ဘဝ မှာ အောင်မြင် ဖို့အတွက် ပေးဆပ် ရမယ့် အရာတွေ အများကြီး ရှိပါတယ်။ ထိုအရာများကို မပေးဆပ်လိုက်ဘဲနဲ့တော့ ကွီးတို့ လိုချင်တဲ့ အောင်မြင်မှုဆိုတာကို ရရှိပိုင်ဆိုင်နိုင်မှာ မဟုတ်ပါဘူး။

ဘယ်လိုအရာတွေကို ပေးဆပ်ရမလဲဆိုတာ ကွီးတို့ သိပါသလား။

ပျော်ရွှင်စရာ အချိန်များ

happy moments

အမှန်တရားကတော့ ခါးသက်ပါတယ်။ ဒါပေမဲ့လည်း ကွယ်ဝှက်ထားလို့ မရပါဘူး။ ကွီးတို့ ဘဝ မှာ အောင်မြင် ချင်တယ်ဆိုရင်တော့ ပျော်ရွှင်စရာ အချိန်တွေကို ပေးဆပ် ဖို့ လိုအပ်ပါလိမ့်မယ်။ ထိုအချိန်များကို လက်လွှတ်ဆုံးရှုံးပြီးမှသာလျှင် အောင်မြင်မှုကို ပိုင်ဆိုင်နိုင်မှာပါ။

သင်္ချာနည်းအရ လေ့လာကြည့်လိုက်ရအောင်။

ကွီးတို့ဆီမှာ တစ်ရက်လျှင် ၂၄ နာရီ အချိန်ရပါတယ်။ ၈ နာရီလောက်က အိပ်စက်ဖို့အချိန်ဖြစ်ပြီး နောက်ထပ် ၈ နာရီလောက်က ရုံးမှာ အလုပ်လုပ်ရင်း အချိန်ကုန်ဆုံးရတာပါ။ ဒါဆိုရင်တော့ ကွီးတို့ဆီမှာ နောက်ထပ် အချိန် ၈ နာရီသာ ပိုင်ဆိုင်နိုင်မှာပါ။

ကွီးတို့ ကိုယ်ပိုင်အချိန် ၈ နာရီကို စနေ၊ တနင်္ဂနွေကို ဖယ်ထားပြီး ၅ ရက်နဲ့ မြှောက်ကြည့်လိုက်မယ်ဆိုရင် ကွီးတို့မှာ နာရီ ၄၀ အချိန်ရပါတယ်။ ထိုနာရီ ၄၀ လုံးသည် ကွီးတို့ အိပ်နေတာလည်း မဟုတ်သလို အလုပ်လုပ်နေတာလည်း မဟုတ်ပါဘူး။ ရည်မှန်းချက်တွေ အိပ်မက်တွေ မရှိတဲ့သူတွေကတော့ ထိုနာရီ ၄၀ ကို Netflix မှာ ရုပ်ရှင် စီးရီးတွေ ကြည့်ရင်း ကုန်ဆုံးမှာဖြစ်သလို တောင်စဥ် ရေမရ ဆိုရှယ်မီဒီယာ သုံးရင်း ကုန်ဆုံးသွားမှာပါ။

ဘဝ အောင်မြင် ပေးဆပ်

ဒါပေမဲ့ ကွီးတို့ကတော့ အဲ့ဒီလို လုပ်လို့ မရပါဘူး။ ကွီးတို့ လိုချင်တဲ့ အိပ်မက်၊ ကွီးတို့ရဲ့ ရည်မှန်းချက်တွေကို မြင်ယောင်ကြည့်ရင်း လုံ့လ ဝီရိယ စိုက်ထုတ်ဖို့ လိုအပ်ပါလိမ့်မယ်။ တကယ်လို့ ကွီးတို့က ထို နာရီ ၄၀ မှာ နာရီ ၂၀ လောက်ကို အကျိုးရှိရှိ အသုံးချပြီး ကိုယ့် တိုးတက်ရာ တိုးတက်ကြောင်းပဲဖြစ်ဖြစ်၊ ကိုယ့်ရဲ့ ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းအတွက်ပဲဖြစ်ဖြစ် ပြုလုပ်ဖို့ ကြံစည်နေတယ်ဆိုရင် အနာဂတ်မှာ ဘာဖြစ်လာမယ်လို့ ထင်ပါသလဲ။ တကယ်လို့သာ လက်ရှိ အချိန်ကို အကျိုးရှိရှိ အသုံးမချဘူးဆိုရင်တော့ ကွီးတို့ လိုချင်တဲ့ အနာဂတ်က တဖြည်းဖြည်း မှေးမှိန် ပျောက်ကွယ်သွားပါလိမ့်မယ်။

