အရေးအကြောင်းဆို ညီလေး မလန်းတာ ၊ ဖွားဖက်တော်ကောင်းမွန်စွာ မထောင်မတ်နိုင်တဲ့ ပြဿနာဟာ လိင်မှုရေးရာနဲ့ ပတ်သတ်ပြီး ကျွန်တော်တို့ အမျိုးသားတွေအတွက်တော့ စိတ်အပူရဆုံး အခြေအနေ တစ်ခုပါပဲ။ ဖွားဖက်တော်ဟာ လုံလောက်စွာ ထောင်မတ်နိုင်စွမ်းရှိမှသာ ချစ်တင်းနှောဖို့အတွက် အဆင်ပြေမှာ ဖြစ်ပါတယ်။ ဒီတစ်ခေါက်တော့ ကွီးတို့ရဲ့ ဖွားဖက်တော် ညီလေး အမြဲတမ်း မာမာချာချာ ရှိစေဖို့ သိထားရမယ့် အချက်လေးတွေကို မျှဝေပေးချင်ပါတယ်။

(၁) စိတ်ဖိစီးမှုတွေကို ထိန်းချုပ်ကိုင်တွယ်ပါ

meditation

Photo : CareCredit

စိတ်ဖိစီးမှုဟာ ဖွားဖက်တော် ကျန်းမာရေးနဲ့ ထောင်မတ်နိုင်စွမ်းအပေါ် အများကြီး သက်ရောက်မှု ရှိပါတယ်။ နေ့စဉ်ဘဝထဲက စိတ်ဖိစီးမှုတွေကို ကောင်းစွာဖြေရှင်းကိုင်တွယ် လျော့ချတာဟာ သဘာဝအတိုင်း ဖွားဖက်တော်ကို အသန်မာဆုံး ဖြစ်စေမယ့် နည်းလမ်းတစ်ခုပါပဲ။ ဒါကြောင့် တစ်ရက်တာမှာ နာရီဝက် / ၄၅ မိနစ်လောက် အချိန်ပေးပြီး တရားထိုင်ခြင်း ၊ ယောဂကျင့်ခြင်း ၊ အသက်ပြင်းပြင်းရှူခြင်း ကဲ့သို့ စိတ်ဖိစီးမှု လျော့ကျစေမယ့် နည်းစနစ်တွေကို ကျင့်သုံးဖို့ လိုအပ်ပါတယ်။

(၂) ဆေးလိပ်နဲ့ နီကိုတင်း ဖြတ်ပါ

Quit Smoking

Photo : SciTechDaily

ဆေးလိပ် ၊ ဆေးရွက်ကြီးနဲ့ နီကိုတင်းဓာတ်ဟာ ခန္ဓာကိုယ်တွင်းက သွေးကြောတွေကို ကျဉ်းစေပြီး သွေးစီးဆင်းမှုကို အနှောက်အယှက် ကြီးကြီးမားမား ဖြစ်စေနိုင်ပါတယ်။ သွေးကြောတွေဆီသို့ သွေးကောင်းကောင်း မစီးနိုင်ရင် လိင်တံထောင်မတ် နိုင်စွမ်းဟာလည်း လျော့ကျသွားမှာ ဖြစ်ပါတယ်။ နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးနဲ့ သွေးစီးဆင်းမှု ကောင်းကောင်းရှိခြင်းက ဖွားဖက်တော် ကို ကျန်းမာသန်စွမ်းစေပြီး အရေးကြုံတိုင်းမှာ ကွီးတို့ရဲ့ ညီလေးကို မာမာချာချာနဲ့ ကောင်းစွာထောင်မတ်နိုင်ဖို့အတွက် ရယ်ဒီဖြစ်နေစေမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် တက်နိုင်မယ်ဆိုရင် ဆေးလိပ်နဲ့ နီကိုတင်းကို အပြီးတိုင် ဖြတ်လိုက်ဖို့ အကြံပြုချင်ပါတယ်။

(၃) ၇ – ၈ နာရီ လုံလုံလောက်လောက် အိပ်ပါ

Man Sleeping On Bed

Photo : Testosterone Centers of Texas

လုံလောက်စွာ အိပ်စက်ခြင်းဟာ ခန္ဓာကိုယ်ရဲ့ အလုံးစုံ ကျန်းမာရေးအပေါ် သက်ရောက်မှု ရှိရုံသာမကပဲ ဟော်မုန်းထိန်းညှိမှုနဲ့ ဖွားဖက်တော် သန်စွမ်းကျန်းမာမှုအတွက် အလွန်အရေးကြီးပါတယ်။ လိင်မှုဆိုင်ရာ စွမ်းဆောင်ရည်ကို အကောင်းဆုံး ပြသနိုင်ဖို့နဲ့ ကွီးတို့ရဲ့ ဖွားဖက်တော် အမြဲတမ်း လန်းလန်းဆန်းဆန်းနဲ့ မာမာချာချာ ရှိနေစေဖို့ဆိုရင် တစ်ရက်ကို ၇ – ၈ နာရီကြား လုံလောက်စွာ အိပ်စက် အနားယူဖို့ သေချာပေါက် လိုအပ်ပါတယ်။

