ဖွားဖက်တော် ကျန်းမာရေး လို့ ပြောလိုက်တာနဲ့ လူတော်တော်များများက လိင်မှတဆင့် ကူးစက်တတ်တဲ့ STIs နဲ့ ရွှေပန်းညှိုးသွားတဲ့ ဖြစ်စဥ်တို့ကိုသာ သိ ထားကြပါတယ်။ တကယ်တော့ ဖွားဖက်တော် ကျန်းမာရေးဆိုတာကတော့ ကွီးတို့ ထင်ထားတာထက်ကို ပိုပြီး နက်နဲပါတယ်။
ကွီးတို့ရဲ့ ဖွားဖက်တော် ကျန်းမာရေးကို အကျိုးသက်ရောက်မှုရှိတဲ့ အရာတွေကတော့ အများကြီးပါပဲ။ ကွီးတို့ရဲ့ နေထိုင်မှု ဘဝ၊ တစ်ကိုယ်ရည် သန့်ရှင်းမှုနှင့် ရှိရင်းစွဲ ရောဂါအခြေအနေတို့က ကွီးတို့ရဲ့ ဖွားဖက်တော် ကျန်းမာရေးအပေါ် အကျိုးသက်ရောက်မှုရှိပါတယ်။ဒါ့အပြင် ဟော်မုန်း အပြောင်းအလဲ၊ အသက်အရွယ် ရလာခြင်း၊ လိင်ဆက်ဆံမှု ပုံစံတို့သည်လည်း ကွီးတို့ရဲ့ ဖွားဖက်တော် ကျန်းမာရေးကို ပြောင်းလဲသွားစေနိုင်တယ်ဆိုတာကို သိထားသင့်ပါတယ်။
ကွီးတို့ရဲ့ ဖွားဖက်တော် ကျန်းမာရေးကို ဒီ့ထက်ပိုပြီး သိ ထားမှသာလျှင် စိတ်သွားတိုင်း ကွီးတို့ညီလေးကလည်း အလိုလို လှုပ်ရှားနိုင်မှာဖြစ်ပါတယ်။ ဖွားဖက်တော် ကျန်းမာရေးနဲ့ ပတ်သက်လို့ ကွီးတို့ မဖြစ်မနေ သိ ထားသင့်တဲ့ အချက်များကတော့ အခုဖော်ပြပေးမယ့် အချက်တွေပဲဖြစ်ပါတယ်။
(၁) ရေဓာတ် ပြည့်ဝစွာ နေထိုင်ပါ
Photo : Insider
ရေဓာတ် ပြည့်ဝစွာ နေထိုင်ခြင်းက ကွီးတို့ ခန္ဓာကိုယ် တစ်ခုလုံးရဲ့ ယေဘုယျ ကျန်းမာရေးအတွက်သာမက ကွီးတို့ ဖွားဖက်တော် ကျန်းမာရေးအတွက်လည်း များစွာ အထောက်အကူဖြစ်စေပါတယ်။ ကွီးတို့ ခန္ဓာကိုယ်အတွက် တစ်နေ့လျှင် ရေ ၂ လီတာခန့် သောက်သုံးပေးမယ်ဆိုရင် ရေဓာတ် ခမ်းခြောက်ခြင်းမှ ကာကွယ်ပေးနိုင်သလို ပန်းသေ ပန်းညှိုးခြင်းမှလည်း ကြိုတင် တားဆီးပေးနိုင်ပါတယ်။
(၂) အာဟာရဓာတ်များ ပြည့်ဝစုံလင်စွာ ရရှိအောင် စားသုံးပါ
Photo : Health Digest
ကျန်းမာရေးနဲ့ ညီညွှတ်စွာ စားသုံးခြင်းက ကွီးတို့ဆီမှာ ဆီးချိုရောဂါနှင့် နှလုံးရောဂါ ဖြစ်ပွားရခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ ကွီးတို့အနေနဲ့ ဆီးချိုရောဂါနဲ့ နှလုံးရောဂါတို့ မခံစားရအောင် ငယ်ရွယ်စဥ်ကတည်းက ကျန်းမာရေးနဲ့ ညီညွှတ်အောင် စားသုံးဖို့ လိုအပ်ပါတယ်။ ဘာ့ကြောင့် ဒီလိုပြောရသလဲဆိုရင် ဆီးချိုရောဂါနဲ့ နှလုံးရောဂါ ခံစားရပြီဆိုတာနဲ့ နောက်ဆက်တွဲ ရောဂါတစ်ခုဖြစ်တဲ့ ပန်းသေ ပန်းညှိုးခြင်းကို ခံစားရနိုင်လို့ပဲဖြစ်ပါတယ်။
