ယနေ့ခေတ်မှာ လူတော်များများက မိခင်ဘာသာစကားအပြင် ကိုယ့်ဘဝတိုးတတ်ရာ၊ တိုးတတ်ကြောင်း လျှောက်လှမ်းနိုင်ဖို့ နောက်ထပ် ဘာသာစကား အသစ်တွေသင်ယူကြပါတယ်။ တချို့ကလည်း နိုင်ငံတစ်နိုင်ငံရဲ့ ဘာသာစကားကို စိတ်ဝင်စားလို့ ဖြစ်စေ၊ တခြားနိုင်ငံမှာ အခြေချဖို့ဖြစ်စေ ဘာသာစကားအသစ်များကို သင်ယူကြပါတယ်။ ဘယ်လိုအကြောင်းမျိုးနဲ့ ဖြစ်စေ ဘာသာစကားအသစ်တစ်ခု သင်ယူတာဟာ ကွီးတို့ အနာဂတ်အတွက် တကယ်ကိုကောင်းတဲ့ အရာပါ။ ဒါကြောင့် ဘာသာစကား အသစ်တစ်ခုကို‌ လေ့လာသင်ယူဖို့ စဉ်းစားနေတဲ့ ကွီးတို့အတွက် ထိထိရောက်ရောက် နဲ့ လျင်လျင်မြန်မြန် တတ်မြောက်စေဖို့ သိထားသင့်တဲ့ အရေးပါသော အချက်များကို ဖော်ပြပေးချင်ပါတယ်။

(၁) ခိုင်မာသော အကြာင်းပြချက်ရှိပါစေ

ဘာသာစကား အသစ်တစ်ခုကို‌

Photo : SpunOut

ဘာသာစကား အသစ်တစ်ခုကို သင်ယူတဲ့နေရာမှာ ခိုင်မာတဲ့ အကြောင်းပြချက်နဲ့ သင်ယူနေစဉ် တစ်လျှောက်လုံး တစိုက်မတ်မတ် သင်ယူသင့်ပါတယ်။ ကွီးတို့မှာ ဘာသာစကားတစ်ခု လေ့လာရန် ကျောင်းသွားတတ်ဖို့၊ အလုပ်မှာ အသုံးချဖို့၊ တခြားနိုင်ငံမှာ အခြေချဖို့ စသည်ဖြင့် အကြောင်းပြချက်ကောင်းမရှိပါက ရေရှည်တွင် စိတ်အားထက်သန်နေရန် အလားအလာ နည်းပါးပါတယ်။ စိတ်ပါဝင်စားလို့ သင်ယူမယ်ဆိုလျှင်လည်း စနစ်တကျနဲ့ စိတ်ပါဝင်စားစွာ လေ့လာသင်ယူပါ။

(၂) ပန်းတိုင်များ ထားရှိပါ

ဘာသာစကား အသစ်တစ်ခုကို‌

Photo : Shift Workspaces

ဘာသာစကားအသစ်တစ်ခု လေ့လာရာတွင် ရည်မှန်းချက်များ ချမှတ်ထားရှိမှုက သင်ယူခြင်းတွင် အကျိုးကျေးဇူး အမျိုးမျိုးကို ပေးဆောင်ပါတယ်။ စိတ်အားထက်သန်မှု၊ မိမိကိုယ်ကိုလေးစားမှုနှင့် ကိုယ့်ကိုယ်ကို ယုံကြည်မှု စသည့်အရာများကို ရရှိရန်လည်း လုပ်ဆောင်ပေးပါတယ်။ ဥပမာအားဖြင့် ချက်ရည်မှန်းပန်းတိုင်များကို ရေတိုနဲ့ ရေရှည်ဆိုပြီး ထားရှိနိုင်ပါတယ်။ ရေတိုရည်မှန်းချက်များတွင် ဝေါဟာရအချို့ကို တစ်ရက်အတွက်လည်းကောင်း၊ တစ်ပတ်တာအတွက်လည်းကောင်း အရေအတွက်အချို့ သတ်မှတ်ပြီး အောင်မြင်အောင်လုပ်ပါ။ ရေရှည်အတွက်ကတော့ ၃ လတန်သည်ဖြစ်စေ၊ ၆ လတန်သည်ဖြစ်စေ အချိန်သတ်မှတ်ပြီး ကျွမ်းကျင်မှု အတိုင်းအတာတစ်ခု ရောက်အောင်သည် အထိသင်ယူလေ့လာပါ။ ထိုသို့ဖြင့် တစ်ဆင့်ခြင်း တတ်သွားပါ။

