နိုင်ငံခြား ခရီး တစ်ခါ တစ်ခါ ထွက်ဖို့ဆိုတာ လွယ်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ဗီဇာ တစ်ခါ လျှောက်ပြီး ဗီဇာ ကျလာမှ ခရီး သွားလို့ရတာပါ။ ဒါပေမဲ့ မြန်မာ နိုင်ငံသား တစ်ယောက်အနေနဲ့ ဗီဇာ မပါဘဲ ခရီးသွားလို့ ရတဲ့ နိုင်ငံတွေလည်း ရှိပါတယ်။

အခုဖော်ပြပေးမယ့် နိုင်ငံများကတော့ ယခုလက်ရှိ အချိန်အထိ မြန်မာ နိုင်ငံသား တစ်ယောက်အနေနဲ့ ဗီဇာ မပါဘဲ ခရီးသွားနိုင်တဲ့ နိုင်ငံတွေပဲဖြစ်ပါတယ်။

ဗီဇာ မပါဘဲ ခရီးသွားလာနိုင်တဲ့ နိုင်ငံများကတော့

man travelling

(၁) ဘရူနိုင်း

(၂) ကမ္ဘောဒီးယား

(၃) Cook Islands

(၄) Dominica နိုင်ငံ

(၅) Haiti နိုင်ငံ

(၆) အင်ဒိုနီးရှားနိုင်ငံ

(၇) ကင်ညာ

(၈) လာအို နိုင်ငံ

(၉) Micronesia နိုင်ငံ

(၁၀) Montserrat နိုင်ငံ

ဗီဇာ ခရီး

(၁၁) Niue နိုင်ငံ

(၁၂) ဖိလစ်ပိုင် နိုင်ငံ

(၁၃)  Samoa နိုင်ငံ

(၁၄) Seychelles နိုင်ငံ

(၁၅) စင်ကာပူနိုင်ငံ

(၁၆) Saint Vincent and the Grenadines

(၁၇) Suriname

(၁၈) ထိုင်ဝမ်

(၁၉) ထိုင်းနိုင်ငံ

(၂၀) ဗီယက်နမ်

အစရှိတဲ့ နိုင်ငံများပဲဖြစ်ပါတယ်။​ ဒါပေမဲ့ ဘယ်လောက်ပဲ ဗီဇာ ဖရီးပါလို့ပြောပြော ကွီးတို့ ပတ်စ်ပို့ စာအုပ်က အနည်းဆုံး ၆ လနှင့် အထက် သက်တမ်း ကျန်ရှိဖို့တော့ လိုအပ်ပါလိမ့်မယ်။ နို့မဟုတ်ရင် နိုင်ငံ ပြင်ပ ပေးမထွက်တာမျိုး (သို့) နိုင်ငံထဲ ပေးမဝင်တာမျိုးတွေ ကြုံတွေ့ရတတ်ပါတယ်။

အချို့နိုင်ငံများကတော့ eVisa လက်ခံကြပြီး အချို့ကလည်း Arrival Visa မျိုး လက်ခံကြပါတယ်။

အာဆီယံ နိုင်ငံများ အားလုံးကို ဗီဇာ မပါဘဲ သွားလို့ရတာလား

ဗီဇာ ခရီး

မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ ဗီဇာ မပါဘဲ အာဆီယံနိုင်ငံများသို့ ၁၄ ရက် (သို့) ၁၄ ရက်ထက် ပိုတဲ့ ရက်နဲ့ ခရီး သွား လာလို့ရပါတယ်။ မြန်မာနုင်ငံကလည်း အာဆီယံ နိုင်ငံ တစ်နိုင်ငံဖြစ်တဲ့အတွက်ကြောင့် သဘောတူညီချက်များအရ ဗီဇာ မပါဘဲ ရက်အနည်းငယ်ကြာ သွားလာလို့ရတာဖြစ်ပါတယ်။ ကိုယ် သွားလည်တဲ့ နိုင်ငံပေါ် မူတည်ပြီးတော့ ၁၄ ရက်ထက် ပိုကြာတဲ့ အကျိုးခံစားခွင့်မျိုးကိုလည်း ရရှိပိုင်ဆိုင်နိုင်ပါတယ်။​

ကွီးတို့ရော ဗီဇာ လျှောက်ရတာ အလုပ်ရှုပ်လို့ ဗီဇာ ဖရီးရတဲ့ နိုင်ငံတွေဆီပဲ သွားလည်ဖို့ ပြင်နေတာလား။

Source: Visaguide.world

Featured Image: Strivecompetitions