ကမ္ဘာတစ်ဝှမ်းက လူကြိုက်အများဆုံး သောက်စရာ အဖျော်ယမကာတစ်ခုကတော့ ဘီယာပါပဲ။ ဘီယာကို ရှေးနှစ်ပေါင်းများစွာကတည်းက ပျော်ပွဲရွှင်ပွဲနဲ့ ရိုးရာပွဲအခမ်းအနားတွေမှာ သောက်သုံးလေ့ရှိ ကြပါတယ်။ လေ့လာမှုတွေအရတော့ ဘီယာကို သင့်တင့်မျှတစွာ သောက်မယ်ဆိုရင် ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေ များစွာရရှိစေနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ပြောထားပါတယ်။ ဒီတစ်ခေါက်မှာတော့ ဘီယာသောက်ခြင်းကနေ ကွီးတို့ ရရှိနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေ အကြောင်း ပြောပြပေးသွားမှာ ဖြစ်ပါတယ်။
(၁) ဦးနှောက်စွမ်းရည် မြင့်တက်စေတယ်
Photo : iStock
လူတစ်ယောက်ဟာ အသက်ကြီးလာတာနဲ့အမျှ ဦးနှောက်ရဲ့လုပ်ဆောင်မှုနဲ့ တုံ့ပြန်မှုတွေ နှေးကွေးလာပါတယ်။ ငယ်တုန်းရွယ်တုန်းကလို မှတ်ဉာဏ်မကောင်းတော့သလို ဖြတ်ထိုးဉာဏ်နဲ့ တွေးခေါ်နိုင်စွမ်းတွေလည်း ကျလာတက်ပါတယ်။ ဒါပေမဲ့ ဘီယာကို ပမာဏနည်းနည်းနဲ့ ပုံမှန်သောက်ပေးမယ်ဆိုရင်တော့ ဦးနှောက်စွမ်းရည်ကို တိုးတက်စေပြီး အယ်လ်ဇိုင်းမားရောဂါလို မှတ်ဉာဏ်အားနည်းတဲ့ ရောဂါအခြေအနေတွေကနေလည်း တားဆီးကာကွယ်ပေးနိုင်ပါတယ်။
(၂) ကင်ဆာဖြစ်နိုင်ခြေ လျှော့ကျစေတယ်
Photo : iStock
လေ့လာမှုတွေအရတော့ ဘီယာမှာပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းနဲ့ Xanthohumol ဓာတ်ပေါင်းတွေက ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုထားပါတယ်။ ဘီယာမှာ Polyphenols ဓာတ်ပေါင်းကြွယ်ဝစွာပါဝင်တာကြောင့် ကင်ဆာရောဂါကို ကြိုတင်ကာကွယ်ပေးပြီး ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။
(၃) အရိုးတွေ သန်မာစေတယ်
Photo : iStock
ဘီယာပုံမှန်သောက်ခြင်းက အရိုးသိပ်သည်းဆကို ကောင်းမွန်စေပြီး အရိုးကြီးထွားဖွံ့ဖြိုးမှုအတွက် အထောက်အကူ ပြုပါတယ်။ ဘီယာမှာ အဓိက ပါဝင်တဲ့ မုယောစပါးနဲ့ တဆေးသီးတွေဟာ အရိုးကျန်းမာရေးအတွက် အထူးကောင်းမွန်ပြီး ကြွက်သားနာကျင် ကိုက်ခဲမှုတွေကိုလည်း လျော့ကျ သက်သာစေနိုင်စွမ်း ရှိပါတယ်။
(၄) နှလုံးကို ကျန်းမာစေတယ်
Photo : iStock
ဘီယာကို သင့်တင့်မျှတစွာသောက်သုံးပါက နှလုံးသွေးကြောဆိုင်ရာရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်တယ်လို့ သုတေသီတွေက ဆိုထားပါတယ်။ ဘီယာမှာ ခန္ဓာကိုယ်သွေးကြောတွေကို သန့်ရှင်းပေးပြီး သွေးခဲခြင်းကိုဆန့်ကျင်တဲ့ အကျိုးအာနိသင်တွေပါဝင်တာကြောင့် နှလုံးကို အဆိပ်အတောက်ကင်းစင်စေပြီး နှလုံးကျန်းမာရေးကို ကောင်းမွန်စေမှာဖြစ်ပါတယ်။
Featured Photo : Yahoo News Singapore