(၃) အသုံးများသော ဝေါဟာရများကို အရင်ဆုံးလေ့လာပါ

ဘာသာစကား အသစ်တစ်ခုကို‌

Photo : Inlingua Washington DC

ဘာသာစကား အသစ်တစ်ခုကို စတင်လေ့လာမယ်ဆိုရင် အသုံးများသောဝေါဟာရများကို အရင်ဆုံးသင်ယူပါ။ ၎င်းက ကွီးတို့အတွက် အခြေခံ စကားပြောဆိုမှုများ ပြုလုပ်နိုင်စေရန်နဲ့ အခြားသူများနဲ့ ဆက်သွယ်ပြောဆိုရာတွင် နားလည်နိုင်စေရန် အလျင်မြန်ဆုံးပဲ ဖြစ်ပါတယ်။ အသုံးအများဆုံး ဝေါဟာရ စကားလုံးများက ကွီးတို့ကို အခြေခံသဘောပေါက် နားလည်နိုင်စွမ်းကိုသာ ပေးစွမ်းနိုင်တဲ့အတွက် အသုံးအများဆုံး ဝေါဟာရ စကားလုံး များက ကွီးတို့ကို အခြေခံသဘောပေါက် နားလည်နိုင်မှုကိုသာ ပေးစွမ်းတဲ့အတွက် သဒ္ဒါနဲ့ ဖွဲ့စည်းပုံတို့ကို ဆက်လက် လေ့လာရန် လိုအပ်ပါတယ်။

(၄) စကားပြောလေ့ကျင့်ပါ

Learning new language

Photo : FSI Languages Courses

ဘာသာစကားတစ်ခုကို သင်ယူခြင်းရဲ့ အရေးကြီးသော အစိတ်အပိုင်းမှာ အသံများကို မှတ်မိခြင်း၊ နားလည်ခြင်းနှင့် ပြန်လည်အသုံးချပြောဆိုနိုင်ခြင်းတို့ပဲ ဖြစ်ပါတယ်။ ဘာသာစကား လေ့လာသူအများအပြားက ဝေါဟာရနှင့် သဒ္ဒါအပေါ် အာရုံစိုက်ခြင်းသည် ဦးစားပေးဖြစ်တာ များကြပါတယ်။ သို့သော်လည်း အပြောစွမ်းရည်က အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ ဒါကြောင့် ကွီးတို့က စကားပြောလေ့ကျင့်ဖို့ လိုပါတယ်။ စကားပြောလေ့ကျင့်တာမှာ Native Speaker နဲ့လေ့ကျင့်မှ မဟုတ်ပါဘူး။ ကွီးတစ်ယောက်တည်း စကားပြောကြည့်တာ ၊ ဝေါဟာရများကို ယုံကြည်ချက်ရှိရှိ ကျယ်ကျယ်လောင်လောင် ပြောကြည့်တာမျိုးကို ပြုလုပ်ပေးပါ။

