ဘိလိယက် ထိုးရတာ ကြိုက်တဲ့ ကွီးတို့ ရှိပါသလား ? ဘိလိယက် ကစားနည်းက လွန်ခဲ့တဲ့ ဆယ်စုနှစ်များစွာ ကတည်းက အရက်ဘားတွေ ၊ ဘိလိယက်ခုံတွေမှာ ရေပန်းစား ကစားခဲ့ကြတာပါ။ ဒီဘက်ဒစ်ဂျစ်တယ်ခေတ်မှာတော့ မိုဘိုင်းဗားရှင်းအနေနဲ့ စမတ်ဖုန်းတွေပေါ်ကနေပဲ လွယ်လွယ်ကူကူ ကစားလို့ ရနေပါပြီ။ ဒီတစ်ခေါက်တော့ ဘိလိယက် ဆရာကြီးတွေ လက်ရည်တက်ဖို့ Android အတွက် အကောင်းဆုံး ဘိလိယက်ဂိမ်းတွေကို မျှဝေပေးသွား ချင်ပါတယ်။

(၁) 8 Ball Pool

Source : Miniclip

8 Ball Pool ကတော့ လူသိများ ရေပန်းစားပြီးသားဖြစ်တဲ့ ဘိလိယက် ဂိမ်းတစ်ခုပါပဲ။ Graphics ပိုင်းလည်း တော်တော်လေး မိုက်တယ်။ Online Multiplayer Mode နဲ့ ကစားသမား ၈ ယောက်အထိ ပါဝင်ကစားရတဲ့ ပြိုင်ပွဲတွေ အများကြီးပါတယ်။ Rank တက်လာတာနဲ့ ပိုမိုက်တဲ့ ပြိုင်ပွဲနေရာတွေ ၊ ဘိလိယက်ခုံတွေနဲ့ ကျူတံတွေကို Unlock လုပ်နိုင်မှာ ဖြစ်ပါတယ်။ ပြိုင်ပွဲတစ်ခုချင်းစီအလိုက် Coins တွေရရှိမှာ ဖြစ်ပြီး အပျော်တမ်း ဆော့ကစားချင်သူတွေနဲ့ အွန်လိုင်း ဘိလိယက်ဂိမ်း ကြိုက်နှစ်သက်သူတွေအတွက် ရွေးချယ်ဆော့ကစားသင့်တဲ့ အမိုက်စား ဂိမ်းတစ်ခု ဖြစ်ပါတယ်။

(၂) Billiards City

Source : yuanchun wu

Billiards City ကလည်း ပေါ်ပြူလာဖြစ်တဲ့ ဘိလိယက် ဂိမ်းတစ်ခုပါ။ ဂိမ်းအပြင်အဆင်တွေက ထူးခြားပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ ခေတ်ဟောင်း ဘိလိယက်ခုံတွေကို သတိရစေမယ့် ပုံစံမျိုးပါ။ ဒီဂိမ်းမှာက တဆင့်ချင်း Level တက်လာတာနဲ့ ပိုပိုပြီး ခက်လာပါတယ်။ ကြေညာတက်တဲ့ အားနည်းချက်ကလွဲရင် တော်တော်လေးကို ဆော့လို့ကောင်းတဲ့ ဘိလိယက်ဂိမ်းတစ်ခု ဖြစ်ပါတယ်။

(၃) Breakshot Pool

Source : Breakshot Pool

Breakshot Pool ကတော့ သူငယ်ချင်းတွေနဲ့ အလှည့်ကျ ပျော်ပျော်ပါးပါး ကစားလို့ရတဲ့ ဘိလိယက် ဂိမ်းတစ်ခု ဖြစ်ပါတယ်။ ဒီဂိမ်းက မိုဘိုင်းလ် ဘိလိယက်ဂိမ်းတွေထဲမှာတော့ ဂရပ်ဖစ်ပိုင်းကို တော်တော်လေး အလေးပေးပြင်ဆင်ထားတဲ့ ဂိမ်းတစ်ခုလို့ ပြောရမှာဖြစ်ပြီး ကစားရတာလည်း လွယ်ကူရိုးရှင်းပါတယ်။ အွန်လိုင်းလည်း ကစားလို့ရသလို AI နဲ့ အော့ဖ်လိုင်းလည်း ကစားလို့ ရပါတယ်။

(၄) Real Snooker 3D

Source : EivaaGames

Snooker ကစားရတာ ကြိုက်တဲ့ ကွီးတို့ကတော့ Real Snooker 3D ဂိမ်းလေးကို ဆော့ကြည့်သင့်ပါတယ်။ ဒီဂိမ်းက အခြေခံ Snooker အတွေ့အကြုံကို ရရှိစေမယ့် ဂိမ်းအမိုက်စားလေး တစ်ခုပါ။ Pass-And-Olay Function နဲ့ တစ်ဦးချင်းဖြစ်စေ ဘော်ဒါတွေနဲ့ဖြစ်စေ ပျော်ပျော်ပါးပါး ကစားလို့ ရပါတယ်။ ခက်ခဲတဲ့ Levels ၃ ဆင့် ၊ ဇယားပုံစံ ၅ ခုနဲ့ လေ့ကျင့်လို့ရတဲ့ Practice Mode တွေလည်း ပါပါတယ်။ ဂိမ်းပုံစံကတော်တော်လေး Smooth ဖြစ်ပြီး ဆော့ရတာ လုံးဝမိုက်ပါတယ်။ နောက်ခံအသံပိုင်းဆိုင်ရာကလည်း မိုက်တယ်လို့ ပြောလို့ရပါတယ်။ Snooker ချစ်သူကွီးတို့ကတော့ ဒီဂိမ်းလေးကို သေချာပေါက် Try ကြည့်ဖို့ ညွှန်းပေးလိုက်ပါတယ်။

Featured Photo : Miniclip