ဘဝမှာ ပျော်ရ မပျော်ရခြင်းဟာ ကိုယ့်အပေါ်မှာလည်း အများကြီးမူတည်နေပါတယ်။ တစ်ခါတစ်လေကိုယ်ကိုင်စွဲထားတဲ့ အမူအကျင့်တွေ ခံစားမှုတွေကြောင့်လည်း ပျော်ရွှင်မှုပျောက်ဆုံးရတက်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ ဘဝမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ နေထိုင်သွားနိုင်ဖို့ရာ ကိုယ်တိုင် စွန့်လွှတ် ဖို့ လိုတဲ့ အမူအကျင့်တွေအကြောင်း ပြောပြပေးချင်ပါတယ်။
(၁) အမြဲမှန်ချင်တဲ့စိတ်ကိုစွန့်လွှတ်ပါ
Photo : Freepik
လူအများစုဟာ ကိုယ်မှားနေတယ်ဆိုတာကို သိပ်လက်မခံချင်ကြပါဘူး။ သို့သော်လူတိုင်းလူတိုင်း ဘဝမှာ အမှားနဲ့ကင်းတဲ့သူရယ်လို့လည်းမရှိတာကြောင့် ငါအမြဲမှန်တယ်ဆိုတဲ့ အတ္တစိတ်ကပဲ သင့်ဘဝရဲ့ပျော်ရွှင်မှုတွေကို တိုက်စားသွားနိုင်ပါတယ်။ ဒါကြောင့် ကိုယ်အမြဲမှန်တယ်ဆိုတဲ့စိတ်ကို စွန့်လွှတ်လိုက်ပါ။ အမှားတွေကို လက်ခံနိုင်အောင်ကြိုးစားပြီး အမှားတွေကပဲအမှန်ပြင်နိုင်အောင် သင်ခန်းစာယူတက်ရပါမယ်။
(၂) ထိန်းချုပ်ချင်တဲ့စိတ်ကိုစွန့်လွှတ်ပါ
Photo : Freepik
သင့်ပတ်ဝန်းကျင်မှာရှိတဲ့ ဖြစ်ပျက်နေတဲ့အရာတွေ ၊ အခြေအနေတွေ ၊ လူတွေအားလုံးကို သင့်ရဲ့ထိန်းချုပ်မှုအောက်မှာရှိနေစေချင်တဲ့ စိတ်ကိုစွန့်လွှတ်ရပါမယ်။ တကယ်တော့ ဒီအရာတွေ အကုန်လုံးကို သင်ထိန်းချုပ်လို့မရနိုင်ပါဘူး။ ကိစ္စတိုင်းက ကိုယ်ဖြစ်ချင်တဲ့အတိုင်း ဖြစ်မလာရင် စိတ်မပျော်မရွှင် ဖြစ်တက်တာကြောင့် သင်ထိန်းချုပ်လို့မရနိုင်တဲ့ အရာတွေကို သင့်စိတ်တိုင်းကျဖြစ်ချင်တဲ့ စိတ်ကိုစွန့်လွှတ်ဖို့ လိုအပ်ပါတယ်။
(၃) အပြစ်တင်တက်တဲ့စိတ်ကိုစွန့်လွှတ်ပါ
Photo : Freepik
သင်ခံစားရတဲ့အရာတွေ ၊ ဆုံးရှုံးမှုတွေအတွက် တခြားသူတွေကို အပြစ်တင်တက်တဲ့ စိတ်ကိုအပြီးတိုင် စွန့်လွှတ်ရပါမယ်။ ကိုယ့်ဘဝမှာ အဆင်မပြေမှုတွေကြုံလာတိုင်း တခြားအရာတွေအပေါ် အပြစ်တင်နေလို့မရနိုင်ပါဘူး။ သူများတွေကို အပြစ်တင်တာထက် ကိုယ်ပဲပြဿနာကိုမြန်မြန်ဖြေရှင်းလိုက်တာက ပိုထိရောက်မှန်ကန်တဲ့ ဆုံးဖြတ်ချက် ဖြစ်ပါတယ်။
(၄) ကြောက်စိတ်ကိုစွန့်လွှတ်ပါ
Photo : Freepik
Franklin D. Roosevelt ကပြောဖူးတယ် “ငါတို့ကြောက်ရမယ့် တစ်ခုတည်းသောအရာက ကြောက်စိတ်ပဲ” တဲ့။ မှန်ပါတယ် ကြောက်စိတ်ကလွှမ်းမိုးထားရင် မလိုအပ်တဲ့ စိုးရိမ်ပူပန်ခြင်းတွေ ၊ အတွေးလွန်ခြင်းတွေဖြစ်လာပြီး ပျော်ရွှင်မှုတွေ ပျောက်ဆုံးသွား တက်ပါတယ်။ ဒါကြောင့် ဘယ်အရာမဆိုသေချာ ဂဃနဏမသိပဲ ကြောက်နေတက်တဲ့ စိတ်ကိုအပြီးတိုင် စွန့်လွှတ််လိုက်ပါ။