လူတစ်ယောက်ဟာ ဘယ်နေရာ ဘယ်နယ်ပယ် ပဲရောက်ရောက် အောင်မြင်မှု ရဖို့ဆိုတာ သိပ်ပြီး မလွယ်လှပါဘူး။ ဒါပေမယ့် အောင်မြင်ဖို့အတွက် အရည်အသွေး ပြည့်ဝနေသူတစ်ယောက်အတွက်တော့ ဘယ်နေရာမှာဖြစ်ဖြစ် အောင်မြင်မှုကို ရှာတွေ့နိုင်ပါတယ်။ အခုပြောမယ့်အချက်တွေကို လက်ကိုင်ထားမယ်ဆိုရင် သင်ဟာ ဘယ်နယ်ပယ်ရောက်ရောက် အောင်မြင်သူတစ်ယောက် ဖြစ်ဖို့ အခွင့်အရေးပိုရှိနိုင်မှာ ဖြစ်ပါတယ်။

(၁) လေ့လာလိုစိတ်ရှိရမယ်

Photo : GOBankingRates

ပတ်ဝန်းကျင်က အသံတွေ နားထောင်တတ်ခြင်းက အရေးပါပါတယ်။ ကိုယ့်ဗီဇစိတ်နဲ့ သိတာဟာ ထူးခြားတဲ့ စွမ်းရည်ဖြစ်ပေမယ့် အခါ ခပ်သိမ်း အားကိုးလို့မရပါဘူး။ စီးပွားရေး လုပ်နေတယ်ဆိုရင် ခေတ်ကို နားလည် ၊ ဈေးကွက်ကို သဘောပေါက်ပြီး ဘယ်လိုလှုပ်ရှားရမလဲဆိုတာ သိဖို့ အပြင်က အသံတွေလည်း နားစွင့်ရပါတယ်။

(၂) ရည်မှန်းချက်ရှိရမယ်

Photo : Forbes

အောင်မြင်ဖို့အတွက် အခြေခံအကျဆုံး Skill တစ်ခုက ရည်မှန်းချက်ပါ။ စီးပွားရေးပဲ လုပ်လုပ် ၊ ပညာပဲသင်သင် ဦးတည်ချက်ပြတ်သားသူက ခရီးပိုရောက်ပါတယ်။ ကိုယ်ဘယ်ကို သွားမလဲ ၊ ဘယ်လို အခက်အခဲတွေ ကြုံမလဲဆိုတာကို ကြိုတင်တွက်ချက်ထားပြီး ခရီးသွားတဲ့သူက ခရီးဖြောင့်တန်းပြီး ပိုလည်း ခရီးတွင်မှာပါ။

(၃) ဖန်တီးနိုင်စွမ်းရှိရမယ်

Photo : Careertale

စိတ်ကူးဉာဏ်ကွန့်မြူးတတ်သူ ၊ အသစ်အဆန်းတွေ ဖန်တီးတတ်သူဖြစ်ရင် အောင်မြင်ဖို့ ပိုနီးစပ်ပါတယ်။ ဒီဘက်ခေတ်မှာ ဦးနှောက်အသစ်တွေ လိုပါတယ်။ ဒီဇိုင်းအသစ် ၊ အသံအသစ်တွေ တောင်းဆိုနေပါတယ်။ ဖန်တီးနိုင်စွမ်းကို ချပြပါ။

(၄) သတ္တိရှိရမယ်

Photo : Cambio Coaching

အခက်အခဲတွေနဲ့ ကြုံချိန်မှာ ရဲရင့်တဲ့စိတ်နဲ့ ဖြတ်သန်းဖို့လည်း လိုပါတယ်။ စွန့်ဦးတီထွင်သူတွေလို စီးပွားရေးပုံစံကိုက Risk များတဲ့ လုပ်ငန်းတစ်ခုခုကို လုပ်ရပြီဆိုရင် ဒီသတ္တိက ပိုလိုပါတယ်။ လုပ်ငန်းမှာ အောင်မြင်ဖို့ သုတေသနလုပ်တာကတစ်ပိုင်း ၊ ဦးနှောက်စွမ်းအားတွေ ထုတ်သုံးပြီး အစီအစဉ်ဆွဲတာကတစ်ပိုင်း အပြင် အရေးပါတာတစ်ခုက ကိုယ့်အလုပ်နဲ့ ကိုယ်စွမ်းရည်ကို ယုံပြီး သတ္တိရှိရှိ ရှေ့လှမ်းရဲဖို့ပါ။

Featured Photo : Lifehack