ဘရန်ဒီက အယ်လ်ကိုဟော ၃၅ ရာခိုင်နှုန်း ကနေ ၆၀ ရာခိုင်နှုန်းအထိ ပါဝင်သော အဖျော်ယမကာ တစ်မျိုး ဖြစ်ပါတယ်။ ဘရန်ဒီ က ညစာစားပြီးချိန်တွင် သောက်သုံးလေ့ရှိကြပြီး ညစာစားပွဲများ၊ ပွဲ အခမ်းအနားများတွင် ထည့်သွင်း ဧည့်ခံလို့ကောင်းတဲ့ အဖျော်ယမကာ တစ်မျိုးပါ။ အဖျော်ယမကာများနဲ့ အစားအစာများ တွဲဖက်စားသုံးဖို့ ဆိုရင် လူတော်တော်များများက ဝိုင်ကို စဉ်းစားမိကြပါတယ်။ သို့သော်လည်း နောက်ပိုင်းမှာ ဘရန်ဒီ ကဲ့သို့ အဖျော်ယမကာများနဲ့ အစားအစာများ တွဲဖက်စားသုံးမှု၊ ပွဲများတွင် တည်ခင်း ဧည့်ခံလာမှုကလည်း လူကြိုက်များ ရေပန်းစားလာခဲ့ပါတယ်။

အဖျော်ယမကာ တစ်မျိုးမျိုးနဲ့ အစားအစာ တွဲဖက်ခြင်းက နှစ်ခုလုံးရဲ့ အရသာနဲ့ အသွင်အပြင်ကို ဟန်ချက်ညီညီ ချိန်ညှိခြင်းဖြင့်ဖြစ်ပြီး ပြီးပြည့်စုံတဲ့ အရသာကို ခံစားနိုင်ဖို့ပဲ ဖြစ်ပါတယ်။ ဘရန်ဒီက အစားအစာ တော်တော်များများနဲ့ လိုက်ဖက်သော်လည်းပဲ ပိုမိုထူးကဲတဲ့ အရသာရရှိစေဖို့ တွဲဖက်ရမဲ့ အစားအစာတွေ ရှိပါတယ်။ ဒီဆောင်းပါးလေးမှာ ဘရန်ဒီ နဲ့ အံ့အားသင့်စေလောက်အောင် လိုက်ဖက်တဲ့ အစားအစာ (၃) မျိုးကို‌ ဖော်ပြပေးလိုက်ပါတယ်။

ငါးဟင်းလျာများ

ဘရန်ဒီ အစားအစာများ

Photo : Family App

ဘရန်ဒီ နဲ့ အလိုက်ဖက်ဆုံး အစားအစာများ ထဲမှာ ပထမဆုံး ဖော်ပြချင်တဲ့ အစားအစာကတော့ ငါးဟင်းလျာ ပဲ ဖြစ်ပါတယ်။ ကွီးတို့က ငါးဟင်းလျာနဲ့ တွဲစားမယ်ဆိုရင် နှပ်ထားတဲ့ ငါး သို့မဟုတ် မက်ကရယ် ငါးဟင်းလျာ လိုမျိုးက ပိုမိုလိုက်ဖက်ပါတယ်။ ဒါ့အပြင် အသားလုံးများနဲ့ တွဲဖက်စားသုံးလို့လည်း လိုက်ဖက်ပါသေးတယ်။ ပုံမှန်အသားလုံးများထက် အရသာ ပိုမိုပေါ့ပါးပြီး လတ်ဆတ်တဲ့ အသားများနဲ့ တွဲဖက်စားသုံးချင်ရင်တော့ တူနာငါး အသားလုံးက အလိုက်ဖက်ဆုံးပါပဲ။ ကွီးတို့အနေနဲ့ ငါးမကြိုက်ဘူးဆိုရင် အခြားသော အသားများနဲ့ လည်း ဘရန်ဒီကို တွဲဖက် သုံးဆောင်လို့ရပါတယ်။

ချိစ့်

ဘရန်ဒီ အစားအစာများ

Photo : Experience Henley

အဖျော်ယမကာ တော်တော်များများနဲ့ တွဲဖက်သုံးဆောင်ဖို့ လိုက်ဖက်တဲ့ အစားအစာကို ပြောပါဆိုရင် ချိစ့် ပါပဲ။ ဒါကြောင့် ဝိုင်ပါတီတွေ၊ ညစာစားပွဲတွေ၊ ဒင်နာတွေမှာ ဝီစကီ၊ ဝိုင်နီ စသည်တို့နဲ့ တွဲဖက်စားသုံးဖို့ ချိစ့် ကို အမြဲထည့်သွင်းထားလေ့ရှိပါတယ်။ ထို့အတူ ချိစ့် က ဘရန်ဒီရဲ့ အရသာကို မြှင့်တင်ပေးပါတယ်။ ဒါကြောင့် အရသာ ချောမွေ့သော ဘရန်ဒီကို အရသာလေးနက်တဲ့ ချိစ့်နဲ့ တွဲဖက်လိုက်ပါ။ တကယ်ကို ထူးကဲကောင်းမွန်တဲ့ အရသာကို ခံစားရမှာပါ။

ချောကလက်

brandy

Photo : Universal

အံ့အားသင့်စေလောက်အောင် လိုက်ဖက်တဲ့ ဘရန်ဒီ နဲ့ တွဲဖက်ဖို့ အစားအစာ တစ်ခုကို ပြောပါဆိုရင် ချောကလက် ပါပဲ။ ဘရန်ဒီရဲ့ အက်စစ်ဓာတ်ပါဝင်မှု နည်းခြင်းက ရေခဲမုန့်နှင့် ချောကလက်ကဲ့သို့ အချိုပွဲများနှင့် ကောင်းကောင်း လိုက်ဖက်ပါတယ်။ ကွီးတို့အနေနဲ့ ချောကလက်နဲ့ ဘရန်ဒီ ကို ညစာစားပွဲများတွင် အချိုပွဲ အနေနဲ့ ထည့်သွင်းလို့ ရပါတယ်။ ဒါ့အပြင် ကွီးတို့ မိသားစုနဲ့ ဖြစ်စေ၊ သူငယ်ချင်းနဲ့ ဖြစ်စေ စကားပြောရင်း ဘရန်ဒီနဲ့ ချောကလက်ကို သုံးဆောင်လို့ ရပါတယ်။

ကွီးတို့ရဲ့ ဧည့်ခံပွဲတွေ၊ ညစာစားပွဲတွေမှာ ဘရန်ဒီကို ထည့်သွင်းဧည့်ခံမယ်ဆိုရင် ဖော်ပြပါ အစားအစာတွေကို ဦးစားပေး ရွေးချယ်လိုက်ပါ။

Source : DrinksFeed

Featured Photo : The List