ဘရာဇီးလ် တိုက်စစ်မှူးဟောင်း လူဝီဇာအို ဟာ ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ဗင်နစ်ရှပ် ဂျူနီယာကို မြည်းသတ္တဝါလို တုံးအတဲ့ကောင်လို့ ဝေဖန်တိုက်ခိုက်ခဲ့ပြီး ဂိုးသွင်းစွမ်းရည်ကို မေးခွန်းထုတ်ခဲ့ပါတယ်။
Photo: RPP
ဗင်နစ်ရှပ် ဂျူနီယာဟာ ဗုဒ္ဓဟူးနေ့ညက အိုဆာဆူနာကို ရီးရဲလ်မက်ဒရစ်က ၃-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ အရန်ခုံကနေ လူစားဝင်ကစားပေးခဲ့တာဖြစ်ပြီး အသက် ၂၁ နှစ်အရွယ် ကစားသမားဟာ ဂိုးသွင်းယူနိုင်မယ့် ရွှေရောင်အခွင့်အရေးကို ဖြုန်းတီးပစ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဗင်နစ်ရှပ် ဂျူနီယာဟာ နာကျင်အချိန်ပိုမှာ လူးကပ်စ် ဗက်စ်ကွက်ဇ်ရဲ့ သွင်းဂိုးကိုတော့ အလွန်ကောင်းမွန်တဲ့ ဂိုးဖန်တီးမှု ပြုလုပ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် လူဝီဇာအို က အိုဆာဆူနာနဲ့ပွဲစဉ်မှာ အပိုင် ဂိုးသွင်းခွင့်ကို ဖြုန်းတီးခဲ့တဲ့ ဘရာဇီးလ်လူငယ်တိုက်စစ်မှူးကို ပြင်းပြင်းထန်ထန် ပြစ်တင်ကြိမ်းမောင်းခဲ့တာဖြစ်ပါတယ်။ “ဗင်နစ်ရှပ်က မြည်းသတ္တဝါလိုကောင်ပဲ။ သူက ဂိုးသမားဆီကနေ ဘောလုံးကို ဘယ်လို ခိုးယူရမယ်ဆိုတာကို မသိဘူး။ ဘယ်လိုဂိုးတွေ သွင်းယူရမယ်ဆိုတာကို မသိဘူး။ သူ လေ့ကျင့်ရမယ်။ ခေါင်းတိုက်တာ၊ ဂိုးကန်သွင်းတာတွေပေါ့။ ဂိုးဖန်တီးမှု ပြုလုပ်တဲ့နေရာမှာ သူက တော်တာလား။ သူက မကောင်းဆိုးဝါးလိုမျိုး ကစားနေတယ်။ သူ တိုးတက်အောင်လုပ်ရမယ်။ လေ့လာသင်ယူရမယ်။ ဗင်နစ်ရှပ်အနေနဲ့ သူ့ရဲ့ ဘယ်ခြေနဲ့ အဆုံးသတ်နိုင်အောင် လေ့ကျင့်ရမယ်”လို့ ပြောကြားခဲ့ပါတယ်။
Photo: Tempo.co
အမှန်တကယ်တော့ ဘရာဇီးလ် တောင်ပံကြယ်ပွင့်ဟာ ၂၀၂၁-၂၀၂၂ ရာသီမှာ ရီးရဲလ်မက်ဒရစ်အသင်းအတွက် စွမ်းဆောင်ရည်ကောင်းပြသနေခဲ့သူဖြစ်ပြီး အသင်းရဲ့ ဒုတိယထိပ်တန်းဂိုးသွင်းရှင်၊ ဂိုးဖန်တီးသူအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။ ရာသီအစကတည်းက ဘယ်တောင်ပံကစားသမားဟာ ရီးရဲလ်မက်ဒရစ်အတွက် ၄၅ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၁၇ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၄ ကြိမ်အထိ ပြုလုပ်ပေးထားနိုင်ခဲ့တာဖြစ်ပြီး လာလီဂါမှာ စတုတ္ထမြောက် ဂိုးသွင်းအများဆုံးနဲ့ ဂိုးဖန်တီးမှုအများဆုံးကစားသမားအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။
Featured Photo: Sportskeeda