အမျိုးသား တော်တော်များများ ဖွားဖက်တော် အရွယ်အစားနဲ့ ပတ်သတ်ရင် တော်တော်လေး ထိလွယ်ရှလွယ် ဖြစ်ကြပါတယ်။ အငြင်းပွားစရာ အကြောင်းအရာတွေလည်း အများကြီးဖြစ်ကြသလို အရွယ်အစား ကြီးထွားချင်သူတွေကလည်း ၁၀၀ မှာ ၉၉ ယောက်လောက်က ရှိကြတာပါ။ ကိုယ့်ရဲ့ ဖွားဖက်တော်ညီလေး ဆိုဒ်က သေးနေမလား ၊ ဒင်ပြည့်ကျပ်ပြည့်ရှိပါ့မလား ၊ ပါတနာအတွက် စိတ်ကျေနပ်မှု ကောင်းကောင်းပေးနိုင်ပါ့မလား ဆိုတဲ့ စိုးရိမ်စိတ်တွေကလည်း အများကြီး ရှိကြတာပါ။ ဒီဆောင်းပါးလေးမှာတော့ ဖွားဖက်တော်လိင်တံ အရွယ်အစားနဲ့ ပတ်သတ်ပြီး ကွီးတို့ သိကို သိထားရမယ့် အခြေခံအချက်လေးတွေကို ပြောပြပေးချင်ပါတယ်။

အရင်ဆုံး လိင်တံ အရွယ်အစားဟာ ဘယ်လိုအရာတွေနဲ့ သက်ဆိုင်နေလဲ ? ဘယ်အရာတွေ ပေါ်မူတည်ပြီး ကွဲလွဲမှု ရှိလဲဆိုတာ ရှင်းပြပေးပါမယ်……….

penis size

Photo :The US Sun

မျိုးရိုးဗီဇ – လေ့လာဆန်းစစ်မှုတွေအရတော့ ဖွားဖက်တော် လိင်တံအရွယ်အစားဟာ မျိုးရိုးဗီဇနဲ့ တိုက်ရိုက်သက်ဆိုင်နေတယ်လို့ သုတေသီတွေက ဆိုထားပါတယ်။ မိဘတွေရဲ့ မျိုးရိုးဗီဇ လက္ခဏာတွေအရ လူတစ်ယောက်ရဲ့ အရပ် ၊ ခန္ဓာကိုယ်ဖွဲ့စည်းပုံတွေအပြင် လိင်တံ ကြီးထွားဖွံ့ဖြိုးမှုဟာလည်း အဓိကဆက်နွယ်နေတဲ့ အချက်တစ်ခုပါ။ တစ်ခါတစ်ရံမှာ တူညီတဲ့ မိဘတွေကနေ မွေးဖွားလာတဲ့ မွေးချင်းတွေမှာပင် မိဘမျိုးရိုးဗီဇ ၊ ကိုယ်ပိုင်ဗီဇနဲ့ အခြားပြင်ပအချက်တွေနဲ့ ပေါင်းစပ်ပြီး လိင်တံ ကြီးထွားဖွံ့ဖြိုးမှုဟာ ကွဲလွဲနိုင်ခြေ ရှိပါတယ်။

ဟော်မုန်း – လိင်တံအရွယ်အစားနဲ့ သက်ဆိုင်နေတဲ့ နောက်ထပ်အချက်တစ်ခုကတော့ ဟော်မုန်းအပြောင်းအလဲပါ။ ဖွားဖက်တော်ညီလေး ဖွံ့ဖြိုးကြီးထွားမှုဟာ ခန္ဓာကိုယ်မှာရှိတဲ့ ဟော်မုန်းတွေရဲ့ ညီမျှမှု ရှိမရှိဆိုတဲ့ အချက်အပေါ် တိုက်ရိုက်သက်ဆိုင်နေသလို မိခင်ရဲ့ ကိုယ်ဝန်ဆောင်နေစ‌ဉ်အတွင်း တက်စတိုစတီရုန်း (Testosterone) ပမာဏ အပြောင်းအလဲဖြစ်ခြင်းဟာလည်း သန္ဓေသားရဲ့ လိင်အင်္ဂါ ဖွံ့ဖြိုးမှုအပေါ် တိုက်ရိုက်သက်ဆိုင် နေပါတယ်။

