ဘာစီလိုနာ ကွင်းလယ်ကြယ်ပွင့် ဖရန်ကီ ဒီဂျောင်ဟာ အသင်းပရိသတ်တွေကို နှုတ်ဆက်တဲ့ သဘောနဲ့ ဘောလုံးကန်ဖိနပ် ၅ ရံနဲ့ ရှပ် ၃ ထည်ကို အလကား လက်ဆောင်ပေးပစ်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

Frenkie De Jong

Photo: Yahoosportuk

နယ်သာလန်လက်ရွေးစင်ကွင်းလယ်ကစားသမားဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ထိပ်တန်းပစ်မှတ်ဖြစ်ပြီး အဲရစ် တန်ဟက်ဂ်ဟာ အိုင်းယက်စ် ကြယ်ပွင့်ဟောင်းနဲ့ အိုးထရက်ဖို့ဒ်မှာ ပြန်လည်ဆုံစည်းချင်နေတာ ဖြစ်ပါတယ်။ ပေ့ါဂ်ဘာနဲ့ မာတစ်တို့ဟာ ယခုရာသီကုန်မှာ အသင်းနဲ့ လမ်းခွဲတော့မှာဖြစ်တာကြောင့် မန်ချက်စတာယူနိုက်တက်အသင်းဟာ ကမ္ဘာ့အဆင့် ကွင်းလယ်ကစားသမားတစ်ဦးကို မဖြစ်မနေခေါ်ယူဖို့ လိုအပ်နေတာဖြစ်ပါတယ်။

အဲဒါကြောင့် ဖရန်ကီ ဒီဂျောင်ဟာ မန်ချက်စတာယူနိုက်တက်ရဲ့ အဓိကပစ်မှတ်ဖြစ်လာခဲ့ပြီး ဘာစီလိုနာအသင်းကလည်း ဘဏ္ဍာရေးအခြေအနေကြောင့် သင့်တော်တဲ့ ကမ်းလှမ်းမှု ရလာခဲ့ရင် ထွက်ခွာခွင့်ပေးသွားနိုင်တယ်လို့ အရိပ်အမြွက် ပြောကြားထားတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အဲရစ် တန်ဟက်ဂ်ရဲ့ တပည့်ဟောင်းနဲ့ ပြန်လည်ဆုံစည်းချင်တဲ့ မျှော်လင့်ချက်ဟာ ပြည့်ဝတော့မှာဖြစ်တယ်လို့ အပြောင်းအရွှေ့ အထူးကျွမ်းကျင်သူ ဂျရတ် ရိုမဲရိုးက ၎င်းရဲ့ Twitch ချန်နယ်မှာ ပြောကြားခဲ့ပါတယ်။

Dutch Midfielder gave farewell gift as Man Utd push for transfer

Photo: heavy.com

စနေနေ့က ဘာစီလိုနာအသင်းရဲ့ လေ့ကျင့်ရေးကွင်းမှာ ရှိနေခဲ့တဲ့ ကလေးငယ်တွေထဲက တစ်ဦးရဲ့ ပြောကြားချက်အရ ဒတ်ချ်ကွင်းလယ်ကစားသမားဟာ ဘွတ်ဖိနပ် ၅ ရံနဲ့ ရှပ် ၃ ထည်ကို လက်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ ဖရန်ကီ ဒီဂျောင် အနေနဲ့ နေ့စဉ်နေ့တိုင်း လေ့ကျင့်ရေးကွင်းမှာ ရှိနေခဲ့တဲ့ ပရိသတ်တွေကို နှုတ်ဆက်ချင်တာကြောင့် အခုလို လုပ်ဆောင်ခဲ့ပုံပေါ်ပြီး သိပ်မကြာခင်အချိန်အတွင်း အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့တော့မယ်လို့ မျှော်လင့်ရပါတယ်။

Featured Photo: Daily Express