ဘတ်ဂျက် ချွေတာချင်တဲ့ ဘီးကျဲတို့အတွက် ဒီတစ်ခါမှာတော့ ဈေးလည်းသက်သာ ကွာလတီလည်း ကောင်းတဲ့ လက်ပ်တော့ လေးတွေကို ဝေမျှပေးချင်ပါတယ်။ ကွီးတို့အနေနဲ့ လက်ပ်တော့ပဲ အသစ်လဲချင်တယ်ဆိုရင်တော့ ဒီဆောင်းပါးလေးက ကွီးတို့အတွက် အထောက်အကူဖြစ်စေပါလိမ့်မယ်။
(၁) Acer Spire 5
Acer Spire 5 ရဲ့ အားသးာချက်ကတော့ အရွယ်အစား (၃) မျိုးကို မိမိစိတ်ကြိုက် ရွေးချယ်နိုင်ခြင်းပဲဖြစ်ပါတယ်။ ၁၄ လက်မ လိုချင်လား၊ ဒါမှမဟုတ် ၁၅.၆ လက်မကို ကြိုက်သလား၊ ဒါမှမဟုတ် ၁၇.၃ လက်မကို ကြိုက်သလား။ ထိုအရွယ်အစား (၃) မျိုးတည်းက မိမိကြိုက်နှစ်သက်တဲ့ အရွယ်အစားကို ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၅၅ သာ ကျသင့်မှာဖြစ်ပြီး သူ့ရဲ့ စွမ်းဆောင်ရည်ကလည်း ပေးရတဲ့ တန်ဖိုးထက်ကို ပိုတန်နေတာကို တွေ့ရပါလိမ့်မယ်။
(၂) HP Pavilion Aero 13
နောက်ထပ် ရွေးချယ် ဝယ်ယူသင့်တဲ့ လက်ပ်တော့ကတော့ HP Pavilion Aero 13 လက်ပ်တော့လေးပဲ ဖြစ်ပါတယ်။ အမြင်အေးစေမယ့် မဂ္ဂနီစီယမ်နှင့် အလူမီနီယမ်တို့ကို ပေါင်းစပ်ထားတာ ဒီဇိုင်းရေးဆွဲထားတာ ဖြစ်ပါတယ်။ အလေးချိန်အားဖြင့် ၂.၂ ပေါင်အောက်သာ လေးပြီး နေ့စဥ် အသုံးပြုဖို့လိုအပ်တဲ့ လုပ်ငန်းခွင်သုံး ကိစ္စများကို ဒီလက်ပ်တော့နဲ့ အလွယ်လေး အသုံးပြုနိုင်ပါတယ်။ ဈေးနှုန်းအားဖြင့်တော့ ဒေါ်လာ ၆၀၀ ပေးဝယ်ရမှာပဲ ဖြစ်ပါတယ်။
(၃) Asus VivoBook F1502ZA
Asus VivoBook F1502ZA ဝယ်သင့်တဲ့ အကြောင်းပြချက် (၃) ချက်ရှိပါတယ်။ ပထမအကြောင်းပြချက်ကတော့ သူ့ရဲ့ ဈေးနှုန်းကြောင့်ပဲဖြစ်ပါတယ်။ သူ့ရဲ့ ဈေးနှုန်းကတော့ ဒေါ်လာ ၆၁၉ ဒေါ်လာ ပေးဝယ်ရမှာ ဖြစ်ပါတယ်။ နောက်ထပ် အကြောင်းပြချက်ကတော့ သူ့ရဲ့ ဒီဇိုင်း ကာလာအနေအထားကြောင့် ဖြစ်ပါတယ်။ နောက်ဆုံး အကြောင်းပြချက်ကတော့ သူ့ကို အသုံးပြုတဲ့အခါမှာ သက်သောင့်သက်သာဖြစ်ပြီး သူ့ရဲ့ ကီးဘုတ်ခလုတ်တွေကလည်း စာရိုက်ရတာ သက်သောင့်သက်သာရှိပြီး မိမိုက်တဲ့ ခံစားချက်ကို ပေးစွမ်းနေမှာပဲ ဖြစ်ပါတယ်။ သူ့ရဲ့ စခရင်မ်အရွယ်အစားကတော့ ၁၅.၆ လက်မ ရှိပါတယ်။ စခရင်မ်ကြီးကြီး၊ သင့်တင့်မျှတဲ့ အဖိုးငွေနဲ့ ဘတ်ဂျက် လက်ပ်တော့ တစ်လုံး ဝယ်ချင်ရင်တော့ Asus VivoBook F1502ZA ကို ရွေးချယ်သင့်ပါတယ်။
ကွီးတို့ရဲ့ လက်ရှိ အသုံးပြုနေတဲ့ လက်ပ်တော့ကရော ဘယ်လိုအခြေအနေရှိပြီလဲ။ အသစ်လဲရမယ့် အခြေအနေမျိုးလား။ ဒါဆိုရင်တော့ အခုဖော်ပြပေးမယ့် အဖိုးတန် ပစ္စည်းများကို ရွေးချယ် သင့်ပါတယ်။
Source: Cnet
Featured Image: English.onlinekhabar