လူပျိုဖော် ဝင်လာတာနဲ့ ခန္ဓာကိုယ်မှာ သဘာဝအလျောက် ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာပါတယ်။ ကြွက်သားတွေ ဖွံ့ဖြိုးလာတာ ၊ အမွှေးအမျှင်တွေ ထွက်လာတာ ၊ အသံပြောင်းလာတာ အပါအဝင် လိင်အင်္ဂါ ပြောင်းလဲမှုဟာလည်း အဆိုပါ အရွယ်ကနေ စတင်လာတာ ဖြစ်ပါတယ်။ ဒီထဲမှာ ယောကျာ်းလေးတိုင်း စိတ်ဝင်စားတာတော့ လိင်အင်္ဂါ အရွယ်အစား ပြောင်းလဲကြီးထွားလာတဲ့ အပိုင်းပါ။ တော်တော်များများက ဖွားဖက်တော် လိင်တံအရွယ်အစားနဲ့ ပတ်သတ်ပြီး ဒင်ပြည့်ကျပ်ပြည့် ၊ အကိတ်ကြီး ဖြစ်ချင်ကြပါတယ်။ ဆိုဒ်သေးတဲ့ ဖွားဖက်တော်ကို ဘယ်သူမှ မလိုချင်ကြပါဘူး။ ဒါကြောင့်လည်း အသက်ကြီးတဲ့အချိန်မှာ ကြားဖူးနားဝရှိသမျှ လိင်တံကြီးထွားနည်းတွေကို လက်တည့်စမ်းကြတာ ဖြစ်ပါတယ်။ ဒီတစ်ခေါက်တော့ ယောကျာ်းလေး တစ်ယောက်ရဲ့ ဖွားဖက်တော်ဆိုဒ် အရွယ်အစား ၊ ဖွံ့ဖြိုးကြီးထွားလာပုံအဆင့်ဆင့်ကို နားလည်သဘောက်ပေါက်အောင် အရိုးရှင်းဆုံး ပြောပြပေးပါမယ်။

အရင်ဆုံး ဖွားဖက်တော် ဖွံ့ဖြိုးကြီးထွားလာပုံ အဆင့်ဆင့်ကို လေ့လာကြည့်ရအောင်……….

When Does Your Penis Stop Growing?

Photo : Fatherly

ယောကျာ်းလေးတွေမှာ လူပျိုဖော် စဝင်ချိန် အသက် ၉ နှစ်ကနေ ၁၄ နှစ် ဝန်းကျင်ကြားမှာ လိင်တံအရွယ်အစားနဲ့ အမွှေးအမျှင်တွေ စတင်ထွက်ရှိ ပြောင်းလဲလာပါတယ်။ လိင်တံ ကြီးထွားဖွံ့ဖြိုးမှုနှုန်းက နောက်ထပ် ၃ – ၄ နှစ်အထိ ဆက်လက် ဖွံ့ဖြိုးမှု ရှိနိုင်ပါတယ်။ အဆိုပါ အချိန်ကာလ အပိုင်းအခြားအတွင်း လိင်တံရဲ့ လုံးပတ်ရော အရှည်ဟာ ပိုကြီးထွား ပိုရှည်လျား လာပါတယ်။ သိသာထင်ရှားတဲ့ ပြောင်းလဲမှုတွေကတော့

  • ဝှေးစေ့အရွယ်အစား ကြီးထွားလာမယ်
  • လိင်တံထိပ်ဖျားနဲ့ ကယ်ပယ်အိတ်အရောင် ပြောင်းလဲလာမယ်
  • လိင်တံတစ်ဝိုက်မှာ အမွှေးအမျှင်တွေ ထွက်လာမယ် / ထူထည်လာမယ်
  • ညအိပ်ချိန်မှာ “wet dreams” လို့ခေါ်တဲ့ အလိုအလျောက် သုတ်လွှတ်မှု ဖြစ်စဉ် ကြုံတွေ့ရမယ်
  • မကြာခဏဆိုသလို လိင်တံ ထောင်မတ်ခြင်း / သုတ်လွှတ်ခြင်း အခြေအနေတွေ ကြုံတွေ့ရမယ်

