စနေနေ့ညနေက ဝင်ဘလေကွင်းမှာ အင်္ဂလန် က ဆွစ်ဇာလန်ကို ၂-၁ နဲ့ အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲမှာ ဆွစ်ဇာလန် ရဲ့သွင်းဂိုးမှာ အင်္ဂလိပ်နောက်ခံကစားသမားရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်ပြီး ရွိုင် ကီးန်က ဝေဖန်ပြစ်တင်ခဲ့ပြီးနောက် ဘန်ဝှိုက် ဘက်ကနေ အီယန်ရိုက် က ကာကွယ်ခဲ့ပါတယ်။

Ben White of England and Ruben Vargas of Switzerland during the international friendly match between England and Switzerland at Wembley Stadium on March 26, 2022 in London

Photo: Gettyimages

ဘန် ဝှိုက်ဟာ အစပိုင်းတုန်းက ပွဲထွက်လူစာရင်းထဲမှာ ပါဝင်ခဲ့ခြင်းမရှိပေမယ့်လည်း ပွဲကြို သွေးပူလေ့ကျင့်ရေးလုပ်နေချိန်မှာ ဂျွန် စတုန်း ဒဏ်ရာရရှိသွားခဲ့ပြီးနောက် လူစာရင်းထဲ နောက်ဆုံးမိနစ်မှ ဆွဲထည့်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။ အင်္ဂလန်အသင်းဟာ ပွဲကို နှေးကွေးစွာ စတင်ခဲ့ပြီး ခံစစ်ပိုင်းမှာ မတည်မငြိမ်ဖြစ်နေခဲ့ပုံပေါ်တာကြောင့် ရှာကီရီက ပင်နယ်တီဧရိယာထဲ ဖြတ်တင်ပေးပို့လိုက်ချိန်မှာ အမ်ဘိုလိုက ခေါင်းတိုက်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ရွိင် ကီးန်က အင်္ဂလန်အသင်းမှာ ခံစစ်ပိုင်းနဲ့ပတ်သက်ပြီး ပြဿနာတွေ အများအပြားရှိခဲ့တယ်လို့ ခံစားခဲ့ရပေမယ့်လည်း အထူးသဖြင့် ဘန် ဝှိုက်ဟာ နိုင်ငံတကာပွဲစဉ်တွေမှာ အရည်အသွေးနဲ့ပတ်သက်ပြီး စောစီးစွာ သင်ခန်းစာ ပို့ချခြင်းခံခဲ့ရပြီး တစ်ချိန်လုံးအာရုံစိုက်နေဖို့ လိုအပ်ခဲ့တယ်လို့ ယုံကြည်ခဲ့တာဖြစ်ပါတယ်။ “ခင်ဗျားက အသင်းကောင်းတွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာ အဲဒါက တကယ်ကို ခက်ခဲကြမ်းတမ်းပါတယ်။ တစ်ခါတရံမှာ အဲဒါက အမှားလေးနည်းနည်းလုပ်မိရုံနဲ့ ဂိုးပေးရတတ်ပြီး သူ ထောင်ချောက်မိသွားခဲ့တာပါ”

Embolo's header goal

Photo: Metro

“ဆွစ်ဇာလန်ဆီကနေ ကောင်းမွန်တဲ့အရည်အသွေးဖြစ်ခဲ့ပြီး သူတို့တွေက အဲဒီအချိန်မှာ ထိပ်တန်းအဆင့်မှာ ရှိနေခဲ့ပါတယ်။ ပြီးတော့ ကျွန်တော်တို့ လုခ်ရှောကို ဖြတ်တင်ဘောကို မတားဆီးခဲ့တဲ့အတွက် အပြစ်တင်နိုင်ပေမယ့် ရှာကီရီလိုလူတွေက အရင်ကတည်းက ဒီလိုအဆင့်မှာ အကြိမ်ပေါင်းများစွာ ကောင်းမွန်တဲ့စွမ်းဆောင်ရည် ပြသခဲ့တဲ့သူပါ။ သူတို့တွေ ဂိုးနဲ့ နီးနီးလာပေမယ့် သူ့ရဲ့ ခြေထောက်ကနေ ဘောလုံးထွက်တာနဲ့ ဝှိုက်ရဲ့ ကိုယ်ဟန်အနေအထားက လုံးဝကို မှားယွင်းနေခဲ့ပါတယ်။ အမ်ဘိုလိုက ဂိုးသွင်းသွားခဲ့ပါတယ်”

“သူက အငိုက်ဖမ်းခံလိုက်ရတာပါ။ အဲဒီလောက်ကို ရိုးရှင်းပါတယ်။ အဲဒါက အရမ်းကောင်းတဲ့ အဆုံးသတ်ဖြစ်ပြီး သူ အပြစ်ပေးခံလိုက်ရတာပါ။ ခင်ဗျား ဒီလိုအရာတွေဆီကနေ တစ်ခါတရံ လွတ်မြောက်ဖို့ မျှော်လင့်နိုင်ပေမယ့် အဲဒါက အရမ်းကောင်းမွန်တဲ့ပေးပို့မှုဖြစ်ခဲ့ပြီး သူ လုံးဝ အငိုက်မိသွားခဲ့တာပါ”လို့ ရွိုင် ကီးန်က ပြောကြားခဲ့ပါတယ်။ ရွိုင် ကီးန်နဲ့အတူ ဘောလုံးဝေဖန်သုံးသပ်သူအဖြစ် ဆောင်ရွက်နေတဲ့ အီယန် ရိုက်က ပွဲမတိုင်ခင် မိနစ်ပိုင်းသာ ကစားခဲ့ရပြီး ဒုတိယပိုင်းမှာ ညာနောက်ခံနေရာကို ပြောင်းကစားခဲ့ရတဲ့ အာဆင်နယ်နောက်ခံလူရဲ့ စွမ်းဆောင်ရည်ကို အထင်ကြီးခဲ့တာကြောင့် ရွိုင် ကီးန်ရဲ့ ဝေဖန်မှုက နည်းနည်းပြင်းထန်လွန်းတယ်လို့ ခံစားခဲ့ရတာဖြစ်ပါတယ်။

Ben White

Photo: Daily Mail

“ကျွန်တော် ထင်တာကတော့ လေ့ကျင့်ရေးမှာ ဒဏ်ရာကိစ္စရှိခဲ့လို့ သူ့ကို နောက်အကျဆုံးအချိန်ကျမှ လူစာရင်းထဲ ခေါ်တာခံခဲ့ရတာပါ။ နည်းနည်း စိတ်လှုပ်ရှားစရာတွေ ရှိခဲ့ပါတယ်။ အဲဒါကို ခင်ဗျား မြင်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော် တွေးမိခဲ့တာက ရိုးရိုးသားသားပြောရရင် သူ ပွဲထဲမှာ ကောင်းကောင်းလုပ်နိုင်ခဲ့ပါတယ်။ သူ အရမ်းကို ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်”လို့ တုံ့ပြန်ခဲ့ပါတယ်။

Featured Photo: Metro