ကိုယ့်ရဲ့ ဘဝလက်တွဲဖော် အစစ်အမှန် ကို ဘယ်လိုရှာဖွေနိုင်မလဲဆိုတာကို ဘယ်လိုသိနိုင်မလဲ စဉ်းစားရကြပ်နေသူများအတွက် သိသာထင်ရှားတဲ့ လက္ခဏာရပ် များအကြောင်း ပြောပြချင်ပါတယ်။
ကိုယ့်ဘဝအတွက် မှန်ကန်တဲ့ လက်တွဲဖော်ကို မတွေ့သေးခင်အချိန်အထိတော့ အသည်းကွဲခြင်း၊ အထီးကျန်ခြင်းတို့ကို ခံစားရမှာပါပဲ။ ကိုယ့်ရဲ့ ဘဝလက်တွဲဖော် အစစ်အမှန် ကို ရှာတွေ့သွားတဲ့အခါမှာလည်း ကိုယ့်ခံစားချက်က အလိုလိုသိရှိသွားမှာဖြစ်ပြီး ဘယ်လို လက္ခဏာရပ် တွေလဲဆိုတာကိုတောင် ဂရုစိုက်နေမိမှာ မဟုတ်တော့ပါဘူး။
ကိုယ့်ရဲ့ခံစားချက်က အလိုလိုသိတယ်
ဟုတ်ပါတယ်။ လူတိုင်းမှာ အလိုလိုသိမြင်ခံစားနိုင်တဲ့ အာရုံဆိုတာရှိကြပါတယ်။ ကိုယ့်အတွက် ဖူးစာဖက်အစစ်ကို တွေ့တဲ့နောက်မှာလည်း သူ့အလိုလိုခံစားသိမြင်လာမှာဖြစ်ပြီး သူ့ဘေးနားမှာ နေရတာ ပျော်ရွှင်ခြင်း၊ သက်သောင့်သက်သာရှိခြင်းတို့ကို ခံစားရတာဖြစ်ပါတယ်။
သင့်အတွက် သူငယ်ချင်းကောင်းတစ်ယောက်လို ခံစားရတယ်
အချို့သော သမီးရည်းစားဆက်ဆံရေးသည် သမီးရည်းစားအဆင့်သို့ တစ်ဆင့်တည်း တက်လှမ်းသွားကြတာမဟုတ်ပါဘူး။ သူငယ်ချင်းအဖြစ် နှစ်ရှည်လများကြာအောင် ကောင်းတူဆိုးဖက် တိုင်ပင်ဖော်တိုင်ပင်ဖက်အဖြစ် ရှိနေကြတာဖြစ်ပါတယ်။ တကယ်လို့ သူငယ်ချင်းအဆင့် မဖြစ်ဘဲ ချစ်သူသမီးရည်းစားအဆင့် တန်းရောက်သွားတဲ့အခြေအနေမျိုးမှာလည်း တစ်ယောက်နဲ့တစ်ယောက်သည် သူငယ်ချင်းကောင်းတွေလို ခံစားရတဲ့ ခံစားချက်မျိုးရှိတတ်ပါတယ်။ ကိုယ့်ရဲ့ ဘဝလက်တွဲဖော် အစစ်အမှန် ကို တွေ့ရှိပြီးတဲ့နောက်မှာ ဒီလို လက္ခဏာရပ် မျိုး ကြုံတွေ့ခံစားရမှာပါ။
သူတို့အနားမှာ နေရတဲ့အခါ စိတ်တည်ငြိမ်အေးချမ်းတယ်
ကိုယ့်ရဲ့ချစ်သူနဲ့ အချိန်အတူတူ ကုန်ဆုံးရတဲ့အခါ၊ သူ့အနားမှာ အတူတူရှိနေတဲ့အခါ စိတ်တည်ငြိမ်ပြီး ဘာကိုမှ ပူပန်နေစရာမလိုတဲ့ ခံစားချက်မျိုး ခံစားရပါသလား။ ဒါဆိုရင်တော့ သေချာပါတယ်။ သင်သည် သင့်ရဲ့ လက်တွဲဖော်ကို ရှာဖွေတွေ့ရှိခဲ့ပြီပဲ ဖြစ်ပါတယ်။ စစတွဲခါစမှာတော့ စိတ်လှုပ်ရှားရတဲ့ ခံစားချက်မျိုးတော့ ခံစားရပါလိမ့်မယ်။ နောက်ပိုင်းကျမှ တဖြည်းဖြည်းနဲ့ တည်ငြိမ်အေးချမ်းမှုကို ရှာဖွေတွေ့ရှိသွားမှာဖြစ်ပါတယ်။
သင်တို့သည် တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်လေးစားကြတယ်
