ဘာလာလာ ဒေါင်းတဲ့ ကွီးတို့အတွက် ဒီတစ်ခါမှာတော့ ဂိမ်းပေါင်း ၅၀၀ ကျော်ထက် ပိုစိတ်ဝင်စားဖို့ကောင်းတဲ့ ဂိမ်းလေးတွေအကြောင်း ပြောပြပေးချင်ပါတယ်။ စလော့ဂိမ်း၊ ငါးပစ်ဂိမ်းတွေလို ကွီးတို့ကို မွဲဆေးဖော်ပေးမယ့် ဂိမ်းမျိုး မဟုတ်ပါဘူး။ တကယ့် အစစ်အမှန် အဖိုးတန်ပြီး ကွီးတို့ကို စိတ်ညစ်စရာတွေ အဝေးသို့ လွှင့်သွားအောင် ကူညီပေးမယ့် ဂိမ်းတွေပဲဖြစ်ပါတယ်။
Raid: Shadow Legends
ဒီဂိမ်းလေးကတော့ ၂၀၂၀ ၊ ဇန်နဝါရီကတည်းက ထွက်ရှိခဲ့တဲ့ ဂိမ်းတစ်မျိုးပဲ ဖြစ်ပါတယ်။ ဖရီး ဆော့ကစားနိုင်တဲ့ ဂိမ်းဖြစ်တာကြောင့် ပိုက်ဆံ အပိုမကုန်ချင်တဲ့ ကွီးတို့အတွက် ကွက်တိပါပဲ။ အစ္စရေးလူမျိုး Developer က တီထွင်ထားတဲ့ ဂိမ်းဖြစ်ပြီး မိမိကြိုက်နှစ်သက်တဲ့ ဟီးရိုးကာရိုက်တာကို ရွေးချယ်ကာ စိတ်ကြိုက် ဆော့ကစားနိုင်တာကြောင့် စိတ်ဖိစီးမှုတွေလည်း ချက်ချင်းဆိုသလို ပျောက်သွားမှာပဲဖြစ်ပါတယ်။
Two Dots
အက်ရှင်ဂိမ်း ဆော့ရတာ နည်းနည်း ငြီးငွေ့လာတယ်ဆိုရင်တော့ Two Dots ကို ပြောင်းဆော့ကြည့်လိုက်ပါ။ ပဟေဠိ ဂိမ်းအမျိုးအစားဖြစ်ပြီး အစက်များကို ဆက်ကာ အတားအဆီးများကို ဖယ်ရှားပြီး မစ်ရှင်ကို အောင်မြင်အောင် ဆော့ကစားရမှာပဲဖြစ်ပါတယ်။
Stardew Valley
ဒီဂိမ်းကတော့ Eric ဆိုတဲ့ Developer က ရေးဆွဲထားတာပဲဖြစ်ပါတယ်။ ကစားမယ့်သူအနေနဲ့ Stardew Valley ဆိုတဲ့ နေရာလေးတစ်ခုမှာ လယ်ကွင်းတစ်ခုကို အမွေရမှာဖြစ်ပြီး ထိုအမွေကို သေဆုံးသွားတဲ့ အဖိုး ဖြစ်သူဆီကနေ အမွေရမှာပဲဖြစ်ပါတယ်။ စိုက်ပျိုး မွေးမြူရေး ဝါသနာပါတဲ့ ကွီးတို့အတွက် ရွေးချယ်သင့်တဲ့ ဂိမ်းအမျိုးအစားတစ်ခုပဲဖြစ်ပါတယ်။
Marvel Snap
ဒီဂိမ်းကတော့ ၂၀၂၂ ၊ အောက်တိုဘာ ၁၈ ကမှ ထွက်ရှိထားတဲ့ ဂိမ်းတစ်ခုပဲ ဖြစ်ပါတယ်။ Android ဖုန်းရောင် iOS ဖုန်းမှာသာ ဆော့ကစားနိုင်ရုံသာမကဘဲ macOS ရော Windows လက်ပ်တော့တွေမှာပါ ဆော့ကစားနိုင်မှာပဲဖြစ်ပါတယ်။ ဒီဂိမ်းကတော့ အက်ရှင်ဂိမ်းရော၊ ပဟေဠိဂိမ်း၊ စိုက်ပျိုး မွေးမြူရေး ဂိမ်းတွေလိုမျိုး မဟုတ်ပါဘူး။ ကတ်ဂိမ်းပဲဖြစ်ပါတယ်။ Marvel ရဲ့ အမာခံ ပရိသတ်တွေ ဆော့ကစားသင့်တဲ့ ကတ်ဂိမ်းပဲဖြစ်ပါတယ်။
Sky: Children of the Light
နောက်ထပ် ဝေမျှပေးချင်တဲ့ ဂိမ်းအမျိုးအစားတစ်ခုကတော့ Adventure ဂိမ်း အမျိုးအစားပဲ ဖြစ်ပါတယ်။ Android မှာရော iOS မှာပါ ဆော့ကစားနိုင်ပါတယ်။ တစ်ယောက်တည်းလည်း ဆော့ကစားနိုင်သလို ကိုယ်ရဲ့ ဘော်ဒါတွေနဲ့လည်း အတူတူ ဆော့ကစားနိုင်ပါတယ်။ ကွီးတို့ရဲ့ စိတ်ကို Healing ဖြစ်သွားစေမယ့် ဂိမ်းအမျိုးအစားတစ်ခုပဲ ဖြစ်ပါတယ်။
Mario Kart Tour
ပြိုင်ကား မောင်းချင်ပါသာလား။ ဒါဆိုရင်တော့ Mario Kart Tour ကို ဆော့ကစားနိုင်ပါတယ်။ ၂၀၁၉ ကတည်းက ထွက်ရှိခဲ့တဲ့ ဂိမ်းအမျိုးအစားတစ်ခုဖြစ်ပြီး ဂိမ်းကစားသူများအကြား နာမည်ကြီး ရေပန်းစားတဲ့ ဂိမ်းအမျိုးအစားတစ်ခုပဲ ဖြစ်ပါတယ်။ ကွီးတို့လည်း စိတ်ဝင်စားရင် တစ်ခါလောက် စမ်းမောင်းကြည့်သင့်ပါတယ်။
Plants vs. Zombies 2
Photo: Vg247
ဘာလာလာ ဒေါင်းတဲ့ ကွီးတို့အတွက် ဂိမ်းပေါင်း ၅၀၀ ကျော်တွေ ခေတ်မစားခင်ကတည်းက လူကြိုက်များနဲ့ ဂိမ်းအမျိုးအစားတစ်ခုရှိပါတယ်။ ထိုဂိမ်းကတော့ Plants vs. Zombies ဂိမ်းပဲဖြစ်ပါတယ်။ မူလဂိမ်းကိုမှ ၂၀၁၃ မှာ ဗားရှင်း ပြန်မြှင့်ထားတဲ့ ဂိမ်းအမျိုးအစားတစ်ခုဖြစ်ပါတယ်။ ရင်တထိတ်ထိတ်နဲ့ ဆော့ရမှာဆိုတော့ ကွီးတို့အားလုံး ကြိုက်နှစ်သက်ကြမှာ အသေအချာပါပဲ။
စလော့ဂိမ်း၊ ငါးပစ်ဂိမ်းတွေနဲ့ အချိန်ကုန်နေတဲ့ ဘော်ဒါတွေကို ဒီဂိမ်းတွေနဲ့ ကယ်တင်လိုက်ကြရအောင်ဗျို့။