ပတ်ဝန်းကျင် – ပိုးသတ်ဆေးတွေ ၊ ပလတ်စတစ်ထုတ်ကုန်တွေနဲ့ အခြားဓာတုပစ္စည်းတွေကဲ့သို့ အန္တရာယ်ရှိတဲ့ လုပ်ငန်းခွင် ပတ်ဝန်းကျင်မှာ ရှင်သန်လုပ်ကိုင်နေသူတွေအနေနဲ့လည်း ဖွားဖက်တော်လိင်တံအရွယ်အစားအပေါ် ဆိုးကျိုးသက်ရောက်မှု ရှိနိုင်ပါတယ်။ ဓာတုပစ္စည်းတွေနဲ့ တိုက်ရိုက်ထိတွေ့ဆက်စပ်နေခြင်းဟာ မျိုးဗီဇနဲ့ ဟော်မုန်းညီမျှမှုအပေါ် သက်ရောက်မှု ရှိစေသလို မိခင်အနေနဲ့လည်း ကိုယ်ဝန်ဆောင်ချိန်မှာ ဓာတုပစ္စည်းတွေနဲ့ များများ ထိတွေ့မှုရှိပါကလည်း သန္ဓေသားနဲ့ မွေးကင်းစကလေးရဲ့ လိင်အင်္ဂါဖွံ့ဖြိုးမှုအပေါ် အပျက်သဘောဆောင်တဲ့ သက်ရောက်မှု ရှိစေပါတယ်။

အစာအာဟာရ – ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်အနေနဲ့ အစာအာဟာရချို့တဲ့မှုရှိတဲ့အခါ သန္ဓေသားရဲ့ ဟော်မုန်းညီမျှမှုအပေါ် တိုက်ရိုက်ထိခိုက်စေနိုင်ပြီး လိင်အင်္ဂါကြီးထွားမှုနဲ့ ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်တယ်လို့ သုတေသီတွေက ပြောထားပါတယ်။ ဒါ့အပြင် လူပျိုဖော်ဝင်ချိန် ၊ ကြီးကောင်ဝင်ချိန်မှာ ကောင်း မွန်တဲ့ အစာအာဟာရ မှီဝဲမှု မရှိပါကလည်း ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးမှုနဲ့ လိင်အင်္ဂါဖွံ့ဖြိုးမှုနှုန်းကို နှောင့်နှေးစေမှာ ဖြစ်ပါတယ်။

နောက်ထပ် ဖွားဖက်တော်အရွယ်အစားနဲ့ ပတ်သတ်ပြီး ဆက်စပ်နေတဲ့ အကြောင်းအရင်းတွေကတော့ ခန္ဓာကိုယ်အဆီ ရာခိုင်နှုန်းများခြင်း ၊ ဆီးခုံအမွေးများရှိနေခြင်း စတဲ့ အချက်တွေကြောင့်လည်း လိင်တံရဲ့ မူလအရွယ်အစားထက် ပိုသေးငယ်သွားသယောင် ထင်မှတ်ရစေနိုင်ပါတယ်။ ဒါ့အပြင် ရာသီဥတု အေးလွန်းတဲ့အချိန်တွေ ၊ အပူချိန်လျော့ကျလွန်းတဲ့ အခြေအနေတွေမှာဆိုရင်လည်း လိင်တံမှာရှိတဲ့ သွေးကြောတွေက ကျဉ်းလာပြီး လိင်တံကို ယာယီကျုံ့သွားစေနိုင်ပါတယ်။ ‌

