ကျွန်တော်တို့ သက်ရှိလူသားတွေ အားလုံး ရုပ်ပိုင်းဆိုင်ရာအရ တစ်ယောက်နဲ့တစ်ယောက် ကွဲလွဲကြသလို ကျွန်တော်တို့ရဲ့ ဖွားဖက်တော် လိင်အင်္ဂါ အမျိုးအစားတွေဟာလည်း ပုံသဏ္ဌာန်အမျိုးမျိုး ရှိကြပါတယ်။ အခြေခံအားဖြင့်တော့ လိင်အင်္ဂါပုံသဏ္ဌာန်တွေဟာ တစ်ယောက်နဲ့တစ်ယောက် သိပ်ပြီး သိသာပြောင်းလဲတာမျိုး မရှိဘူးလို့ ထင်ရပေမယ့်လည်း အချို့ရဲ့ လိင်တံပုံစံဟာ ဖြောင့်မတ်စွာ ရှိနေကြသလို အချို့မှာလည်း သဘာဝအတိုင်း အနည်းငယ် ကွေးညွှတ်နေတာမျိုးလည်း ရှိတက်ပါတယ်။

လိင်အင်္ဂါ အရွယ်အစား ဆိုဒ်အနေအထားဟာလည်း လူတစ်ယောက်နဲ့တစ်ယောက် မျိုးရိုးဗီဇ လက္ခဏာတွေအရ ကွဲလွဲတက်ကြပြီး အခြေခံအားဖြင့်တော့ အရွယ်ရောက်ပြီးသား အမျိုးသားတွေရဲ့ လိင်တံအရှည်ဟာ ပျမ်းမျှအားဖြင့် ထောင်မတ်မနေချိန်မှာ ၉.၁ စင်တီမီတာခန့်ရှိပြီး ထောင်မတ်နေချိန်မှာတော့ ၁၃.၁ စင်တီမီတာနဲ့ ၁၅.၅ စင်တီမီတာ ကြားရှိတယ်လို့ စစ်တမ်းတွေအရ ဖော်ပြထားပါတယ်။ လိင်တံရဲ့ လုံးပတ်အရွယ်အစားဟာလည်း ကွဲပြားတက်ပြီး ပျမ်းမျှအားဖြင့် ထောင်မတ်မနေချိန်မှာ ၉.၂ စင်တီမီတာခန့်ရှိတက်ကြပြီး ထောင်မတ်နေချိန်မှာတော့ ၁၁.၆ စင်တီမီတာ ရှိတယ်လို့ ဆိုပါတယ်။

လိင်တံ အရွယ်အစား ပုံသဏ္ဌာန်အမျိုးအစား ပေါ်မူတည်ပြီး အချို့က မြင်သာအောင် အသီးအနှံ သို့မဟုတ် အရာဝတ္ထုတွေနဲ့ နှိုင်းယှဉ်ပြသထားကြပြီး ဖွားဖက်တော် အချိုးအစား ပုံသဏ္ဌာန် ကွဲပြားမှုဟာ အနည်းဆုံး ၁၀ မျိုးထက် မနည်းရှိတယ်လို့ ခွဲခြားသတ်မှတ်ကြပါတယ်။ ဒီထဲကမှ အခြေခံအကျဆုံးနဲ့ အဓိကအကျဆုံး သတ်မှတ်ထားတဲ့ လိင်တံပုံစံ အမျိုးအစား ၄ မျိုးကို ဒီဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။

(၁) အဖြောင့် ပုံစံအမျိုးအစား

Penis Types

Photo : Dr. Marco Túlio Cavalcanti

ဒီ ဖွားဖက်တော် အချိုးအစားကတော့ လိင်တံအရင်းကနေ အဖျားအထိ တဖြောင့်တည်း တည်ရှိနေတဲ့ ပုံသဏ္ဍာန်ပါ။ လိင်တံထောင်မတ်လာချိန်မှာ သိသာတဲ့အချိုးအစား ပြောင်းလဲမှု မဖြစ်သလို တဖြောင့်တည်း မာကျောကြီးထွားလာတာ ဖြစ်ပါတယ်။ ပြောရရင် သခွားသီးနဲ့ ဆင်တူပါတယ်။ ဆိုဒ်အရွယ်အစားအရတော့ သေးတာ ၊ ပိုကြီးတာ ကွဲပြားနိုင်ပေမယ့် လိင်တံရဲ့ မူလပုံစံအနေအထားကိုက အရင်းကနေ အဖျားအထိကို တသတ်မှတ်တည်း တဖြောင့်တည်း ရှိနေတာ ဖြစ်ပါတယ်။

