စား

ထောပတ်သီး မကြိုက်ဘူး၊ ဒါပေမဲ့ သုတ်ပိုးများကို ကွာလတီမြင့်ချင်ပြီး သုတ်ပိုး အကောင် အရေအတွက်များများ ထုတ်လွှတ်ချင်ပါသလား။ ဒါဆိုရင်တော့ ထောပတ်သီးအစား မုန်လာဥနီကို စားသုံးနိုင်ပါတယ်။ ဒါ့အပြင် သုတ်ပိုးများ အချိန်ကြာကြာ ကူးခပ်နိုင်အောင် ကူညီပေးတဲ့နေရာမှာ မုန်လာဥနီက ဆရာတစ်ဆူပါပဲ။

ကွီးတို့ရော ကိုယ့်ရဲ့ ဖွားဖက်တော် က စွမ်းဆောင်ရည်တွေ မြင့်မားဖို့အတွက် ဘယ်လိုအစားအစာမျိုးကို ဦးစားပေးကာ စား သုံးလေ့ရှိပါသလဲ။

Source: Healthline

Featured Image: Freepik