လူ့ဘဝကြီးသည် ဘယ်တော့မှ တသမတ်တည်း ရှိမှာမဟုတ်သလို ကွီးတို့ မျှော်လင့်ထားတဲ့အတိုင်း၊ စီစဥ်ထားတဲ့အတိုင်း ဖြစ်မလာတတ်ပါဘူး။ အချိုတလှည့်၊ အခါးတလှည့်၊ အချဥ်တလှည့်နဲ့ ကွီးတို့ကို တစ်နေ့တစ်မျိုး မရိုးရအောင် အမျိုးစုံ ကြိုးခုန်ခိုင်းမှာပဲဖြစ်ပါတယ်။ ဒါပေမဲ့ ဘဝကြီး က ကိုယ့်ကို အချဥ် တွေပဲ ပေးလာခဲ့တယ်ဆိုရင်လည်း သံပုရာရည် လုပ်ဖျော်တတ်ဖို့ လိုအပ်ပါလိမ့်မယ်။ ဆိုလိုတာကတော့ ဘယ်လောက်ပဲ အဆိုးတွေနဲ့ကြုံကြုံ ထိုအဆိုးထဲကနေ အခွင့်အလမ်းကောင်းတွေကို ဖန်တီးတတ်ဖို့ လိုတာပဲဖြစ်ပါတယ်။

တကယ်လို့ ဘဝကြီး က အချဥ် တွေပဲ ပေးလာခဲ့ရင် သံပုရာရည်ကို ဘယ်လိုမျိုး ဖျော်သောက်ရမလဲဆိုတာ မသိဘူးဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းကောင်းများကို လေ့လာနိုင်ပါတယ်။

ကြုံတွေ့ရတဲ့ အဆိုးများကြားထဲကနေ သင်ခန်းစာ ရယူပါ

man success

ဘဝမှာ ပြဿနာတွေ တစ်ခုပြီး တစ်ခု ကြုံတွေ့ရတဲ့အခါ ထိုပြဿနာတွေထဲကနေ ဘယ်လိုအရာတွေကို လေ့လာနိုင်မလဲဆိုတာကို စဥ်းစားတတ်ဖို့လိုအပ်ပါတယ်။ ပြဿနာတွေ၊ အမှားတွေထဲကနေ သင်ခန်းစာ ရယူပြီး နောင်တစ်ချိန်မှာ အလားတူပြဿနာမျိုး ကြုံတွေ့တဲ့အခါ အလွယ်တကူ ရင်ဆိုင်ဖြေရှင်းတတ်သွားမှာပဲ ဖြစ်ပါတယ်။

ကိုယ် ကိုင်တွယ်နိုင်တဲ့ အရာတွေကို ပြန်လည်ထိန်းချုပ်ပါ

man power

လူတွေသည် ကိစ္စရပ်တစ်ခုကို ထိန်းချုပ်နိုင်တဲ့ စွမ်းအင်မျိုး ပိုင်ဆိုင်ထားတယ်လို့ ခံစားရတဲ့အခါ အလိုလို ခွန်အားကြီးမားလာသလို ခံစားရပြီး ပြဿနာများကို အလွယ်တကူ ဖြေရှင်းတတ်သွားပါတယ်။ ဒါ့ကြောင့် ပြဿနာတစ်ခုနဲ့ ရင်ဆိုင်တွေ့ရတဲ့အခါမှာ ထိုပြဿနာကို ဘယ်လိုမျိုး ထိန်းချုပ်နိုင်သလဲဆိုတာကို ပြန်လည်သုံးသပ်ကြည့်လိုက်ပါ။ ထိန်းချုပ်နိုင်တဲ့ စွမ်းအားတစ်မျိုး ရရှိသွားပြီဆိုရင်တော့ ကွီးတို့ သံပုရာရည် အေးဆေးဖျော်သောက်ပြီး ကိုင်တွယ်ဖြေရှင်းနိုင်ပြီပဲ ဖြစ်ပါတယ်။

