အလေ့အကျင့်တစ်ခုကို ဖန်တီးဖို့အတွက် ရက်သတ္တပတ် ၆ ပတ် လိုအပ်တယ်လို့ ကွီးတို့ သိထားကြတာမျိုးရှိပါလိမ့်မယ်။ ဒါပေမဲ့ သိပ္ပံက ထိုရက်သတ္တပတ် ၆ ပတ်က မသေချာ မရေရာဘူးဆိုပြီး ဖော်ပြထားပါတယ်။ သိပ္ပံနည်းကျ အတည်ပြုထားတဲ့အချက်အရ အလေ့အကျင့်ကောင်းတစ်ခု စွဲကပ်ဖို့အတွက် ၁၈ ရက်ကနေ ၂၅၄ ရက် ကြာမြင့်တယ်လို့ အတိအကျ ဖော်ပြထားပါတယ်။ ကွီးတို့လည်း ကိုယ့်ရဲ့ ဘဝ ကို အပြောင်း အလဲ ကြီး ပြောင်းလဲ ပစ်ချင်တယ်ဆိုရင်တော့ ၁၈ ရက်ကနေ ၂၅၄ ရက် အချိန်ပေးဖို့ လိုအပ်ပါလိမ့်မယ်။

ကြီးကြီးများများ ပြောင်းလဲစရာ မလိုပါဘူး။ သေးငယ်တဲ့ အလေ့အကျင့်လေးတွေကလည်း ကွီးတို့ရဲ့ ဘဝ ကို ကြီးကြီးမားမား ပြောင်းလဲ ဖို့အတွက် ကူညီပေးနိုင်ပါတယ်။ ဘယ်လိုအချက်တွေကို လိုက်နာ ကျင့်သုံးရမလဲဆိုတာ အတူတူ ဆက်လေ့လာကြည့်လိုက်ရအောင်။

ဘယ်လောက်ပဲ သေးငယ်တဲ့ အရာဖြစ်ပါစေ ကိုယ့်ကိုယ်ကိုယ် ချီးမွမ်းတတ်ခြင်း

man success

“တယ်တော်လိုက်တဲ့ ငါပါလား”လို့ တီးတိုး ရေရွတ်လိုက်တာမျိုး (သို့) ကိုယ့်ကိုယ်ကိုယ် အရည်အချင်းတွေ တိုးတက်လာတယ်လို့ ခံယူလိုက်တာမျိုး (သို့) ကိုယ့်ရဲ့ အရည်အချင်းကို ကိုယ်ကိုယ်တိုင် အသိအမှတ် ပြုုတာမျိုး အစရှိတဲ့ အချက်တွေနဲ့ ကိုယ့်ကိုယ်ကိုယ် ချီးမွမ်းတတ်ဖို့ လိုပါမယ်။ လေ့လာချက်များအရ ဒီလိုမျိုး ကိုယ့်ကိုယ်ကိုယ် ချီးမွမ်းလိုက်ခြင်းက ကွီးတို့ရဲ့ အကောင်းမြင်စိတ်ကို ပိုမိုကြီးထွား လာစေပါတယ်။ ဒါ့အပြင် ကွီးတို့ ဦးနှောက်ထဲက Dopamine ကိုလည်း ထုတ်လွှတ်ပေးပြီး စိတ်ခံစားချက်များကို ကောင်းမွန်စေလာပါတယ်။ ဒါ့ကြောင့် ဘယ်လောက်ပဲ​ သေးငယ်တဲ့ အရာပဲဖြစ်ပါစေ ကိုယ့်ကိုယ်ကိုယ် ချီးမွမ်းတတ်ဖို့ လိုအပ်ပါတယ်။​

တိကျသေချာတဲ့ အချိန်ဇယားတစ်ခု ရေးဆွဲထားပြီး သေချာ လိုက်နာခြင်း

ဘဝ အပြောင်း

အလေ့အကျင့်ကောင်းတစ်ခု စွဲကပ်ဖို့အတွက် တိကျသေချာတဲ့ အချိန်ဇယားတစ်ခု ရေးဆွဲထားဖို့ လိုအပ်ပါတယ်။ ထိုအချိန်ဇယားအတိုင်း နေ့စဥ် လိုက်လုပ်မယ်ဆိုရင်တော့ ကွီးတို့ဆီမှာ အလေ့အကျင့်ကောင်းများ စွဲကပ်ဖို့ ဘဝ ကြီးက အပြောင်း လဲကြီး တိုးတက်ပြောင်းလဲ လာတဲ့အခါ ပိုမို မြန်ဆန်လာမှာပဲ ဖြစ်ပါတယ်။ အကောင်းဆုံးကတော့ မနက်ဖြန်မှာ ဘာလုပ်ရမလဲဆိုတာကို အိပ်ရာမဝင်ခင်ညမှာ တစ်ခါတည်း အစီအစဥ် ရေးဆွဲထားလိုက်ပါ။ တစ်ပတ်လောက် ကြိုးစား အားထုတ်ကြည့်လိုက်ရင်ပဲ သိသာတဲ့ ရလာဒ်တွေကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။

ပန်းတိုင်တစ်ခု ချမှတ်ထားခြင်း

ဘဝ အပြောင်း

ကွီးတို့ရဲ့ အောင်မြင်မှုကို မြန်မြန်ဆန်ဆန် ရယူချင်တယ်ဆိုရင်တော့ တိကျသေချာတဲ့ ပန်းတိုင်တစ်ခု ချမှတ်ထားသင့်ပါတယ်။ လက်တွေ့ဆန်ပြီး တိကျသေချာတဲ့ ပန်းတိုင်တစ်ခုက ကွီးတို့ရဲ့ စိတ်ဓာတ်ကို တက်ကြွနေစေပြီး ပျင်းရိတတ်ခြင်း၊ အချိန်ဆွဲတတ်တဲ့ အကျင့်ဆိုးများကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။

တစ်နေ့တာ ကုန်ဆုံးသွားတဲ့အခါမှာ ကိုယ့်ရဲ့ တစ်နေ့တာကို ပြန်လည် သုံးသပ်ခြင်း

ဘဝ အပြောင်း

တစ်နေ့တာလုံးမှာ ဘယ်လို ဖြတ်သန်းခဲ့သလဲ၊ ဘာတွေ လေ့လာ သင်ယူခဲ့သလဲ စတာတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်လည် ဆန်းစစ်ကာ သုံးသပ်ကြည့်လိုက်ပါ။ လေ့လာချက်များအရ ဒီလိုမျိုး ကိုယ့်ရဲ့ တစ်နေ့တာကို ပြန်လည် သုံးသပ်ခြင်းက ကွီးတို့ကို ပိုမိုပျော်ရွှင်စေပြီး ပိုပြီး ဖြစ်ထွန်းစေတယ်လို့ ဖော်ပြထားပါတယ်။ ဒီလိုမျိုး ပြန်လည် သုံးသပ်တတ်သူတွေက ပြန်လည် မသုံးသပ်သူများထက် အောင်မြင်မှုက ပိုမို မြန်ဆန်တယ်လို့လည်း ဖော်ပြထားပါသေးတယ်။

ကွီးတို့ရော ကိုယ့်ရဲ့ တစ်နေ့တာကို ပြန်လည် သုံးသပ် ဆန်းစစ်ကြရဲ့လား။

Source :  Linkedin

Featured Photo : Telegraph.co.uk