ပီအက်စ်ဂျီအသင်းနည်းပြ လူးဝစ် အင်းနရစ် ကတော့ ဒီနှစ်ဘောလုံး ရာသီကုန်မှာ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွေ့တော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့ ပြင်သစ်စူပါစတား အမ် ဘာပေ ရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး အရိပ်အမြွက် ပြောကြားလာခဲ့ပါတယ်။

Kylian Mbappe

Photo : Goal.com

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက တိုက်စစ်မှူး ဘာပေ ဟာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်းကုန်ဆုံးချိန်မှာ အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ချက်ချခဲ့တယ်လို့  သတင်းတွေဆက်တိုက် ထွက်ပေါ်ခဲ့တာပါ။

The Athletic ရဲ့ အဆိုအရ အသက် ၂၅ နှစ်အရွယ် တိုက်စစ်မှူးဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ကို ငြင်းဆိုခဲ့ပြီး ရာသီကုန်မှာ စပိန်လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်အသင်းကို အလွတ်နဲ့ ထွက်ခွာဖွယ်ရှိနေတယ်လို့ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် တနင်္ဂနွေညမှာ ယှဉ်ပြိုင်ကစားမယ့် မာဆေးလ်နဲ့ ပွဲစဉ်မတိုင်ခင် အင်တာဗျူးအစီအစဉ်တစ်ခုမှာ ပီအက်စ်ဂျီအသင်းနည်းပြ လူးဝစ် အင်းနရစ် က ဘာပေရဲ့ ပြန်ပြောင်း ဖြစ်သွားနိုင်ခြေရှိတဲ့ အနာဂတ် ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောကြား လာခဲ့ပါတယ်။

” ကျွန်တော့ကတော့ ကိုင်လီယန်အနေနဲ့ သူ့ရဲ့စိတ်ကိုသူ ပြန်ပြောင်းလာနိုင်ဦးမယ်လို့ မျှော်လင့်နေတုန်းပါပဲ။ သူအခုအချိန်အထိ ဘာမှမပြောရသေးပါဘူး။ သူ့စိတ်ကိုသူ ပြောင်းလဲခွင့် ရှိနေပါသေးတယ် ”

” ကျွန်တော်တို့ ဒီရာသီမှာ ဆုဖလားလေးခု ဆွတ်ခူးနိုင်မယ်လို့ တွေးကြည့်လိုက်မယ်ဆိုရင် ဘာပေက သူ့အနေနဲ့ ပဲရစ်မှာ ဘယ်လောက်အထိ အရေးတယ်ဆိုတာကို သိရှိပြီး သူ့ရဲ့ရွေးချယ်မှုကို အပြောင်းအလဲလုပ်ဖို့ ဆုံးဖြတ်လာနိုင်ပါတယ်။ ဒါကဘာလို့ မဖြစ်နိုင်ရမှာလဲ။ ကျွန်တော်တို့အတူတူ စောင့်ကြည့်သွားရမှာပါ ” လို့ ပြောကြားသွားခဲ့ပါတယ်။

Kylian Mbappe

Photo : Sky Sports

လက်ရှိအချိန်မှာတော့ ပြင်သစ် တိုက်စစ်မှူး ဘာပေ ဟာ ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားတယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေပြီး ရီးရဲလ်အပြင် ပရီးမီးယားလိဂ် ထိပ်သီးကလပ်တွေဖြစ်တဲ့ လီဗာပူး ၊ မန်ချက်စတာ ယူနိုက်တက်နဲ့ အာဆင်နယ်အသင်းတွေကလည်း ဘာပေကို ခေါ်ယူနိုင်ဖို့ ချိတ်ဆက်မှုတွေ ရှိနေပါတယ်။

Featured Photo : SPORTbible