အမှန်တရားတစ်ခု ရှိပါတယ်။ ဒါကတော့ ဘဝဆိုတာ အမြဲတမ်း ကိုယ်ဖြစ်ချင်တဲ့အတိုင်း သာယာချောမွေ့နေမှာ မဟုတ်ဘူး ဆိုတာပါပဲ။ တစ်ခါတစ်လေမှာ သင်မကြုံချင်တဲ့ နာကျင်မှု ဝေဒနာတွေကို ကောင်းကောင်းကြီး ကြုံတွေ့ ခံစားရနိုင်ပါတယ်။ ဒါဟာ ဝမ်းနည်းစရာတော့ မဟုတ်ပါဘူး။ တကယ်တော့ နာကျင်မှုတွေဆိုတာ လူတွေကို ပြောင်းလဲသွားစေတဲ့ ဆရာသခင်ပါ။ နာကျင်မှုတွေကပဲ သင့်ကို ပိုရင့်ကျက်လာစေတယ် ၊ ပိုကောင်းတဲ့ လူတစ်ယောက်အဖြစ်ကို ပြောင်းလဲပေးနိုင်တာပါ။ ဒီတစ်ခေါက်တော့ ဘဝမှာ ကြုံတွေ့ရတဲ့ နာကျင်မှု တွေကို ဘာကြောင့် ကြိုဆိုလက်ခံသင့်လဲ ဆိုတဲ့ အကြောင်းအရင်း အချို့ကို ပြောပြပေးချင်ပါတယ်။

(၁) ဘဝရဲ့ အနှစ်သာရကို ပုံဖော်ပေးတယ်

 Life

Photo : Wallpaper Flare

နာကျင်မှု တွေက သင့်ဘဝကို ကွဲပြားစွာရှုမြင်တက်စေပြီး ဘဝရဲ့အနှစ်သာရကို နားလည်စေပါတယ်။ ဘဝဆိုတာ အမြဲတမ်း အချိုတွေပဲ မပေးပါဘူး။ ဘဝမှာ ခါးသီးတဲ့ အမှန်တရားတွေ ရှိတယ်ဆိုတာကို နာကျင်မှုတွေကနေတဆင့် နားလည်လာစေ နိုင်ပါတယ်။ ဆိုတော့ သင့်ဘဝမှာ သင်မလိုချင်တဲ့ ခါးသီးမှုတွေ ကြုံရတဲ့အခါ ဒါဟာ ဘဝရဲ့အနှစ်သာရ ပါလားဆိုတာကို လက်ခံတက်လာစေမှာ ဖြစ်ပါတယ်။

(၂) သင့်ကို ပိုသန်မာစေတယ်

Successful man Happiness

Photo : Pxfuel

ဘဝဟာ အမြဲတမ်း စိန်ခေါ်မှု ၊ စမ်းသပ်မှုတွေနဲ့ ပြည့်နှက်နေတာပါ။ နာကျင်မှုတွေက သင်ဘယ်လောက် ခံနိုင်ရည်ရှိလဲဆိုတာကို စမ်းသပ်ပေးနေပါတယ်။ နာကျင်မှုတွေ ကြုံရပြီးတိုင်းမှာ သေချာတာကတော့ သင်ဟာ အရင်ကထက် ပိုသန်မာလာမှာ ဖြစ်ပါတယ်။ ဒါကြောင့် နာကျင်မှုတွေက ဘဝရဲ့ခက်ခဲတဲ့ အခြေအနေတွေကို ရင်ဆိုင်နိုင်ဖို့နဲ့ သင့်ကို ပိုသန်မာတဲ့ လူတစ်ယောက်ဖြစ်အောင် ပြင်ဆင်ပေးနေပါတယ်။

(၃) ပျော်ရွှင်မှုကို ရှာဖွေတွေ့ ရှိနိုင်တယ်

Happiness

Photo : I am Optimism Man

လူတွေဟာ နာကျင်မှုတွေနဲ့ ကြုံရတဲ့အခါ ဝေဒနာတွေကနေ လွှတ်မြောက်ပြီး ခံစားချက်တွေ သက်သာလာစေဖို့ နည်းလမ်းတွေကို ရှာဖွေကြပါတယ်။ ဘယ်အရာတွေက သင့်ကို စိတ်ပျော်စေလဲ ၊ သင့်ကို သက်တောင့်သက်သာဖြစ်စေလဲဆိုတဲ့ အဖြေကို သင်ကိုယ်တိုင် ရှာဖွေတွေ့ရှိနိုင်စေဖို့ ကူညီပေးပါတယ်။ ဒါကြောင့် နာကျင်မှုတွေကနေတဆင့် သင်ကိုယ်တိုင် သင့်ကိုပျော်ရွှင်မှု ရှာဖွေတက်စေဖို့ သင်ပြပေးနေမှာ ဖြစ်ပါတယ်။

(၄) သတ္တိပို ရှိလာစေမယ်

Pain

Photo : Licensed Mental Health Counselor

ဘဝမှာ နာကျင်စရာတွေ ကြုံရတိုင်း တကယ်တမ်း ကျော်ဖြတ်ရမှာကတော့ သင်ကိုယ်တိုင်ပါပဲ။ သင့်အတွက် ဘယ်သူမှ အမြဲတမ်း ရှိမနေနိုင်ပါဘူး။ သင့်ဘဝကို သင်ကိုယ်တိုင်ပဲ ပဲ့ကိုင်ပြီး နာကျင်မှုတွေ ၊ ရှုံးနိမ့်မှုတွေထံကနေ ရုန်းထရမှာပါ။ အဲ့ဒီရဲ့ အကျိုးဆက်ကတော့ သင့်ကိုယ်သင် ပိုပြီး ယုံကြည်မှု ရှိလာစေတယ်။ သင်ဟာ အရင်ကထက် အတွေ့အကြုံတွေ ပိုရင့်သန်လာမယ် ၊ ပိုသန်မာလာမယ် ၊ ဆုံးဖြတ်ချက်တွေ ပိုပြတ်သားလာမယ်။ ဘယ်လောက်ပဲ ခက်ခဲတဲ့ အခြေအနေတိုင်းကိုမဆို ကျော်ဖြတ်ရဲတဲ့ သတ္တိတွေ သင့်မှာရှိလာမှာ ဖြစ်ပါတယ်။

Source : Collective World

Featured Photo : LinkedIn