လိင်တံအရွယ်အစားနဲ့ ပတ်သတ်ပြီး မှားယွင်းစွာ လက်ခံထားကြတဲ့ အကြောင်းအရင်းများစွာလည်း ရှိနေပါသေးတယ်။ ဒီထဲမှာတော့ ဖွားဖက်တော် အရွယ်အစားဟာ ဖိနပ်ဆိုဒ်နဲ့ သက်ဆိုင်နေတယ်လို့ ပြောကြသလို အရပ်နဲ့ တစ်ကိုယ်ရည် အာသာဖြေတဲ့ အကြိမ်အရေအတွက်ကလည်း ဖွားဖက်တော်အရွယ်အစားအပေါ် အပြောင်းအလဲ ရှိစေနိုင်တယ်လို့ ပြောကြပါတယ်။ တကယ်တော့ ဒါတွေဟာ ယုံမှတ်မှားနေကြတဲ့ အရပ်ပြောစကားတွေသာ ဖြစ်ပါတယ်။

အမျိုးသားတစ်ယောက်ရဲ့ ပျမ်းမျှ လိင်တံအရွယ်အစား

penis size
Photo : Women’s Health

၂၀၁၄ ခုနှစ်က လူပေါင်း တစ်သောင်းခွဲခန့်ကို လေ့လာမှု အကြိမ်ရေ ၂၀ ခန့် ပြုလုပ်ခဲ့တဲ့ စစ်တမ်းတွေအရ အရွယ်ရောက်ပြီးသား အမျိုးသားတစ်ယောက်ရဲ့ ပျမ်းမျှ လိင်တံအရွယ်အစားဟာ ထောင်မတ်မှု မရှိချိန်မှာ ၉.၁၆ စင်တီမီတာ သို့မဟုတ် ၃.၆ လက်မ ခန့်ရှိပြီး ပျော့ပျောင်းနေတဲ့ အခြေအနေမှာပင် ဆွဲဆန့်လိုက်တဲ့အခါမှာ ၁၃.၂၄ စင်တီမီတာ သို့မဟုတ် ၅.၂ လက်မခန့် ရှိတယ်လို့ ဆိုပါတယ်။ လိင်တံထောင်မတ်နေချိန်မှာတော့ ပျမ်းမျှအရွယ်အစားဟာ ၁၃.၁၂ စင်တီမီတာ သို့မဟုတ် ၅.၁၇ လက်မ ရှိပါတယ်။ လိင်တံအရေပြား ဖြတ်တောက်ထားသူတွေမှာဆိုရင် ပျမ်းမျှ လိင်တံအရွယ်အစားဟာ ထောင်မတ်မှုမရှိတဲ့အချိန်မှာ ၉.၃၁ စင်တီမီတာ သို့မဟုတ် ၃.၆ လက်မ ခန့်ရှိနိုင်ပြီး လိင်တံထောင်မတ်နေချိန်မှာတော့ ၁၁.၆၆ စင်တီမီတာ သို့မဟုတ် ၄.၆ လက်မကနေ ၅.၂ လက်မ ဝန်းကျင်ခန့် ရှိနိုင်တယ်လို့ ဆိုထားပါတယ်။

ဒီလောက်ဆိုရင်တော့ ဖွားဖက်တော်အရွယ်အစားက ဘယ်အရာတွေနဲ့ ဆက်နွယ်သက်ဆိုင်နေလဲ ? ဖွားဖက်တော် အရွယ်အစားနဲ့ ပတ်သတ်ပြီး ယုံမှတ်မှားနေတဲ့ အချက်တွေအကြောင်းနဲ့ အမျိုးသားတစ်ယောက်မှာ ရှိတဲ့ ပျမ်းမျှ လိင်တံအရွယ်အစား အကြောင်းတွေကို နားလည်သဘောပေါက် သွားလောက်မယ် ထင်ပါတယ်။

Source : Medical News Today

Featured Photo : Beat102103.com