ကြီးပွားချမ်းသာတာကို လူတိုင်းလိုချင် ကြပါတယ်။ သို့သော်လည်း လူတိုင်းတော့ ကြီးပွားချမ်းသာခြင်း မရှိကြပါဘူး။ ကိုယ့်ရဲ့ လုပ်ဆောင်ချက်တွေ၊ အမူအကျင့်တွေ၊ ကြိုးစားအားထုတ်မှုတွေပေါ် မူတည်ပြီး ကိုယ်ရရှိတဲ့ ချမ်းသာကြွယ်ဝမှု ကလည်း ကွာဟသွားပါတယ်။ ကွီးတို့က ဘဝ မှာ ချမ်းသာ ချင်တယ်ပဲ တွေးနေပြီး အခုဖော်ပြတဲ့ အချက်များကို လုပ် နေတုန်းဆိုရင်တော့ အချည်းနှီးပါပဲ။

ဘဝ မှာ ချမ်းသာ ချင်ရင် ဘယ် အကျင့်ဆိုးတွေကို မ လုပ် သင့်ဘူးလဲ ဆိုတာကို ကွီးတို့ သိပါသလား။

money

  • မလိုအပ်ဘဲနဲ့ စိတ်ကူးပေါက်တိုင်း တွေ့သမျှအရာတွေ လျှောက်ဝယ်နေခြင်း
  • ကိုယ်ရတဲ့ လခထက် ပိုသုံးပြီး အကြွေးတွေ တင်နေခြင်း
  • ရင်းနှီးမြှုပ်နှံမှု မရှိခြင်း
  • တစ်နေ့တာ အသုံးစရိတ်များကို စာရင်း မမှတ်ထားခြင်း
  • စုဆောင်းဖို့ထက် သုံးဖြုန်းဖို့ကိုသာ ခေါင်းထဲ တွေးနေခြင်း
  • သူတစ်ပါး အထင်ကြီးအောင် တမင်တကာ သုံးပြနေခြင်း
  • ပိုက်ဆံကို ဘယ်လို ပွားများလာအောင် ပြုလုပ်ရမလဲဆိုတဲ့ အိုင်ဒီယာများ မရှိခြင်း
  • ပျင်းရိခြင်း အစရှိတဲ့ အကျင့်ဆိုးများက ကွီးတို့ ဘဝ မှာ ချမ်းသာ မလာအောင် တွန်းပို့နေတဲ့ အချက်များဖြစ်တာကြောင့် ကွီးတို့ ဆီမှာရော ဒီအကျင့်ဆိုးတွေ ပြု လုပ် နေမိပြီလားဆိုတာ ပြန်လည် ဆန်းစစ်ဖို့ လိုအပ်ပါတယ်။