သမီးရည်းစားဆက်ဆံရေးတစ်ခုဆိုတာ အပြန်အလှန်လေးစားမှုအပေါ်မှာ အခြေခံတာဖြစ်ပါတယ်။ တကယ်လို့ သင်တို့နှစ်ယောက်သည် တစ်ယောက်အပေါ်တစ်ယောက် အပြန်အလှန်လေးစားမှုမရှိဘူးဆိုရင် သေချာပါတယ်။ သင်တို့သည် ဖူးစာဖက်တွေမဟုတ်ပါဘူး။ တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြတဲ့ ဖူးစာဖက်တွေဆိုတာ တစ်ယောက်ရဲ့ ခံစားချက်ကို တစ်ယောက် နားလည်ပေးကြပြီး တစ်ယောက်ကိုတစ်ယောက် လေးစားသမှု ရှိကြပါတယ်။
အရေးကြီးတဲ့အရာများအပေါ် သဘောထားတိုက်ဆိုင်ကြတယ်
ရုပ်ရှင်ရုံမှာ ဘယ်ဇာတ်ကားမျိုး ကြည့်ချင်သလဲ၊ ပီဇာမှာစားတဲ့အခါ ဘယ်လို Toppings မျိုး ဖြည့်ချင်သလဲ အစရှိတာတွေအပေါ်တော့ သဘောထား တိုက်ဆိုင်ချင်မှ တိုက်ဆိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ဘဝအတွက် အရေးကြီးတဲ့ အရာများအပေါ်မှာ ဆုံးဖြတ်ချက်ချမှတ်ရတဲ့အခါမှာတော့ နှစ်ယောက်သား အမြင်တူအောင် ညှိယူကြပြီး ညှိနှိုင်းဆောင်ရွက်ကြလေ့ရှိပါတယ်။
ဘဝရည်မှန်းချက်များ တူညီကြတယ်
ရည်မှန်းချက် ကြီးမားတဲ့သူနဲ့ ဘဝရည်မှန်းချက် လုံးဝမရှိတဲ့သူနှစ်ယောက်တို့သည် ရေရှည်သည် အဆင်ပြေကြမှာမဟုတ်ပါဘူး။ နောက်ဆုံးမှာတော့ တစ်ယောက်နဲ့ တစ်ယောက် နားမလည်နိုင်ဖြစ်ပြီး စိတ်နာလာကြပါလိမ့်မယ်။
ရည်မှန်းချက် ကြီးမားသူကလည်း အခြားတစ်ယောက်ကို အားမလို အားမရဖြစ်လာပြီး ရည်မှန်းချက် မရှိသူကျပြန်တော့လည်း တစ်ဖက်လူက ကြိုးစားနေရတဲ့အခါ သူ့အပေါ်တော့ အချိန်မပေးဘူး စတဲ့ အထင်အမြင်လွဲမှားမှုတွေ ဖြစ်လာပြီး နောက်ဆုံးမှာတော့ လမ်းခွဲသွားကြပါလေရော။
ဒါပေမဲ့ ဘဝရည်မှန်းချက်ချင်း တူညီကြတဲ့ လက်တွဲဖော်ကျပြန်တော့ တစ်ယောက်ကိုတစ်ယောက် အားဖြစ်စေပြီး အနာဂတ်ပန်းတိုင်ကို အတူတူ ဖန်တီးတည်ဆောက်လို့ရသွားပြန်ပါတယ်။ သင်တို့နှစ်ယောက်သည် မိသားစုနောက်ခံ၊ ပညာအရည်အချင်း စတာတွေသည် တူချင်မှ တူပါလိမ့်မယ်။ ဒါပေမဲ့ တစ်ယောက်နဲ့တစ်ယောက်သည် ရည်မှန်းချက် တူညီနေတဲ့အခါ အရာရာသည် ညှိနှိုင်းတိုင်ပင်ရတာ အဆင်ပြေသွားပါတယ်။
ဟန်ဆောင်နေစရာမလိုဘူး
တကယ်လို့ သင်သည် သင့်ကောင်မလေးရှေ့မျာ ကိုယ်မဟုတ်တဲ့လူတစ်ယောက်လို ဟန်ဆောင်နေရတယ်ဆိုရင်တော့ သင်တို့ရဲ့အချစ်ရေးအခြေအနေသည် မကောင်းပါဘူး။ ဒီလိုမှမဟုတ်ဘဲနဲ့ ကိုယ့်ရဲ့ ပုံစံအတိုင်း စိတ်လွတ်လက်လွတ် ပျော်ပျော်ရွှင်ရွှင်နေနိုင်တယ်ဆိုရင်တော့ သင့်ရဲ့ ဘဝလက်တွဲဖော် အစစ်အမှန် ကို ရှာဖွေ တွေ့ရှိနေပြီဖြစ်ကြောင်း ဖော်ပြနေတဲ့ လက္ခဏာရပ် တစ်ခုပဲဖြစ်ပါတယ်။