မကောင်းတဲ့ အတွေးအမြင်များ

ဘဝ အောင်မြင် ပေးဆပ်

မကောင်းတဲ့ အတွေးတွေဆိုတာ ပုံစံ အမျိုးမျိုးနဲ့ လာပါတယ်။ ဥပမာ ကိုယ့်ကိုယ်ကိုယ် သံသယဝင်ခြင်း၊ ကိုယ့်ရဲ့ စွမ်းဆောင်နိုင်စွမ်းအပေါ်မှာ မယုံကြည်ခြင်း၊ ကျန်းမာရေးနဲ့ မညီညွှတ်သော အစားအစာများကို စွဲလမ်းခြင်း၊ ဆိုရှယ်မီဒီယာပေါ်မှာသာ အချိန်ကုန်ခြင်း၊ လေ့ကျင့်ခန်း မလုပ်ခြင်း အစရှိတာတွေက မကောင်းတဲ့ အတွေးတွေကြောင့် ဖြစ်တည်လာတဲ့ အရာတွေပါပဲ။

ထိုမကောင်းတဲ့ အတွေးတွေကပဲ ကွီးတို့ကို အောင်မြင်မှုဆီ မရောက်လှမ်းနိုင်အောင် ဆွဲထားတာပါ။ ထိုမကောင်းတဲ့ အတွေးတွေ အကျင့်စရိုက်တွေကို စွန့်လွှတ်ပစ်ရပါမယ်။ ဒါမှသာလျှင် အောင်မြင်မှုက ကွီးတို့အတွက် ဖြစ်လာမှာပါ။

ကွီးတို့ ဘေးပတ်ဝန်းကျင်က ဘော်ဒါများ

ဘဝ အောင်မြင် ပေးဆပ်

ကွီးတို့ အများဆုံး အချိန်ကုန်ဆုံးလေ့ရှိတဲ့ သူငယ်ချင်း ငါးယောက်ကို ကြည့်ကြည့်လိုက်ပါ။ သူတို့က ဘယ်လို လူမျိုးလဲ။ ကွီးတို့က အောင်မြင်ချင်ပေမယ့် ကွီးတို့ အောင်မြင်ဖို့အတွက် ကြိုးပမ်းနေတဲ့အကြောင်း၊ ဘယ်လိုလုပ်ရမယ်ဆိုတဲ့ အကြောင်းတွေကို ဆွေးနွေးတဲ့အချိန်မှာ “အပိုတွေပါကွာ” “အပင်ပန်း ခံမနေပါနဲ့” “ငါတို့လိုပဲ ပျော်ပျော်ပါးပါးနေ၊ ဘဝကို ပျော်ပျော်ပါးပါးပဲ ဖြတ်သန်းစမ်းပါ” လို့ ပြောလာရင်တော့ ကွီးတို့သည် ဘော်ဒါအသစ် ရှာဖွေဖို့ လိုအပ်နေပြီဖြစ်ကြောင်း ဖော်ပြနေတာပါပဲ။ တံငါ နားနီး တံငါ၊ မုဆိုးနားနီး မုဆိုး ဆိုသလိုပေါ့။ ကွီးတို့က အောင်မြင်ချင်စိတ် မရှိ၊ ပျင်းရိ ပျင်းတွဲ ဖြစ်တဲ့သူအနား နေရင်တော့ ထိုသူအတိုင်းပဲ ဖြစ်လာမှာပါ။

ကွီးတို့ရော ကိုယ့်ရဲ့ ဘေးပတ်ဝန်းကျင်မှာ ဘယ်လို ဘော်ဒါတွေနဲ့ ဝန်းရံထားပါသလဲ။ ကွီးတို့ ဘဝ မှာ အောင်မြင် ဖို့အတွက် ဘာတွေကို ပေးဆပ် ပြီးပြီလဲ။

Source: Medium.com

Featured Image: Stunningmotivation.com