ဘား ထိုင်တဲ့အခါ ကျွန်တော်တို့ ယောကျာ်းလေးအများစု အမှာများတာက ဝီစကီ ၊ ဘီယာ စတဲ့ မရိုးနိုင်တဲ့ Drink တွေပါပဲ။ ဒါပေမယ့် ဒီလိုအဖျော်ယမကာတွေ သောက်ရတာ နည်းနည်းလေး ငြီးငွေ့လာလို့ အဆန်းအသစ်တစ်ခုခု Try ကြည့်ချင်တယ် ၊ ဘယ် Drink တွေ သောက်လို့ ကောင်းလဲဆိုတာ သိချင်တယ်ဆိုရင်တော့ ဒီဆောင်းပါးလေးက ကွီးတို့အတွက်ပါပဲ။ အရသာ ထူးကဲဆန်းသစ်ပြီး သောက်လို့ကောင်းတဲ့ Drink ၅ မျိုးကို ကွီးတို့အတွက် ဖော်ပြပေးလိုက်ပါတယ်။

(၁) Margarita


Photo : Town & Country

Margarita ကော့လ်တေးကတော့ Tequila ကြိုက်သူတွေ မှာသင့်တဲ့ Drink တစ်မျိုးဖြစ်ပါတယ်။ Tequila ၊ Cointreau ၊ Lime Juice နဲ့ ဆားမှုန့်အနည်းငယ်တို့ ပေါင်းစပ်ဖျော်ထားပါတယ်။ လတ်ဆတ်ပြီး ချိန်မြိန်တဲ့ အရသာနဲ့ အဝင်ကောင်းတဲ့ ကော့လ်တေးတစ်ခွက် ဖြစ်ပါတယ်။

(၂) Whiskey Sour

Photo : Town & Country

ဝီစကီ Whiskey လို ခပ်ပြင်းပြင်း ယမကာအရသာမျိုး ကြိုက်တဲ့သူတွေ အတွက်ကတော့ Whiskey Sour က ထူးခြားဆန်းသစ်တဲ့ အရသာအသစ်ကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။ ဝီစကီ Whiskey ၊ Lime Juice ၊ သကြား ၊ ကြက်ဥအကာတို့နဲ့ ပေါင်းစပ် ဖန်တီးထားပါတယ်။ စိတ်အာ ရုံတွေ ထိုင်းမှိုင်းနေချိန်မှာ ပြန်လည် လန်းဆန်းနိုးကြားမှုကို ပေးနိုင်မယ့် ဝီစကီ ကော့လ်တေးတစ်ခွက် ဖြစ်ပါတယ်။

(၃) French 75


Photo : Town & Country

French 75 လို့ နာမည်ပေးထားတဲ့ Drink ကတော့ ၁၉၁၅ ခုနှစ် ပထမကမ္ဘာစစ်အတွင်းမှာ ပဲရစ်မြို့က Bartender Harry MacElhone က စတင်ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ ကော့လ်တေးတစ်ငုံ သောက်လိုက်တိုင်းမှာ ပြင်သစ် ၇၅ မမ အမြောက်ဆန်တစ်လုံး ပွင့်ထွက်ပေါက်ကွဲသလို ပြင်းရှတဲ့ အရသာကို ခံစားရစေတဲ့အတွက် French 75 လို့ နာမည်ပေးခဲ့တာ ဖြစ်ပါတယ်။ French 75 ကော့လ်တေးကို ဂျင် ၊ ရှန်ပိန် ၊ သကြား၊ Lime Juice တို့နဲ့ အချိုးကျကျ ဖျော်စပ်ထားပါတယ်။

(၄) Paloma


Photo : Town & Country

Paloma ဟာ မက္ကဆီကိုမှာတော့ သိပ်ကို ရေပန်းစားလူကြိုက်များတဲ့ ကော့လ်တေးတစ်ခွက် ဖြစ်ပါတယ်။ စွဲမက်စရာ အရောင် ၊ အနံ့ ၊ အရသာတို့နဲ့ သောက်ချင်စဖွယ် ကော့လ်တေး တစ်ခွက်ပါ။ Tequila ၊ Lime Juice ၊ Grapefruit Soda နဲ့ သကြား တို့ကို ရောစပ်ဖန်တီးထားထာ ဖြစ်ပါတယ်။ အရသာကောင်းတဲ့ ချိုချဉ်မွှေး ကော့လ်တေးတစ်ခွက်ဖြစ်တာကြောင့် မိန်းကလေးတွေရော ယောကျာ်းလေးတွေပါ သုံးဆောင်နိုင်ပါတယ်။

(၅) Mimosa


Photo : Town & Country

Mimosa ကတော့ အရိုးရှင်းဆုံးနဲ့ အရသာအရှိဆုံး ကော့လ်တေးတစ်ခွက်လို့ လူသိများပြီး ၁၉၂၅ ခုနှစ်ဝန်းကျင်က စတင်ပေါ်ပေါက်ခဲ့တာပါ။ ရှန်ပိန်နဲ့ Orange Juice ပါဝင်ပစ္စည်း ၂ မျိုးတည်းနဲ့ ဖျော်စပ်ထားတာ ဖြစ်ပါတယ်။ ဘား ရောက်တဲ့အခါ ငြိမ့်ငြိမ့်လေးလွင့်ချင်သူတွေ မှာသင့်တဲ့ Drink တစ်မျိုး ဖြစ်ပါတယ်။

Featured Photo : Fiverr