ဒါဆိုရင် ကြီးပွားတိုးတက်ချမ်းသာလာအောင် ဘာတွေ လုပ်ဆောင်ဖို့လိုမလဲ။

ငွေကြေးနဲ့ ပတ်သတ်ပြီး ပန်းတိုင်များ ထားရှိပါ

ဘဝ ချမ်းသာ လုပ်

ကြီးပွားချမ်းသာဖို့ သံန္နိဌာန် ချထားသူများအတွက် အထောက်အကူပြုမယ့် အချက်တစ်ချက်ကတော့ ငွေကြေးနဲ့ ပတ်သတ်တဲ့ ပန်းတိုင်များ ထားရှိခြင်းပါပဲ။ ငွေကြေးနဲ့သက်ဆိုင်သော ပန်းတိုင်လို့ ဆိုရာတွင် ကိုယ်ပိုင်လုပ်ငန်း လုပ်နေတဲ့သူဆိုပါက ဒီလထက် နောက်လဝင်ငွေပမာဏ ပိုများအောင်ကြိုးစားခြင်း၊ လစာဝင်ငွေ ပုံသေရတဲ့ လုပ်ငန်းခွင်ကသူများကတော့ ကိုယ်ပိုင် Budget ထက်ကျော်လွန်မသုံးစွဲမိခြင်း၊ လစဉ်ပိုငွေ သို့မဟုတ် စုငွေ ပိုများအောင် သတိထားပြုမူနေထိုင်ခြင်း စသည်တို့ ပဲဖြစ်ပါတယ်။ဘယ်အချိန်အတိုင်းအတာတွင် ငွေကြေးပမာဏ ဘလောက်စုမိရမယ် စတဲ့ပန်းတိုင်မျိုးလည်း ထားရှိပါ။ ဥပမာအားဖြင့် နောက် ၅ နှစ်၊ နောက် ၁၀ နှစ် စသည့်ဖြင့် အချိန်တစ်ခု သတ်မှတ်ပြီး ထိုအချိန်မှာတော့ဖြင့် ဘယ်လောက်အတိုင်းအတာထိ ချမ်းသာရမယ်ဆိုတဲ့ ပန်းတိုင်ကို ထားရှိဖို့ကို ဆိုလိုပါတယ်။ဒါ့အပြင် ငွေကြေးအတိုင်းအတာ ဘယ်လောက်မှာ ရင်းနှီးမြှပ်နှံမှု စတင်မယ်၊ ကိုယ်ပိုင်လုပ်ငန်းကို စတင်မယ်စတဲ့ ကိုယ်လျှောက်လှမ်းချင်တဲ့ လမ်းအလိုက်လည်း ပန်းတိုင်များ ချမှတ်နိုင်ပါတယ်။ ပန်းတိုင်တစ်ခုချင်းစီမှသည် ကိုယ်လိုချင်တဲ့ နောက်ဆုံးပန်းတိုင်အထိ ဖြည်းဖြည်းချင်း လျှောက်လမ်းသွားပါ။

အကြွေး (လုံးဝ) မယူပါနဲ့

ဘဝ ချမ်းသာ လုပ်

အကြွေးယူလိုက်၊ ပြန်ဆပ်လိုက်နဲ့ အကြွေး သံသရာထဲမှာ လည်ပတ်နေမယ် ဆိုရင်တော့ သူဌေးဖြစ်လာဖို့ အလားအလာ မရှိတော့ပါဘူး။ အကြွေး သံသရာထဲမှာပဲ ပိတ်မိနေတဲ့အခါ ပိုက်ဆံစုဖို့လည်း မဖြစ်နိုင်တော့ပါဘူး။ ဒါ့ကြောင့် ဝင်ငွေနဲ့ ထွက်ငွေကို မျှတအောင် ပြုလုပ်ပြီး အကြွေး မယူရအောင် ကြိုးစားပါ။ ရင်းနှီး မြှုပ်နှံဖို့ ပိုက်ဆံမလုံလောက် သေးဘူးဆိုရင်လည်း ချေးငှားယူပြီး စီးပွားရေး စလုပ်ခြင်းထက် ရင်းနှီးမြှုပ်နှံဖို့ အရင်းအနှီး စုဆောင်းမိအောင် အရင်ကြိုးစားလိုက်ပါ။

ဝင်ငွေ ပိုတိုးအောင် ကျင့်ကြံ လုပ်ဆောင်ပါ

ဘဝ ချမ်းသာ လုပ်

ဝင်ငွေများများ ပိုဝင်ဖို့ဆိုရင် လုပ်ဆောင်ရမယ့် နည်းလမ်း (၃) မျိုးရှိပါတယ်။ ပထမတစ်နည်းက လစာ တိုးတောင်းဖို့ ပြောတာ၊ ဒုတိယတစ်နည်းကတော့ အချိန်ပို ဆင်းတာ၊ နောက်ဆုံးတစ်နည်းကတော့ ပထမအလုပ်လုပ်နေရင်းနဲ့ပဲ ထိုအလုပ်ချိန်နဲ့ လွတ်မယ့် အချိန်ပိုင်းအလုပ်တစ်ခု လုပ်ကိုင်တာ စတဲ့ နည်းလမ်းတွေပဲ ဖြစ်ပါတယ်။

ထိုနည်းလမ်းများထဲမှ ကွီးကြိုက်နှစ်သက်ရာ နည်းလမ်းကို အသုံးပြုကာ ဝင်ငွေများများ ဝင်အောင် ကြိုးစားလိုက်ပါ။ တဖြည်းဖြည်းနဲ့ ကွီးတို့ဘဝမှာ ဝင်ငွေ တိုးလာပြီး ကြီးပွားတိုးတက် ချမ်းသာလာမှာ အမှန်ပါပဲ။

Source: Forbes

Featured Image: Lakelifewealthadvisorygroup