သူငယ်ချင်းများ၊ မိတ်ဆွေများထံမှ အကူအညီရယူပါ

ဘဝကြီး အချဥ်

ကွီးတို့မှာ ဘယ်လိုပြဿနာမျိုးနဲ့ ကြုံတွေ့နေရပါစေ မှီခိုအားထားရတဲ့ ပုခုံးတစ်စုံတော့ လိုအပ်မှာပါပဲ။ တခါတလေမှာ ပြဿနာ အခက်အခဲက ကြီးမားလွန်းတဲ့အခါ တစ်ယောက်တည်း ရင်မဆိုင်နိုင်ဘူးဆိုရင် သူငယ်ချင်း၊ မိတ်ဆွေများထံမှ အကူအညီရယူနိုင်ပါတယ်။ ငွေရေး ကြေးရေး အခက်အခဲပဲဖြစ်ဖြစ်၊ သမီးရည်းစား အချစ်ရေး ပြဿနာပဲဖြစ်ဖြစ်၊ မိသားစု ပြဿနာများနဲ့ ကြုံတွေ့ရတဲ့အခါ တစ်ယောက်တည်း မခံစားနိုင်တော့ဘူးဆိုရင် ယုံကြည်ရတဲ့ မိတ်ဆွေကို ရင်ဖွင့်ကာ အကူအညီ ရယူလိုက်ပါ။

ကိုယ့်ရဲ့ စကားအသုံးအနှုန်းကို ဂရုစိုက်ပါ

ဘဝကြီး အချဥ်

“ငါ လုပ်နိုင်မှာမဟုတ်ပါဘူး။ ငါကိုက အသုံးမကျတာ” စတဲ့ ကိုယ့်ကိုယ်ကိုယ် မကောင်းတဲ့အတွေးတွေ၊ စကားလုံးတွေနဲ့ မနှိပ်ကွပ်လိုက်ပါနဲ့။ ကိုယ့်ရဲ့ စကားတစ်ခွန်းသည် စိတ်ခံစားချက်တစ်ခုလုံးကို ပြောင်းလဲသွားစေနိုင်ပါတယ်။ ကွီးတို့ကို စိတ်ဓာတ်ကျသွားအောင်လည်း ပြုလုပ်နိုင်သလို၊ ခွန်အားတက်လာအောင်လည်း ကူညီပေးနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ့်ရဲ့ စကားလုံး အသုံးအနှုန်း ရွေးချယ်မှုကို သေချာဂရုစိုက်သင့်ပါတယ်။

ပြဿနာကို ဖြေရှင်းနိုင်မယ့် အလေ့အကျင့်ကောင်းများ မွေးမြူပါ

ဘဝကြီး အချဥ်

ပြဿနာတစ်ခုကို သေချာကိုင်တွယ် ဖြေရှင်းနိုင်တဲ့ အလေ့အကျင့်ကောင်းတွေ အများကြီးရှိပါတယ်။ ထိုအလေ့အကျင့်ကောင်းများကို သေချာကျင့်သုံးကြည့်မယ်ဆိုရင်တော့ ဘာပြဿနာပဲလာလာ စိတ်ညစ်မှာမဟုတ်တော့ဘဲ ပျော်ရွှင်သွားပါလိမ့်မယ်။

  • သူငယ်ချင်းများနဲ့ အပြုသဘောဆောင်တဲ့ ဆက်ဆံရေးမျိုး ဖန်တီးပါ
  • ကိုယ်ခန္ဓာ ကျန်းမာအောင် ပြုမူနေထိုင်ပါ
  • ဟာသအမြင် ရှိတတ်ပါစေ
  • ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာကို ကျန်းမာအောင် ပြုလုပ်ပါ
  • စိတ်တည်ငြိမ် အေးချမ်းအောင် တရားထိုင်ပါ
  • လက်တွေ့ဘဝကနေ ခဏလောက် ရုန်းထွက်ဖို့အတွက် စာဖတ်ပါ
  • ကိုယ့်ရဲ့ ဝါသနာများ၊ စိတ်ပါဝင်စားတဲ့အရာများအတွက် အချိန်ပေးပါ
  • အိမ်မွေးတိရစ္ဆာန်များနဲ့အတူတူ အချိန်ဖြုန်းပါ

ဒီအချက်တွေကို ကျင့်သုံးကြည့်မယ်ဆိုရင်တော့ ဘာလာလာ ရင်ဆိုင်ဖြေရှင်းနိုင်ပြီပဲ ဖြစ်ပါတယ်။

ကွီးတို့ရော ဘဝကြီး က အချဥ် တွေပဲ ပေးလာခဲ့ရင် ဘယ်လိုမျိုး ရင်ဆိုင်ဖြေရှင်းလေ့ရှိပါသလဲ။

Source: Wikihow

Featured Image: Freepik