တနေကုန် ပင်ပန်းထားသမျှတွေကို ဗော့ကာ ကို အဓိကထားကာ ဖျော်စပ် ထားတဲ့ ကော့တေးတစ်ခွက် သောက်သုံးရင်း စိတ်ဖိစီးမှုများကို ဖယ်ရှားချင်ပါသလား။ ဒါဆိုရင်တော့ အခုဖော်ပြပေမယ့် Recipe ကို အသုံးပြုကာ အလန်းစား ဗော့ကာ ကော့တေးတစ်ခွက် ဖျော်စပ်နိုင်ပါတယ်။

လိုအပ်မယ့် ပါဝင်ပစ္စည်းများကလည်း (၆) မျိုးလောက်ပဲ လိုအပ်တာဖြစ်ပြီး ပြုလုပ်နည်းကလည်း လွယ်ကူရိုးရှင်းတဲ့အတွက်ကြောင့် မိနစ်ပိုင်းအတွင်း ဖျော်စပ်နိုင်မှာပဲဖြစ်ပါတယ်။ ဗော့ကာချစ်သူ ကွီးတို့အားလုံး အကြိုက်တွေ့သွားကြမယ်လို့ မျှော်လင့်မိပါတယ်။

ပါဝင်ပစ္စည်းများ

Recipe

  • Mint အရွက် ၅ ရွက်မှ ၈ ရွက်ခန့်
  • သံပုရာသီး ၁ လုံး
  • Simple Syrup စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဗော့ကာ စားပွဲတင်ဇွန်း ၄ ဇွန်း
  • Club Soda စားပွဲတင်ဇွန်း ၄ ဇွန်းမှ ၆ ဇွန်းအထိ
  • အလှဆင်ဖို့ရန်အတွက် သံပုရာကွင်း အနည်းငယ်

အစရှိတဲ့ ပါဝင်ပစ္စည်းများ လိုအပ်ပါလိမ့်မယ်။

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပါဝင်ပစ္စည်းများအားလုံးကို အဆင်သင့်ဖြစ်အောင် ပြင်ထားလိုက်ပါ။

Recipe

၂။ ဖန်ခွက်အရှည်ထဲတွင် Mint အရွက်များ ထည့်ပါ။ သံပုရာသီးကို ထက်ခြမ်းခြမ်းပြီးနောက် ဖန်ခွက်ထဲသို့ အရည်ညှစ်ထည့်လိုက်ပါ။ ထို့နောက် ငရုတ်ကျည်ပွေ့ဖြင့် အရည်များ ဖြစ်သွားသည်အထိ အသာအယာ ကြိတ်ချေပေးလိုက်ပါ။

ဗော့ကာ ဖျော်စပ်

၃။ ထို့နောက် ဖန်ခွက်ထဲသို့ ဗော့ကာထည့်ပါ။ ဖန်ခွက်တစ်ဝက်အထိကို ကြေမွနေတဲ့ ရေခဲတုံးများထည့်ပါ။ ထို့နောက် အမြှုပ်အနည်းငယ် ထွက်လာသည်အထိ ခပ်ပြင်းပြင်းလေး မွှေပေးလိုက်ရပါမယ်။

ဗော့ကာ ဖျော်စပ်

၄။ ထို့နောက် ကြေမွနေတဲ့ ရေခဲတုံးများကို ခွက်အပြည့်ထည့်ပါ။ Club Soda ထည့်လိုက်ပါ။

၅။ နောက်ဆုံး အဆင့်အနေနဲ့ Mint အရွက် အနည်းငယ်နှင့် သံပုရာကွင်းများ ထည့်ကာ မိမိစိတ်ကြိုက် အလှဆင်ထားလိုက်ပါ။

ဗော့ကာ ဖျော်စပ်

ဒါဆိုရင်တော့ ဗော့ကာ ချစ်သူများ အကြိုက်တွေ့စေမယ့် အမိုက်စား ဖျော်စပ်ထားတဲ့ ဗော့ကာကော့တေးတစ်ခွက် ရရှိသွားပြီပဲဖြစ်ပါတယ်။

Source: Thespruceeats

Featured Image: Parade