စာရေးသူတို့ ယောကျာ်းလေးတွေရဲ့ ဖွားဖက်တော် ဟာ ထိရှလွယ်တဲ့ မျိုးပွားအင်္ဂါတစ်ခု ဖြစ်ပါတယ်။ ဖွားဖက်တော်ကို ယောင်လို့တောင် ပေါက်ကရ လုပ်ရပ်တွေ လုံးဝ(လုံးဝ) သွားမလုပ်သင့်ပါဘူး။ လက်တည့်စမ်းပြီး လျှောက်လုပ်မိရင် ကွီးတို့ ဘဝတစ်လျှောက်လုံးအတွက် အိပ်မက်ဆိုး ဖြစ်သွားနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ယောကျာ်းလေးတွေရဲ့ လိင်အင်္ဂါနဲ့ ပတ်သတ်ပြီး မလုပ်သင့်တဲ့ အချက်တွေကို ပြောပြပေးပါမယ်။

(၁) ဆွဲဆန့်တာ

Banana
Photo : The Perito Clinic

ဖွားဖက်တော် ပိုရှည်လာစေဖို့ ဆွဲဆန့်တာမျိုး လုပ်နေမိရင် ချက်ချင်းရပ်တန့် လိုက်ပါ။ ဒီနည်းက လိင်တံကို ရှည်လာစေတယ်ဆိုတဲ့ သိပ္ပံနည်းကျ သက်သေပြချက်တွေ ရှိမနေပါဘူး။ လိင်တံကို အားသုံးပြီး ပြင်းပြင်းထန်ထန် ဆွဲဆန့်ရင် ကြွက်သားနဲ့ တစ်ရှူးတွေ ပျက်စီးစေနိုင်ပါတယ်။

(၂) အပေါက်ဖောက်တာ

Banana
Photo : Behance

နား ၊ နှာခေါင်း ၊ လျှာ ၊ ချက် စတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို အပေါက်ဖောက် Piercing လုပ်ကြပေမယ့် ဖွားဖက်တော် ကိုတော့ ဒါမျိုး လုံးဝသွား မလုပ်သင့်ပါဘူး။ အလားတူပါပဲ လိင်တံပေါ်မှာ တက်တူးထိုးတာ ၊ ပစ္စည်းတန်ဆာပလာတွေ တပ်ဆင်တာဟာ ရောဂါပိုး ကူးစက်ခံရနိုင်ခြေများသလို မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုး များစွာကို ဖြစ်စေနိုင်ပါတယ်။

(၃) ပစ္စည်းတွေထဲ ထိုးသွင်းတာ

Banana
Photo : Superdrug Online Doctor

လိင်စိတ် အာသာဖြေဖို့အတွက် ကွီးတို့ ဖွားဖက်တော် ကို ပုံမှန်မဟုတ်တဲ့ ပစ္စည်းတွေ ဥပမာ ရေသန့်ဗူးအဝ သို့မဟုတ် ကော်ကွင်း / သံကွင်းလို အပေါက်တွေထဲကို ထိုးသွင်းတာမျိုး လုံးဝ မလုပ်ပါနဲ့။ ဒါဟာ လိင်တံကို ပြင်းပြင်းထန်ထန် ဒဏ်ရာအနာတရ ဖြစ်စေနိုင်ပြီး ပွန်းပဲ့ဒဏ်ရာနဲ့ ရောင်ရမ်းနာကျင်မှုတွေ ကြုံတွေ့ ခံစားရနိုင်ပါတယ်။

(၄) အလွန်အကျွံ ဆေးကြောတာ


Photo : Diagnostar

ဖွားဖက်တော်ကို ပုံမှန် သန့်ရှင်းရေး လုပ်ပေးဖို့က သေချာပေါက် လိုအပ်ပါတယ်။ ဒါပေမယ့် အလွန်အကျွံ ဆေးကြော သန့်စင်တာ ၊ ပြင်းပြင်းထန်ထန် ပွတ်တိုက် ဆေးကြောတာ ၊ အမွှေးရနံ့ပါတဲ့ ဆပ်ပြာတွေ အသုံးပြုပြီး သန့်ရှင်းရေး လုပ်မယ်ဆိုရင်တော့ လိင်တံအရေပြားမှာ ဓာတ်မတည့်ခြင်း ၊ ပွန်းပဲ့ဒဏ်ရာနဲ့ ယားယံခြင်းတွေကို ကြုံတွေ့ခံစား ရစေနိုင်ပါတယ်။

Source : TheHealthSite

Featured Photo : Men’s Health