ဒီလအစောပိုင်းတုန်းက Tecno ကနေ Spark 20 ဖုန်းကို မိတ်ဆက်ခဲ့ပါတယ်။ အခုထပ်မံပြီး စွမ်းဆောင်ရည် ပိုကောင်းတဲ့ Helio G99 Chipset နဲ့ 108MP Main ကင်မရာပါတဲ့ ဈေးသက်သာတဲ့ ဘတ်ဂျတ်ဖုန်း Tecno Spark 20 Pro ကို ထပ်မံကြေညာလာပါတယ်။
Photo : GSMArena.com
Tecno Spark 20 Pro ဖုန်းမှာ ၆.၇၈ လက်မ IPS LCD တပ်ဆင်ပေးထားပြီး FHD+ Resolution နဲ့ 120Hz Refresh Rate ထောက်ပံ့ပေးထားပါတယ်။ ရှေ့ဘက်မျက်နှာပြင်မှာ 32 MP ဆယ်လ်ဖီကင်မရာနဲ့အတူ Displays System အချက်အလက်တွေနဲ့ Notifications တွေကို ဖော်ပြပေးမယ့် Tecno ရဲ့ Dynamic Port ကိုလည်း ထည့်သွင်းပေးထားပါတယ်။
Chipset အနေနဲ့ MediaTek ရဲ့ Helio G99 Chip ကို အသုံးပြုထားပြီး 8GB RAM / 256GB Storage အတွဲအစပ်နဲ့ microSD Card Slot တစ်ခုလည်း ပါပါတယ်။ ကျောဘက်မှာတော့ 1/1.67″ Sensor နဲ့ f/1.75 Aperture ပါတဲ့ 108MP Main ကင်မရာ တပ်ဆင်ပေးထားပြီး QVGA Auxiliary ကင်မရာ ၂ လုံးလည်း တွဲဖက်တပ်ဆင် ထားပါတယ်။
ဆော့ဖ်ဝဲပိုင်းမှာ Android 13 အခြေပြု HiOS ကို အသုံးပြုထားပြီး 33W Fast Charging စနစ် ထောက်ပံ့ပေးထားတဲ့ 5,000 mAh ဘက်ထရီ ပါရှိပါတယ်။ ဒါ့အပြင် Tecno Spark 20 Pro ဖုန်းမှာ Side-Mounted Fingerprint Scanner ၊ Headphone Jack နဲ့ IP53 လုပ်ဆောင်ချက်တွေလည်း ပါဝင်ပါတယ်။
Photo : GSMArena.com
Tecno Spark 20 Pro ဖုန်းကို Moonlit Black ၊ Frosty Ivory ၊ Sunset Blush ဆိုပြီး အရောင်တွေ ရွေးချယ်နိုင်မှာဖြစ်ပြီး Magic Skin Green အရောင်မှာတော့ တောက်ပတဲ့ Matte သားရေ Texture ကိုအသုံးပြုထားပါတယ်။ Spark 20 Pro ရဲ့ဈေးနှုန်းကတော့ ဖိလစ်ပိုင်ပီဆို ၅,၅၉၉ ( ဒေါ်လာ ၁၀၀ ) ဝန်းကျင်ခန့် သတ်မှတ်ထားပါတယ်။
Featured Photo : GSMArena.com