ကိုယ့်ရဲ့ Relationship တစ်ခု တည်မြဲအောင် ကြိုးစားကြတယ်
Relationship တစ်ခု တည်ဆောက်ဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စတစ်ခုမဟုတ်ပါဘူး။ အခက်အခဲ အတားအဆီးတွေဆိုတာကတော့ တကွေ့မဟုတ် တကွေ့တော့ ကြုံတွေ့ရစမြဲပါပဲ။ ထိုကဲ့သို့ ကြုံတွေ့ရတဲ့အချိန်မှာ တစ်ယောက်ကိုတစ်ယောက် လက်လျော့မသွားဘဲ Relationship တစ်ခု ဒီ့ထက်ပိုမိုခိုင်မြဲလာအောင် တည်ဆောက်ယူကြတယ်ဆိုရင်တော့ သင့်တို့နှစ်ယောက်သည် တစ်ယောက်အတွက်တစ်ယောက် စစ်မှန်တဲ့ ဖူးစာဖက်တွေပဲဖြစ်ကြပါတယ်။
တစ်ယောက်အကြောင်းတစ်ယောက် နားလည်ကြတယ်
တစ်ယောက်နဲ့ တစ်ယောက်နားလည်ဖို့ဆိုတာသည်လည်း အချိန်ယူကာ တည်ဆောက်ရတဲ့အရာတစ်ခုဖြစ်ပါတယ်။ အချိန်တစ်ခုရောက်လာလို့ တစ်ယောက်အကြောင်း တစ်ယောက်သိနားလည်လာပြီး သူ့အတွက် ကိုယ့်အတွက် လိုအပ်မယ့်အရာတွေကို ဖြည့်ဆည်းပေးချင်စိတ် ဖြစ်ပေါ်လာခြင်းသည်လည်း စစ်မှန်တဲ့ ဖူးစာဖက်များသာ ပြုလုပ်လေ့ရှိကြတဲ့အရာတစ်ခုပါ။
တစ်ယောက်ကို တစ်ယောက် စိတ်ချယုံကြည်ကြတယ်
တစ်ယောက်နဲ့တစ်ယောက်ကြား တတိယလူဝင်လာမှာကို စိုးထိတ်နေရတဲ့ပြဿနာသည် သင်တို့ရဲ့ချစ်ခြင်းတရားမခိုင်မြဲသေးလို့လည်း ဖြစ်နိုင်သလို တစ်ယောက်ကိုတစ်ယောက် ယုံကြည်မှုမရှိသေးလို့ပါပဲ။ တစ်ယောက်ရဲ့အချစ်ကို အခြားတစ်ယောက်က ရာနှုန်းပြည့်ယုံကြည်ပြီဆိုရင်တော့ တတိယလူ ဘယ်လောက်ပဲ ဝင်လာပါစေ ထိုလူသာ အရှက်တကွဲအကျိုးနည်းဖြစ်သွားမှာဖြစ်ပါတယ်။ ဒီလိုမျိုး ယုံကြည်မှုရရှိဖို့ရန်အတွက်လည်း ကိုယ့်ရဲ့အပြုအမူတွေသည် ယုံကြည်စရာကောင်းနေရမှာဖြစ်ပါတယ်။
တစ်ယောက်ကိုတစ်ယောက် ကူညီဖေးမကြတယ်
တစ်ယောက်က နာကျင်ရတဲ့အချိန်၊ စိတ်ဓာတ်ကျနေရတဲ့အချိန်မှာ ပစ်ပယ်မထားဘဲ တစ်ယောက်ကို တစ်ယောက် ကူညီဖေးမခြင်းသည်လည်း ဘဝလက်တွဲဖော် အစစ်အမှန် တို့သာ ပြုမူလေ့ရှိကြတဲ့ လက္ခဏာတစ်ရပ် ပဲဖြစ်ပါတယ်။
ဒီအချက်များအားလုံးကို ကြုံတွေ့ခံစားနေရပြီဆိုရင်တော့ သေချာပါတယ်။ သင့်ရဲ့ ဘဝလက်တွဲဖော်အစစ်အမှန်ကို ရှာဖွေတွေ့ရှိသွားခဲ့ပါပြီ။
Source: Seventeen
Featured Image Source: Yourtango