ကွီးတို့ရဲ့ မွေးရာပါ ဖွားဖက်တော် နဲ့ ပတ်သတ်ပြီး စိတ်ဝင်စားစရာ အချက်တွေ အများကြီး ရှိတယ်ဆိုတာ သိပါသလား ? အမျိုးသား အများစုကတော့ ကိုယ့်ညီလေးအကြောင်း ကောင်းကောင်းသိတယ်လို့ ထင်ကြပေမယ့် တကယ်တမ်းမှာ ကွီးတို့ မသိသေးတဲ့ အံ့သြစရာ အချက်တွေ အများကြီး ရှိနေပါသေးတယ်။ ဒီတစ်ခေါက်မှာတော့ ဖွားဖက်တော်အကြောင်း ကွီးတို့ ထင်မှတ်မထားတဲ့ အချက်အလက်တွေကို ပြောပြပေးချင်ပါတယ်။

(၁) ထောင်မတ်ချိန်နဲ့ ပျော့နေချိန် အရွယ်အစား ကွာတယ်

Penis

Photo : HealthyWomen

အမျိုးသားတိုင်း ဖွားဖက်တော် အရွယ်အစားနဲ့ ပတ်သတ်ပြီး စိုးရိမ်စိတ် များကြပါတယ်။ ဒီနေရာမှာ သိထားရမှာတစ်ခုက လူတစ်ယောက်ချင်းစီအလိုက် လိင်တံအရွယ်အစား အမျိုးမျိုးကွဲပြားတက်သလို လိင်တံ ထောင်မတ်ချိန်နဲ့ ပျော့နေချိန်မှာပင် အရွယ်အစား မတူတာမျိုး ရှိပါတယ်။ အချို့အမျိုးသားတွေမှာ ထောင်မတ်မှုမရှိတဲ့ အချိန်နဲ့ ထောင်မတ်လာချိန် အရွယ်အစားဟာ အရမ်းကြီး မကွာပေမယ့် အချို့ကတော့ လိင်တံထောင်မတ်လာချိန်မှာ ထောင်မတ်မှုမရှိတဲ့ အချိန်ကအရွယ်အစားထက် ၂ ဆ သို့မဟုတ် ၃ ဆ လောက်ကို ကြီးလာတက်ပါတယ်။

(၂) ဖွားဖက်တော်မှာ ခံစားမှုအာရုံ အမြင့်ဆုံးနေရာ ရှိတယ်

Penis

Photo : Fox News

အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်မှာ လိင်မှုဆိုင်ရာ ခံစားချက်အမြင့်ဆုံး ခံစားရစေတဲ့ ခံစားမှုအာရုံ အမြင့်ဆုံးနေရာတွေ ရှိတယ်ဆိုတာ ကွီးတို့ သိမှာပါ။ ကွီးတို့မှာလည်း အလားတူပါပဲ။ အဓိကအားဖြင့် လိင်တံရဲ့ အောက်ဘက် ဧရိယာ Underside ဟာ Sexual Stimulation လို့ခေါ်တဲ့ လိင်မှုဆိုင်ရာ နှိုးဆွမှုတွေ လုပ်ဆောင်ချိန်မှာ အာရုံခံစားမှု အမြင့်ဆုံးနဲ့ လိင်စိတ်နိုးကြားမှုကို အဖြစ်စေဆုံး နေရာတစ်ခုပါပဲ။ အမျိုးသားတွေမှာလည်း ဖွားဖက်တော်သာမက ကပ်ပယ်အိတ် ၊ စအို ၊ နို့သီးခေါင်းနဲ့ လည်ပင်းတို့ အပါအဝင် အခြားသော ခံစားမှုအာရုံ အမြင့်ဆုံး ခန္ဓာကိုယ်အစိတ် အပိုင်း ဧရိယာတွေ ရှိတယ်လို့ သုတေသီတွေက ဆိုထားပါတယ်။

(၃) အသက်အရွယ်အရ အာရုံခံစားနိုင်စွမ်း ကျလာတက်တယ်

Penis

Photo : Medical Daily

အမျိုးသားတွေမှာ အသက်ကြီးလာတာနဲ့အမျှ ဖွားဖက်တော်ရဲ့ အာရုံခံစားနိုင်စွမ်း Sensitivity ဟာ ကျဆင်းလာတက်ပါတယ်။ လူတစ်ယောက်ရဲ့ လိင်စိတ်နိုးကြားတက်ကြွမှု ၊ ဖွားဖက်တော်ကို လှုံ့ဆော်နှိုးဆွပုံ စတဲ့ အချက်တွေအပေါ်မူတည်ပြီး အမျိုးမျိုး ကွဲပြားနိုင်ပေမယ့် လေ့လာမှုများစွာအရ အမျိုးသားတွေမှာ အသက် ၂၅ နှစ်နောက်ပိုင်းကစပြီး လိင်တံရဲ့ ထိတွေ့အာရုံခံစားနိုင်စွမ်းဟာ တဖြည်းဖြည်းချင်း ကျဆင်းလာတက်တယ်လို့ ဆိုပါတယ်။ အသက် ၆၅ နှစ်ကနေ ၇၅ နှစ်ကြား အရွယ်မှာတော့ ဖွားဖက်တော်ရဲ့ အာရုံခံနိုင်စွမ်းဟာ သိသိသာသာ ကျဆင်းလာပါတယ်။

(၄) ဘက်တီးရီးယား ပေါင်းစုံရာ‌ နေရာတစ်ခု ဖြစ်တယ်

penis

Photo : Vinmec

လူ့ခန္ဓာကိုယ်ဟာ ဂေဟစနစ်တစ်ခုဖြစ်ပြီး ခန္ဓာကိုယ်နေရာ အစိတ်အပိုင်း တော်တော်များများမှာ မတူကွဲပြားတဲ့ ဘက်တီးရီးယားတွေ ရှင်သန်နေထိုင်နေတက်ပါတယ်။ အလားတူ ဖွားဖက်တော် အရေပြားပေါ်မှာလည်း ဘက်တီးရီးယား အမျိုးအစား စုစုပေါင်း ၄၂ မျိုးအထိ ကပ်တွယ်နေတယ်လို့ သုတေသီတွေက ဆိုထားပါတယ်။ လိင်တံထိပ်အရေပြား ဖြတ်တောက်ထားသူတွေနဲ့ အရေပြား ဖြတ်တောက်ထားခြင်း မရှိသူတွေမှာတော့ ဘက်တီးရီးယား အရေအတွက်ဟာ ကွဲလွဲမှု ရှိနိုင်ပါတယ်။ ဒါကြောင့် ဖွားဖက်တော်ရဲ့ ကျန်းမာရေးကို အလေးပေးဂရုစိုက်တယ်ဆိုရင် ကွီးတို့ရဲ့ ညီလေးကို နေ့စဉ်ပုံမှန် သေချာလေး သန့်ရှင်းရေး လုပ်ပေးဖို့ လိုအပ်ပါတယ်။

Source : Vinmec

Featured Photo : Fatherly