(၂) အရင်းတုတ် အဖျားရှုး ပုံစံအမျိုးအစား

Penis Types

Photo : MensXP

ဒီ ဖွားဖက်တော် အချိုးအစားဟာ လိင်တံအရင်းနေရာက အနည်းငယ်ပိုတုတ်ခိုင်ပြီး အဖျားကို ပိုရှုးသွားတဲ့ ပုံသဏ္ဍာန်ကို ခေါ်ပါတယ်။ မြင်သာအောင် ပြောရရင် ပြောင်းဖူးရဲ့ ပုံသဏ္ဍာန်နဲ့ ဆင်တူတယ်လို့ ဆိုရမှာပါ။ လိင်တံအဖျားက အနည်းငယ် ပိုသေးသွယ်တဲ့အတွက် လိင်ဆက်ဆံချိန်မှာ ထိုးဖောက်ဝင်ရောက်မှု လုပ်ဖို့ ပိုမိုလွယ်ကူပါတယ်။

(၃) အဖျားတုတ် အရင်းရှုး ပုံစံအမျိုးအစား

Penis Types

Photo : Everyday Health

ဒီ ဖွားဖက်တော် အချိုးအစားက နံပါတ် ၂ ပုံစံနဲ့ ဆန့်ကျင်ဘက် ဖြစ့်ပါတယ်။ လိင်တံရဲ့ ထိပ်ဖျားပိုင်းက အနည်းငယ် ပိုတုတ်ပိုထူပြီး တဖြည်း ဖြည်းချင်း အရင်းကို သေးသွယ်သွားတဲ့ ပုံစံပါ။ ဒီလိင်တံ အချိုးအစားဟာ ခရမ်းသီးရဲ့ ပုံသဏ္ဍာန်နဲ့ ပိုမိုဆင်တူတယ်လို့ ဆိုနိုင်ပါတယ်။

(၄) ကွေးညွှတ်တဲ့ ပုံစံအမျိုးအစား

Penis Types

Photo : Healthline

ဒီ ဖွားဖက်တော် အချိုးအစားကို တော်တော်များများက ငှက်ပျောသီးနဲ့ ပုံသဏ္ဍာန်ချင်း ဆင်တူတယ်လို့ ခိုင်းနှိုင်းကြပါတယ်။ ကွေးညွှတ်တဲ့ ပုံစံအချိုးအစားမှာ အမျိုးမျိုး ထပ်ကွဲပါသေးပါတယ်။ အပေါ်ဘက်သို့ အနည်းငယ် ကော့နေတာ ၊ အောက်ကိုအနည်းငယ်ကွေးညွှတ်တာ ၊ ဘေးဘက်ကို ကွေးကောက်တာ စသည်ဖြင့်ပါ။ အပေါ်နဲ့ အောက်သို့ ကွေးညွှတ်နေတဲ့ လိင်တံအမျိုးအစားဟာ အရမ်းကြီး ပြဿနာမရှိပေမယ့် ဘေးဘက်သို့ ကွေးညွှတ်နေတဲ့ လိင်တံပုံစံကိုတော့ “Dangerous Curves” လို့ သတ်မှတ်ကြပါတယ်။ အချို့သော လိင်တံ အနေအထား ကွေးညွှတ်နေမှုဟာ သဘာဝအရ ပုံမှန်ဖြစ်တက်ပေမယ့် အချို့ကတော့ ထောင်မတ်လာချိန်မှာ ကျင်နာမှုကို ခံစားရတက်ပြီး ဒါဟာ ပုံမှန်မဟုတ်တဲ့ လိင်တံကောက်ကွေးခြင်း Peyronie ရောဂါရဲ့ လက္ခဏာတွေထဲက တစ်ခုဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ ဆွေးနွေးကုသမှု ခံယူဖို့ အကြံပေးချင်ပါတယ်။

ကွီးတို့ရော သခွားသီးလား ၊ ပြောင်းဖူးလား ၊ ခရမ်းသီးလား ၊ ငှက်ပျော်သီးလား ? ဘယ် ဖွားဖက်တော် အချိုးအစား ပုံစံထဲမှာ ပါပါသလဲ???

Featured Photo : Giddy