စာရေးသူတို့ဘဝမှာ အောင်မြင် မှုရဖို့အတွက် သေချာပေါက် စွန့်လွှတ်ရမယ့် အရာတွေ ရှိပါတယ်။ ဘဝမှာ အမှန်တကယ် အောင်မြင်မှုတွေ အကြိမ်ကြိမ် ရနေပါတယ်ဆိုတဲ့ သူတွေကို ကြည့်မယ်ဆိုရင်လည်း အောင်မြင်မှု မရခင်မှာ အရင်ဆုံး စွန့်လွှတ်ခဲ့ရတာတွေမှ အများကြီးပါပဲ။ အခုပြောမယ့် အရာတွေကတော့ ကွီးတို့ဘဝမှာ အောင်မြင်ဖို့အတွက် ဆက်မလုပ်ရမယ့် အရာတွေ ၊ တစ်နည်းအားဖြင့် အပြီး နှုတ်ဆက်ချန်ခဲ့ရမယ့် အချက်တွေအကြောင်း ဖြစ်ပါတယ်။
(၁) အချိန်ဆွဲတဲ့ အကျင့်ကို စွန့်လွှတ်ပါ
Photo : Medium
ကွီးတို့ တကယ် အောင်မြင် ချင်ရင် နိုးကြားထကြွမှုအပြည့် ရှိဖို့ လိုပါတယ်။ ဘဝမှာ လုံ့လကြီးပြီး ဝီရိယအားကောင်းသူဟာ အထိုက်အလျောက် နေရာရမှာ အမှန်ပါပဲ။ အချိန်ဆွဲတာဟာ ကိုယ့်ရဲ့ တိုးတက်နိုင်မယ့် အလားအလာတွေကို နောက်ကနေ ဆွဲထားခြင်း တစ်မျိုးလည်း ဖြစ်ပါတယ်။
(၂) တိုးတက်မှုကို ပိတ်ပင်နေတဲ့အရာတွေ ဖယ်ထုတ်ပါ
Photo : Stay at Home Mum
တစ်နေ့ထက် တစ်နေ့ ပိုကောင်းတဲ့ လူတစ်ယောက်ဖြစ်လာဖို့ ကိုယ့်ကိုယ်ကိုယ် အမြဲကတိပေးပါ။ ကိုယ့်ကို တွေဝေစေတဲ့ အရာတွေ ၊ ကိုယ့်ဘဝတက်လမ်းနဲ့ တိုးတက်မှုကို ပိတ်ပင်နေတဲ့အရာတွေကို စွန့်လွှတ်ဖယ်ရှားပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ တည်ဆောက်ပြီး ကိုယ့်အရည်အချင်းကို မြှင့်နိုင်မယ့် လူတွေနဲ့ ပေါင်းသင်းပါ။ အချိန်ရသရွေ့ ကိုယ့်ကိုယ်ကိုယ် တိုးတက်မယ့် လမ်းရှာနေသူဟာ တိုးတက်မယ့်လမ်းပေါ် တစ်နေ့ ရောက်မှာ အမှန်ပါပဲ။
(၃) မစဉ်းစားပဲ လုပ်မိနေတာတွေ အချိန်မှီ ရပ်တန့်ပါ
Photo : YourTango
စဉ်းစားချိန်ဆမှု မရှိဘဲ စွန့်စားခြင်းဟာ မိုက်မဲခြင်းလို့ ခေါ်နိုင်ပါတယ်။ စီးပွားရေးပဲ လုပ်လုပ် ၊ လူတွေနဲ့ပဲ ဆက်ဆံဆက်ဆံ သေချာချင့်ချိန်မှုအပြည့် ရှေ့ထားမှ ဆုံးရှုံးနိုင်ခြေနည်းပြီး အောင်မြင် ဖို့ အခွင့်အလမ်း များမှာဖြစ်ပါတယ်။
Source : Next Big Idea Club
Featured Photo : Medium