ဖွားဖက်တော် ဧရိယာ တဝိုက်မှာ လေဝင်လေထွက် ကောင်းကောင်းမရတာ ၊ တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းတာနဲ့ ချွေးထွက်များတာတွေဟာ လိင်တံကနေ အနံ့ဆိုး ထွက်ပေါ်စေတဲ့ အဓိက အကြောင်းအရင်းတွေပါပဲ။ ဒါတင်မက သေးပါဘူး။ လိင်မှတဆင့် ကူးစက်တက်တဲ့ရောဂါ (STIs) တွေ ကူးစက်ခံနေရပြီဆိုလည်း ကွီးတို့ လိင်တံနဲ့ သုတ်ရည်ကနေ အနံ့ဆိုးတွေ ထွက်ပေါ်လာ တက်ပါတယ်။ ဒီဆောင်းပါးမှာတော့ ကန့်သတ်ဧရိယာတဝိုက်မှာ အနံ့ဆိုးထွက်စေတဲ့ အကြောင်းအရင်းတွေနဲ့ အနံ့အသက်ဆိုးတွေကို ဘယ်လိုနည်းလမ်းတွေနဲ့ သက်သာအောင် လုပ်လို့ရမလဲဆိုတာ မျှဝေပေးပါမယ်။

(၁) တစ်ကိုယ်ရေသန့်ရှင်းမှု မရှိခြင်း

Balanitis

Photo : www.self.com

တစ်ကိုယ်ရေသန့်ရှင်းမှု ကောင်းကောင်း မရှိတဲ့အခါမှာ လိင်တံထိပ် အရေပြားအောက်မှာ အရေပြားဆဲလ်သေတွေနဲ့ အဆီတွေ စုပုံလာပြီး ဒိန်ခဲနဲ့တူတဲ့ အဖြူရောင်အဖက်တွေ ဖြစ်ပေါ်စေပါတယ်။ ဒါက ဖွားဖက်တော် ကို အနံ့အသက်ဆိုးတွေ ထွက်ပေါ်စေတဲ့ အကြောင်းအရင်းတွေထဲက တစ်ချက်ပါပဲ။ ဒီပြဿနာကို ဖြေရှင်းဖို့အတွက်ဆို ကွီးတို့ရဲ့ ဖွားဖက်တော် လိင်တံကို သေချာသန့်ရှင်းရေး လုပ်သင့်ပါတယ်။ အထူးသဖြင့် လိင်တံထိပ် အရေပြား ဖြတ်တောက်ထားခြင်း မရှိတဲ့ အမျိုးသားတွေအနေနဲ့ လိင်တံထိပ်ဖူး တဝိုက်ကို သေချာလေး ဆေးကြောသန့်စင်ပေးပါ။ ခပ်နွေးနွေးရေနဲ့ အပျော့စား ဆပ်ပြာကို အသုံးပြုပြီး ဆေးကြော သန့်စင်ပေးနိုင်ပါတယ်။

(၂) လေဝင်လေထွက် မရှိခြင်း

Underwear

Photo : WERD

တင်းကြပ်လွန်းတဲ့ အတွင်းခံတွေ ၊ ဘောင်းဘီတွေကို ဝတ်ဆင်တာဟာ ဖွားဖက်တော် ဧရိယာတဝိုက်ကို ချွေးထွက်များစေပါတယ်။ လေဝင်လေထွက် ကောင်းကောင်းမရှိပဲ ချွေးအလွန်အကျွံ ထွက်တဲ့အခါ ဖွားဖက်တော်အရေပြား တဝိုက်မှာ စိုထိုင်းဆမြင့်တက်ပြီး ဘက်တီးရီးယားပိုးမွှားတွေ ပိုမိုပေါက်ဖွားဖို့ အခွင့်အရေး ပိုများကာ အနံ့ဆိုးတွေ ထွက်ပေါ်စေနိုင်တာ ဖြစ်ပါတယ်။ ဒါကြောင့် ပွပွချောင်ချောင် ချည်သားဘောင်းဘီတွေ ၊ လေဝင်လေထွက်‌ကောင်းမွန်တဲ့ အတွင်းခံတွေကို ရွေးချယ်ဝတ်ဆင် သင့်ပါတယ်။

(၃) လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါများ (STIs) ကူးစက်ခံရခြင်း

sexually transmitted infections (stis)

Photo : Northway Clinic

ဖွားဖက်တော်ကနေ အနံ့ဆိုးတွေနဲ့ ပုံမှန်မဟုတ်တဲ့ အရည်တွေ ထွက်ပေါ်နေတယ် ဆိုရင်တော့ ကွီးတို့ သတိထားစရာပါပဲ။ ဒါဟာ အဓိကအားဖြင့် လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါ (STIs) ကြောင့် ဖြစ်နိုင်ပါတယ်။ လိင်အင်္ဂါရေယုန် ၊ ကလက်မိုင်ဒီးယားနဲ့ ဆီးပူညောင်းကျရောဂါတွေ အပါအဝင် လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါတွေဟာ လိင်တံကနေ အနံ့အသက်ဆိုးတွေ ၊ ပုံမှန်မဟုတ်တဲ့ အရည်တွေကို ထွက်စေနိုင်ပါတယ်။ လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါတွေကို ကာကွယ်ဖို့အတွက်ဆို လိင်ဆက်ဆံတိုင်းမှာ အကာအကွယ် သေချာစနစ်တကျ အသုံးပြုဖို့ လိုအပ်ပြီး ရောဂါကူးစက်ခံရတယ်လို့ သံသယရှိပါက နားလည်တက်ကျွမ်းတဲ့ ဆရာဝန်နဲ့ သွားရောက်ဆွေးနွေးပြီး ကုသမှု ခံယူသင့်ပါတယ်။

Source : Health

Featured Photo : Vinmec