(၄) အာဟာရ ပြည့်စုံမျှတအောင် စားပေးပါ

Healthy Eating Habits

Photo : Eat This Not That

ဗီတာမင် ၊ သတ္တုဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝတဲ့ အစားအစာတွေကို ပြည့်စုံမျှတအောင် စားသုံးပေးတာဟာ လိင်မှုဆိုင်ရာ စွမ်းဆောင်ရည်ကို သိသိသာသာ တိုးတက်စေရုံမကပဲ ဖွားဖက်တော် ညီလေးရဲ့ သန်စွမ်းကျန်းမာမှုကိုပါ ရေရှည်ထိန်းထားနိုင်မှာ ဖြစ်ပါတယ်။ သကြားနဲ့ ဆားဓာတ်တို့ လွန်ကဲတဲ့ ပြုပြင်ထားတဲ့ အစားအစာတွေ ၊ အမြန်စား/အသင့်စား အစားအစာတွေကိုတော့ ရှောင်ပါ။ ဒါတွေက ကွီးတို့ကို ဝိတ်တက်လာစေရုံမကပဲ ခန္ဓာကိုယ် ကျန်းမာရေးအပေါ် အပျက်သဘောဆောင်တဲ့ သက်ရောက်မှုတွေ ရှိစေပြီး လိင်မှုစွမ်းဆောင်ရည်နဲ့ လိင်တံကျန်းမာ သန်စွမ်းမှုကိုပါ လျော့ကျစေနိုင်ပါတယ်။ ဒီအစားအစာတွေအစား လတ်ဆတ်ပြီး ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်နဲ့ အသားတွေကို ပိုစားသုံးသင့်ပြီး ခန္ဓာကိုယ် ရေဓာတ်ပြည့်ဝနေအောင်လည်း ရေများများ သောက်သုံးပေးဖို့ လိုအပ်ပါတယ်။

(၅) ပါတနာနဲ့ စိတ်ကြွစေမယ့် စကားလေးတွေ ပြောပေးပါ

Cheerful couple hugging on bed

Photo : Bible Gems

စုံတွဲတွေကြားမှာ Verbal Communication ဟာ အတိုင်းအတာ တစ်ခုအထိ အရေးပါမှု ရှိပါတယ်။ အဓိကအားဖြင့်တော့ တစ်ယောက်ကိုတစ်ယောက် စိတ်ဆန္ဒတွေ နိုးကြားလှုံ့ဆော်ပေးမယ့် အချစ်စကားလေးတွေ တနည်းအားဖြင့် ညစ်ညမ်းစကားလေးတွေကို ပြောပေးဖို့ လိုအပ်တာပါ။ ဒီလို ပါတနာနဲ့ စိတ်ဆန္ဒတွေကို တက်ကြွနိုးကြားလာစေမယ့် အချစ်စကားလေးတွေ တီးတိုးပြောဆိုပေးတာဟာ နှစ်ဦးကြားက ပွင့်လင်းရင်းနှီးစွာမှု တိုးစေပြီး တစ်ယောက်ကို တစ်ယောက် ပိုမိုစိတ်ပါလာစေမှာ ဖြစ်ပါတယ်။ ဒါက ချစ်တင်းနှောချိန်မှာ ခံစားမှုအာရုံကို ပိုကောင်းစေပြီး အထွတ်အထိပ် ကောင်းကောင်း ရောက်နိုင်သလို ဖွားဖက်တော် သန်မာမှုအပြည့်နဲ့ လိင်မှုစွမ်းဆောင်ရည် ပြည့်ပြည့်ဝဝ ပြသနိုင်စေမှာပဲ ဖြစ်ပါတယ်။

ထပ်ဆောင်းအနေနဲ့ အကြံပေးချင်တာကတော့ အရက်/ ဘီယာတို့လို အယ်လ်ကိုဟောတွေကို ချင့်ချိန်သောက်သုံးမယ် ၊ ကျန်းမာရေးနဲ့ အညီစားသောက်နေထိုင်မယ် ၊ ကောင်းမွန်ပြည့်ဝစွာ အိပ်စက်အနားယူမယ် ၊ ကျန်းမာအောင် စားမယ် ၊ တစ်ရက်ကို ၄၅ မိနစ်/ ၁ နာရီလောက် အချိန်ပေးပြီး ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းကို ပုံမှန်လုပ်ဆောင်မယ် စသည်ဖြင့် ကျန်းမာခြင်းတွေနဲ့ ပြည့်နှက်နေတဲ့ Lifestyle တစ်ခုကို ထိန်းသိမ်းထားမယ်ဆိုရင် ကွီးတို့ ညီလေးဟာ မာမာချာချာနဲ့ ခေါ်တိုင်းလာ ၊ နှိုးတိုင်း ရယ်ဒီ ဖြစ်နေမှာ အသေအချာပါပဲ။ ကွီးတို့ရော လက်ရှိမှာ ဖွားဖက်တော် မာမာချာချာနဲ့ သန်စွမ်းကျန်းမာဖို့ အခုပြောပြတဲ့ နေထိုင်မှု ပုံစံတွေကို လိုက်နာလုပ်ဆောင် ဖြစ်ပါရဲ့လား ???

Source : My Fit Brain 

Featured Photo : Healthline