တကယ်တော့ ဘဝမှာ ကျင့်ကြံနေထိုင်ဖို့ ကြိုးစားသင့်တဲ့ သဘောတရားတွေ ၊ ဘဝခံယူချက်တွေရှိသလို ကိုယ်တိုင်လိုက်နာသင့်တဲ့ ကျင့်ဝတ်တွေလည်း ရှိပါတယ်။ အထူးသဖြင့် ယောက်ျားလေးတွေအနေနဲ့ ဘဝ မှာ စည်းမျဉ်းစည်းကမ်း တွေရှိခြင်းက ကိုယ်လုပ်သမျှအတွက် အရေးကြီးပါတယ်။ အခုပြောပြပေးမှာက ယောက်ျားတစ်ယောက်အနေနဲ့ ကွီးတို့ ထားရှိသင့်တဲ့ စည်းမျဉ်းစည်းကမ်း ၄ ခု အကြောင်း ဖြစ်ပါတယ်။
(၁) ဘဝကို ယုံကြည်မှု ရှိပါ
Photo : iStock
ကိုယ့်ဘဝမှာ ပုံမှန်မဟုတ်တဲ့ အခွင့်အလမ်းသစ်တွေနဲ့ လမ်းညွှန်မှုတွေရဖို့ဆိုရင် ကိုယ့်ဘဝကို ကိုယ်ယုံကြည်မှု ရှိဖို့လိုပါတယ်။ ကိုယ့်ရဲ့ အကြောက်တရားတွေကို ရင်ဆိုင်ရဲပြီ သမာသမတ်ကျကာ ယုံကြည်မှုရှိတဲ့ အမျိုးသားတွေ ဒီနေ့ခေတ်မှာ ရှားပါးလာတဲ့အတွက် ကိုယ်သာ ဒီလိုလူမျိုးဆိုရင် လူအများကလည်း လေးစားကြမှာပါ။ ယုံကြည်မှုပိုရှိတဲ့ ယောက်ျားတွေဟာ အိပ်မက်နောက်ကို လိုက်ဖို့ မကြောက်တာကြောင့် ဘဝမှာ ပိုအောင်မြင်ပြီး ဖြစ်ထွန်းတတ်တယ်လို့ ဆိုကြပါတယ်။
(၂) အကျင့်စာရိတ္တ ကောင်းမွန်ပါ

Photo : iStock
အခုလို အရမ်းအပြိုင်အဆိုင်များတဲ့ခေတ်မှာ ကိုယ်ရည်ကိုယ်သွေးနဲ့ ပတ်သတ်ပြီး မပြိုင်နိုင်ဘူးဆိုရင်တော့ နောက်ကျန်ခဲ့ပါလိမ့်မယ်။ ဒါကြောင့် အကျင့်စာရိတ္တကောင်းမွန်ပြီး ပျင်းရိတဲ့အကျင့်တွေကို ချန်ထားဖို့ အရေးကြီးပါတယ်။ အကျင့်စာရိတ္တကောင်းမွန်တာက ကွီးတို့အတွက် တစ်ခုတည်းသော တွန်းအားဖြစ်ပြီးတော့ ကိုယ့်ဘဝအတွက် အသိအမှတ်ပြုခံရမယ့် အရည်အချင်းတစ်ခု ဖြစ်လာမှာပါ။ ကိုယ့်ကိုယ်ကို တိုးတက်မှုရှိလာတာကို သိတဲ့အတွက် အလုပ်လုပ်တဲ့နေရာမှာလည်း ယုံကြည်မှု ပိုရှိလာစေမှာ ဖြစ်ပါတယ်။
(၃) ဝါသနာတစ်ခု ထားရှိပါ

Photo : iStock
ယောက်ျားလေးတိုင်းမှာ သူတို့အတွက် ယောက်ျားပိုဆန်စေမယ့် ဝါသနာတစ်ခုတော့ရှိသင့်ပါတယ်။ ဥပမာ – ဂေါက်ရိုက်တာ ၊ ငါးမျှားတာ ၊ စာရေးတာ ၊ ဘောလုံးကန်တာ ၊ ဘတ်စကက်ဘော ကစားတာစသဖြင့် ယောက်ျားလေးတစ်ယောက်အနေနဲ့ ကိုယ့်ဘဝမှာ တသမတ်တည်းလုပ်ဖြစ်မယ့် ဝါသနာကောင်းတစ်ခု ရှိထားဖို့ လိုအပ်ပါတယ်။ ဒါက မိသားစု၊ အလုပ်နဲ့ ကိုယ်ရေးကိုယ်တာ ဝါသနာတွေကြားမှာ ဟန်ချက်ညီပြီး မျှတအောင်နေဖို့လည်း ကူညီပေးနိုင်ပါတယ်။
(၄) ကျန်းမာရေးကို ဂရုစိုက်ပါ

Photo : iStock
စာရင်းဇယားတွေအရ အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ငါးနှစ်ကနေ ခြောက်နှစ်လောက်စောပြီး သေဆုံးနိုင်ခြေရှိတဲ့အတွက် အမျိုးသားတိုင်း ကိုယ့်ရဲ့ ကျန်းမာရေး ကို ပိုသတိကြီးကြီး ထားရှိသင့်ပါတယ်။ လေ့ကျင့်ခန်းလုပ်တာက အမျိုးသားတွေအနေနဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ရောဂါတော်တော်များများကို ကာကွယ်နိုင်တာဖြစ်တဲ့အတွက် ကိုယ်လက်လှုပ်ရှားမှု တစ်ခုခုလုပ်ဖို့ အရေးကြီးပါသည်။ ယေဘူယျအားဖြင့် ကျန်းမာစွာနေထိုင်တဲ့အခါ ကိုယ့်ဘဝမှာ ပိုမိုကောင်းမွန်လာတယ်လို့ ခံစားရပြီးတော့ အိပ်မက်တွေနဲ့ ပန်းတိုင်တွေ နောက်ကိုလိုက်ဖို့ စိတ်သွားတိုင်းကိုယ်ပါပြီး ပိုလွယ်ကူစေမှာ ဖြစ်ပါတယ်။
Featured Photo : Freepik