အချို့သော အစားအစာများက ကွီးတို့ ညီလေးရဲ့ Testosterone Level မြင့်တက်လာဖို့နဲ့ မျိုးအောင်ဖို့အတွက် များစွာ အထောက်အကူဖြစ်စေပါတယ်။ ဘယ်လိုအစားအစာတွေလဲဆိုတော့…
- ဟင်းနုနွယ်ရွက်
- Capsaicin ဓာတ် ကြွယ်ဝစွာ ပါဝင်တဲ့ စပ်သော အစားအစာများ
- ထောပတ်သီး အစရှိသည်တို့ပဲဖြစ်ပါတယ်။
(၃) ဘေးကင်းကင်းနဲ့ ချစ်တင်းနှောပါ
Photo : Vafertility
တကယ်လို့ ကွီးတို့က ကွန်ဒုံး မသုံးဘဲနဲ့ ချစ်တင်းနှောချင်တယ်ဆိုရင်တော့ ကွီးတို့ရော ကွီးတို့ရဲ့ ရှော်တီလေးကပါ လိင်မှတဆင့် ကူးစက်တတ်တဲ့ STIs ရောဂါများ စစ်ဆေးမှုကို ပုံမှန် စစ်ဆေးမှု ခံယူရမှာဖြစ်ပါတယ်။ ဒါ့အပြင် ကွီးနဲ့ ကွီးတို့ ရှော်တီလေးက Monogamous Relationship လို့ ခေါ်တဲ့ တစ်ဦးတစ်ယောက်တည်းနဲ့သာ လက်တွဲပြီး တစ်ဦးတစ်ယောက်တည်းနဲ့သာ လိင်ဆက်ဆံရမှာပဲဖြစ်ပါတယ်။
ဒီလိုမှမဟုတ်ရင်တော့ လိင်ဆက်ဆံတိုင်းမှာ ကွန်ဒုံးကို မှန်မှန်ကန်ကန် အသုံးပြုဖို့ လိုအပ်ပါတယ်။ မှန်ကန်တဲ့ ကွန်ဒုံး အသုံးပြုနည်းကသာလျှင် ကွီးတို့ထံသို့ လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါများ ဝင်ရောက်မလာအောင် တားဆီးပေးမှာပဲဖြစ်ပါတယ်။
ဒါ့အပြင် ကြမ်းကြမ်းတမ်းတမ်း လိင်ဆက်ဆံခြင်းကလည်း ကွီးတို့ရဲ့ ညီလေးကို ထိခိုက်မှု ရှိစေတယ်ဆိုတာကို သိထားသင့်ပါတယ်။ ဥပမာ ကွီးတို့ ညီလေးရဲ့ အပေါ်ယံ အရေပြားကို အနောက်သို့ ဆွဲလှန်ခြင်းက အရေပြားကို ပဲသွားစေနိုင်သလို၊ ကွီးတို့ ညီလေး ထောင်မတ်နေချိန်မှာ သီးမွှေး ငှက်ပျောသီးကဲ့သို့ ကွေးညွှတ်လိုက်ခြင်းကလည်း ကွီးတို့ ညီလေးရဲ့ ပုံသဏ္ဍာန်ကို ပျက်ယွင်းသွားစေနိုင်ပါတယ်။
ဒီလောက်ဆိုရင်တော့ ကွီးတို့လည်း ဖွားဖက်တော် နဲ့ ပတ်သက်တဲ့ သိ သင့် သိထိုက်တဲ့အရာတွေကို သိသွားလောက်ပြီလို့ မျှော်လင့်မိပါတယ်။
ကွီးတို့ရော ကိုယ့်ရဲ့ ညီလေးကို ကျန်းမာနေအောင် ဘယ်လိုမျိုး ထိန်းသိမ်းစောင့်ရှောက်လေ့ရှိပါသလဲ။
Source : Healthline
Featured Photo : Sexwithelaine