Kegel Exercises ဆိုတာ Pelvic Floor Muscles လို့ခေါ်တဲ့ တင်ပါးဆုံတွင်း ကြွက်သားတွေကို ကျုံ့ချည် ဆန့်ချည် ညှစ်လိုက်ပြန်ဖြေလျော့လိုက် ကစားရတဲ့ လေ့ကျင့်ခန်းတွေကို ခေါ်ပါတယ်။ Kegel ကို အမျိုးသားတွေရော အမျိုးသမီးပါ ကစားလို့ ရပြီး အဓိကအားဖြင့် တင်ပါးဆုံတွင်း ကြွက်သားတွေကို လေ့ကျင့်ပေးတဲ့ Exercise ဖြစ်တာကြောင့် လိင်မှုဆိုင်ရာ ကျန်းမာရေးနဲ့ လိင်မှု စွမ်းဆောင်ရည်ပိုင်းအတွက် အကျိုးများစေတဲ့ လေ့ကျင့်ခန်းတစ်ခုပါပဲ။ အမျိုးသားတွေမှာဆိုရင် ဆီးကျိတ်(ဆီးအိမ်)နဲ့ သက်ဆိုင်တဲ့ ပြဿနာတွေကို ကူညီဖြေရှင်းပေးသလို ဖွားဖက်တော် ကမောက်ကမ ဖြစ်ခြင်း ၊ အချိန်မတိုင်မီ သုတ်လွှတ်စောခြင်း စတဲ့ အခြေအနေတွေကိုလည်း ကုသရာမှာ အသုံးပြုနိုင်ပါတယ်။

အမျိုးသားတွေအတွက် Kegel Exercises လုပ်ဆောင်ခြင်းရဲ့ အကျိုးကျေးဇူးများ

Kegel Exercises

Photo : New York Post

Pelvic Floor Muscles တွေကို လေ့ကျင့်ပေးတဲ့ Kegel Exercises တွေ လုပ်ဆောင်ပေးခြင်းဖြင့် ကွီးတို့ အောက်ပါ အကျိုးကျေးဇူးတွေကို ရရှိနိုင်ပါတယ်။

ဆီးအိမ် ကြွက်သားတွေနဲ့ ဆီးအိမ်ရဲ့ ထိန်းချုပ်နိုင်စွမ်း / လုပ်ဆောင်ချက်တွေကို ပိုမိုကောင်းမွန်စေပြီး ဆီးမထိန်းနိုင်တဲ့ ပြဿနာကို လျှော့ချပေးတယ်။

ပန်းသေပန်းညိုးနဲ့ ဖွားဖက်တော် ကမောက်ကမ ဖြစ်ခြင်းဆိုင်ရာ ပြဿနာတွေကို ကာကွယ်ကုသပေးနိုင်ပြီး လိင်မှုစွမ်းဆောင်ရည်ကို မြှင့်တင်ပေးတယ်။

ဆီးကျိတ်ကင်ဆာ ကုသမှုနေစဉ်အတွင်းမှာ ဖြစ်ပေါ်လာနိုင်တဲ့ ဆီးအိမ်တဝိုက်က ကြွက်သားတွေ အားနည်းခြင်း ဒါမှမဟုတ် ဆီးယိုစိမ့်ခြင်း (ဆီးမထိန်းနိုင်ခြင်း) စတဲ့ ပြဿနာတွေကို ကာကွယ်ပေးတယ်။

Kegel လေ့ကျင့်ခန်းတွေက လိင်မှုဘဝကို မြှင့်တင်ပေးနိုင်ပါသလား ?