(၅) Media ကိုအသုံးချပါ

learning new language

Photo : Express Informer

ကွီးတို့ရေ ဘာသာစကား အသစ်တစ်ခုကို သင်ယူတဲ့နေရာမှာ တကယ်ကို လျင်လျင်မြန်မြန်နဲ့ ငြီးငွေ့စရာမကောင်းဘဲ သင်ယူလေ့လာနိုင်ဖို့ အကောင်းဆုံးနည်းလမ်း ကတော့ ဗီဒီယိုကို အသုံးချခြင်းပါပဲ။ ကွီးတို့ ပစ်မှတ်ထား လေ့လာနေတဲ့ ဘာသာစကားကို အသုံးပြုတဲ့ မတူညီတဲ့နည်းလမ်းတွေနဲ့ အကျွမ်းတဝင်ရှိစေဖို့၊ အဲ့ဒီဘာသာစကားမှာရှိတဲ့ မီဒီယာတွေကို တတ်နိုင်သမျှ ကြည့်ရှု၊ ဖတ်၊ နားထောင်ဖို့ စဉ်းစားဖို့ လိုပါလိမ့်မယ်။ လေ့လာနေတဲ့ ဘာသာစကားနဲ့ သီချင်းများနားထောင်ခြင်း၊ ရုပ်ရှင်များကြည့်ခြင်း၊ Apps များအသုံးပြုပြီးလေ့လာခြင်း စသည်တို့ ကလည်း ကွီးတို့ ဘာသာစကားလေ့လာနေမှုကို သိသာသာ တိုးတတ်လာပါလိမ့်မယ်။ ထို့အပြင် ၎င်းတို့ရဲ့ စကားလုံးအသုံးအနှုန်း၊ လေယူ လေသိမ်း နဲ့ ယဉ်ကျေးမှု စသည်တို့ကို နားလည်နိုင်စွမ်းလည်း မြင့်တတ်လာစေပါတယ်။

(၆) လက်တွေ့ အသုံးချပါ

learning new language

Photo : ThoughtCo

ကွီးတို့ ဘာသာစကား အသစ်တစ်ခုကို‌ သင်ယူတဲ့နေရာမှာ လက်တွေ့အသုံးချကြည့်ခြင်းကလည်း တကယ်ကို ကွီးတို့ရဲ့ တိုးတတ်စေရန် အကောင်းဆုံးလေ့ကျင့်ခန်း ဖြစ်ပါတယ်။ ကွီးတို့ ဘယ်လောက်ပဲ သင်ယူနေပါစေ၊ အသုံးချခြင်းမရှိရင် ဘာသာစကားတစ်ခုကို အမှန် တကယ်ကျွမ်းကျင်မလာနိုင်ပါဘူး။ ဒါ့ကြောင့် အမှားလုပ်မိမှာ မကြောက်ပါနဲ့။ Native Speakers တွေ ဒါမှမဟုတ် ကိုယ့်ထက်ကျွမ်းကျင်သူတွေနဲ့ စကားပြောကြည့်ပါ။ အစပိုင်းမှာ ခက်ခဲနိုင်ပေမဲ့ တဖြည်းဖြည်းနဲ့ အသားကျပြီး ကွီးတို့ရဲ့ ဘာသာစကားစွမ်းရည်ကလည်း သိသိသာသာ တိုးတတ်လာပါလိမ့်မယ်။

အခုဖော်ပြပေးလိုက်တာကတော့ ကွီးတို့အနေနဲ့ ဘာသာစကား အသစ်တစ်ခုကို လေ့လာရာမှာ သိထားရမဲ့ အရေးပါသော အချက်လေးတွေ ပဲဖြစ်ပါတယ်။ ဘယ်အရာကိုမဆို စတင်သင်ယူတဲ့နေရာမှာ အခက်အခဲလေးတွေ ရှိနိုင်သော်လည်းပဲ ယခုဖော်ပြပေးလိုက်တဲ့ အချက်လေးတွေက ကွီးတို့အတွက် အထောက်အပံ့ကောင်း ဖြစ်စေမှာ အမှန်ပင်ဖြစ်ပါတယ်။

Source : Future Learn

Featured Photo : Vamo spanish