ယောကျာ်းလေး တစ်ယောက်ရဲ့ ပျှမ်းမျှ လိင်တံ အရွယ်အစား

When Does Your Penis Stop Growing?
Photo : Moorgate Andrology

Research Trusted Source ကနေ ကမ္ဘာတစ်ဝှမ်းက ယောကျာ်းလေး အယောက် ၁သောင်းခွဲခန့်ကို လေ့လာမှုစစ်တမ်းကောက်ယူရာမှာ ပျမ်းမျှ လိင်တံအရှည်မှာ ၃.၆၁ လက်မ (သို့မဟုတ်) ၉.၁၆ စင်တီမီတာရှိပြီး ထောင်မတ်ချိန်မှာတော့ ၅.၁၆ လက်မ (၁၃.၁၃ စင်တီမီတာ) ရှိတယ်လို့ ဆိုပါတယ်။ လုံးပတ်အရွယ်အစားအနေနဲ့ကတော့ ထောင်မတ်မှုမရှိတဲ့ အခြေအနေမှာ ၃.၆၇ လက်မ (၉.၃၁ စင်တီမီတာ) နဲ့ ထောင်မတ်နေချိန်မှာ ပျှမ်းမျှ ၄.၅၉ လက်မ (၁၁.၆၆ စင်တီမီတာ) ရှိပါတယ်။ ဒီအတိုင်းအတာတွေဟာ မျိုးရိုးဗီဇ ၊ လူမျိုး ၊ နိုင်ငံ စတဲ့ အချက်တွေအပေါ်မူတည်ပြီး အပြောင်းအလဲရှိနိုင်သလို အာရှဘက်မှာတော့ ပျမ်းမျှလိင်တံအရှည်ဟာ ထောင်မတ်နေချိန်မှာ ၄.၅ လက်မကနေ ၅.၆ လက်မကြား ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဖွားဖက်တော် လိင်တံအရွယ်အစား ဖွံ့ဖြိုးကြီးထွားလာမှုနှုန်းဟာလည်း မျိုးရိုးဗီဇ ၊ လူမျိုး အပေါ်မူတည်ပြီး ကွဲလွဲမှုရှိနိုင်သလို ခန္ဓာကိုယ်မှာရှိတဲ့ ကျားဟော်မုန်း တက်စတိုစတီရုန်း (Testosterone) ပမဏပေါ်မူတည်ပြီးလည်း ပြောင်းလဲနိုင်ပါတယ်။ အလားတူ ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်အနေနဲ့ ပြည့်စုံလုံလောက်တဲ့ အာဟာရဓာတ် မရရှိပါကလည်း သန္ဓေသားရဲ့ ခန္ဓာကိုယ်ဖွံဖြိုးမှုအပါအဝင် လိင်အင်္ဂါကြီးထွားမှုအပေါ်ကိုလည်း ဆိုးကျိုးသက်ရောက်မှု ရှိနိုင်ပါတယ်။

အဓိက မေးခွန်းဖြစ်တဲ့ ဘယ်အချိန်မှာစပြီး ဖွားဖက်တော် ဖွံ့ဖြိုးမှု ရပ်သွားလဲ ? ဆိုတာနဲ့ ပတ်သတ်ပြီး ဖြေရရင်တော့ အပေါ်မှာပြောခဲ့သလိုပဲ ယောကျာ်းလေးတစ်ယောက်ဟာ အသက် ၉ နှစ်ကနေ ၁၄ နှစ်ကြား လိင်တံ ကြီးထွားမှုဟာ စတင်ပြီး နောက်ထပ် ၃ – ၄ နှစ်အထိ ဆက်လက်ကြီးထွားနိုင်ပါတယ်။ ပျမ်းမျှအားဖြင့် လိင်တံကြီးထွားဖွံ့ဖြိုးမှုဟာ အသက် ၂၀ နှစ်ဝန်းကျင်အထိသာ ဖြစ်ပြီး ၂၀ နောက်ပိုင်းမှာတော့ ဆက်လက်ကြီးထွားနိုင်ခြင်း မရှိတော့ပါဘူး။ ဒါကြောင့် ကွီးတို့ အသက် ၂၀ နောက်ပိုင်းမှာ ကြီးနည်းပေါင်း သောင်းခြောက်ထောင်ကို လက်တည့်စမ်းဟာ သိသာထင်ရှားတဲ့ အကျိုးရလဒ်ကိုတွေ့မြင်ရမှာ မဟုတ်ပဲ ကောင်းကျိုးထက် ဘေးထွက်ဆိုးကျိုးတွေကိုသာ ပိုမိုခံစားရနိုင်ခြေ များပါတယ်။

အကယ်၍ Micropenis လို့ခေါ်တဲ့ သေးငယ်လွန်တဲ့ လိင်တံပြဿနာ ရှိနေပါက နားလည်တက်ကျွမ်းတဲ့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး ကုသမှု ခံယူတာ ၊ ခွဲစိတ်ကုသတာတွေတော့ လုပ်ဆောင်နိုင်ပါတယ်။

Source : Medical News Today

Featured Photo : Medium