Kegel Exercises

Photo : MedicalNewsToday

Kegel လေ့ကျင့်ခန်းတွေဟာ အမျိုးသားတွေ ကြုံတွေ့ရလေ့ရှိတဲ့ ဖွားဖက်တော် လိင်အင်္ဂါချို့ယွင်းမှု ပြဿနာနဲ့ ချစ်တင်းနှော နေစဉ်အတွင်း စောစီးစွာ သုက်လွှတ်ခြင်း စတဲ့ အခြေအနေတွေကို ကာကွယ်ကုသပေးနိုင်သလို လိင်တံရဲ့ ထောင်မတ်နိုင်စွမ်း ၊ သန်မာမှုတွေကို တိုးစေတဲ့အတွက် လိင်မှုဆိုင်ရာ လှုပ်ရှားမှုတွေကို လုပ်ဆောင်ချိန်မှာ ပိုမိုကောင်းမွန်တဲ့ သာယာကျေနပ်ဖွယ် ခံစားချက်ကို ရရှိနိုင်ပါတယ်။ ဒီအချက်တွေဟာ လိင်မှုဘဝအတွက် အပြုသဘောဆောင်တဲ့ အကျိုးရလဒ်တွေပဲ ဖြစ်ပါတယ်။

Kegel လေ့ကျင့်ခန်းတွေကို ဘယ်လို လုပ်ဆောင်ရမလဲ ?

Kegel Exercises
Photo : Proactive Pelvic Health Centre

Kegel လေ့ကျင့်ခန်းကို စနစ်တကျ လုပ်ဆောင်ခြင်းဟာ တင်ပါးဆုံတွင်း ကြွက်သားတွေကို အကောင်းမွန်ဆုံး ထိရောက်မှု ရှိစေမှာ ဖြစ်ပါတယ်။ တင်ပါးဆုံတွင်း ကြွက်သားတွေက ဘယ်နေရာမှာ ရှိလဲ ၊ ဘယ်လို ရှာရမလဲ ဆိုတာ သိချင်ရင်တော့ ဆီးသွားတဲ့အခါ ဆီးကို ခဏလောက် ညှစ်ပြီး ရပ်တန့်လိုက်ချိန် တင်ပါးဆုံ အောက်ခြေနဲ့ ဆီးအိမ်ကြားမှာရှိတဲ့ တင်းကျပ်သွားတဲ့ ကြွက်သားဧရိယာကို တင်ပါးဆုံတွင်း ကြွက်သားတွေလို့ ခေါ်ပါတယ်။

တင်ပါးဆုံတွင်း ကြွက်သားတွေ (Pelvic Floor Muscles) တွေရဲ့ တည်နေရာကို သိပြီးဆိုရင် အလွယ်ဆုံး လေ့ကျင့်ကစားပေးလို့ ရတဲ့ လေ့ကျင့်ခန်းက ကြွက်သားတွေကို ညှစ်လိုက် ၊ ၅ စက္ကန့်လောက် ထိန်းထားပြီးနောက် ပြန်ဖြေလျော့လိုက် ပြုလုပ်တဲ့နည်းလမ်း ဖြစ်ပါတယ်။

ကြွက်သားတွေကို ပြန်ဖြေလျော့ပြီးချိန်မှာ စက္ကန့်အနည်းငယ်လောက် နားပေးပါ။

ဒီအတိုင်း အကြိမ် ၂၀ ကနေ အကြိမ် ၃၀ ခန့် ၊ တစ်ရက်ကို ၃ ကြိမ် သို့မဟုတ် ၄ ကြိမ် လေ့ကျင့်ကစားပေးရမှာ ဖြစ်ပါတယ်။

အခြားသော Kegel လေ့ကျင့်ခန်းတွေကိုလည်း အွန်လိုင်းကနေတဆင့် ရှာဖွေလို့ရသလို Kwee စာဖတ်ပရိသတ်တွေအတွက် အလျင်သင့်ရင် သင့်သလို မျှဝေပေးသွားပါမယ်။

ကွီးတို့ရော ဖွားဖက်တော် သန်စွမ်းဖို့နဲ့ လိင်မှုဆိုင်ရာ စွမ်းဆောင်ရည်ကို အကျိုးများစေတဲ့ Kegel လေ့ကျင့်ခန်းတွေ လုပ်ဖြစ်ပါရဲ့လား ?

Source : MedicalNewsToday

Featured Photo : Healthgrades