ဘီယာ ပုလင်းအဖုံး ဖွင့်ဖို့ သွားနဲ့ ကိုက်နေတုန်းလား ? မီးခြစ်နဲ့ ထိုးကလော် နေတုန်းလား ? ဒီလိုအထာမကျတဲ့ နည်းလမ်းတွေကို စွန့်လွှတ်လိုက်ပါတော့။ ဒီတစ်ခေါက်မှာ ကွီးတို့အတွက် အထာကျကျ ၊ ခပ်မိုက်မိုက် ပုလင်းအဖုံးတွေကို ဖွင့်လို့ရမယ့် DIY သစ်သား Bottle Opener ပြုလုပ်နည်း ပြောပြပေးပါမယ်။ အရမ်းကို လွယ်ကူရိုးရှင်းလွန်းလို့ ကွီးတို့ အိမ်မှာ ကိုယ်တိုင် လိုက်လုပ်ကြည့် လိုက်ပါနော်။

လိုအပ်တဲ့ပစ္စည်း ကိရိယာများ

  • အလျား ၅ လက်မ အနံ ၁ လက်မ သစ်သား (၁) ချောင်း
  • ၃ လက်မ သံ (၁) ချောင်း
  • အချင်း ၈ မီလီမီတာ သံလိုက်ပြား ၁ ခု

ဒီ ၃ မျိုးပဲ လိုပါတယ်။

ပြုလုပ်နည်း အဆင့်ဆင့်

အဆင့် (၁) – အရင်ဆုံး သစ်သားချောင်းပေါ်မှာ လက်ကိုင်နေရာ ပုံစံပေးပြီး ဖြတ်တောက်ပါ။ ထို့နောက် ဖြတ်တောက်ထားတဲ့ သစ်သားချောင်းကို ကိုင်ရတာ သက်တောင့်သက်သာ ရှိစေဖို့ ကော်ပတ်စားပြီး အချောသတ်ပါ။

Wooden Bottle Opener

Photo : The Art of Manliness

အဆင့် (၂) – နောက်တဆင့်ကတော့ သစ်သားချောင်းရဲ့ ထိပ်ဘက် အောက်နားမှာ သံလိုက်တပ်ဆင်ဖို့အတွက် အပေါက်ဖောက် ရပါမယ်။ သံလိုက်ပြား တပ်ဆင်ရတဲ့ ရည်ရွယ်ချက်ကတော့ အဖုံးဖွင့်လိုက်ချိန်မှာ အဖုံးကို အောက်ပြုတ်ကျ မသွားအောင် ထိန်းထားပေးဖို့ ရည်ရွယ်ပါတယ်။

Wooden Bottle Opener

Photo : The Art of Manliness

အဆင့် (၃) – တတိယ အဆင့်မှာတော့ သစ်သားချောင်းရဲ့ ထိပ်မှာ သံချောင်းကို ရိုက်ထည့်ပြီး ကွေးပေးပါ။ သံချောင်းကို ကွေးညွှတ်ထားမှသာ ပုလင်းအဖုံး ဖွင့်ဖို့အတွက် လွယ်ကူစေမှာ ဖြစ်ပါတယ်။

Wooden Bottle Opener

Photo : The Art of Manliness

ဒါဆိုရင်တော့ ကွီးတို့ အိမ်မှာပဲ ကိုယ်တိုင် အလွယ်တကူ လုပ်လို့ရမယ့် အထာကျတဲ့ DIY သစ်သား Bottle Opener တစ်ခု ရပါပြီ။

Wooden Bottle Opener

Photo : The Art of Manliness

အခုပြောပြတဲ့ Bottle Opener လေးကို ကွီးတို့ အိမ်မှာ ကိုယ်တိုင် လိုက်လုပ်ကြည့်ပြီး ပုလင်းအဖုံး တွေ ဖွင့်တဲ့အခါတိုင်းမှာ  အလွယ်တကူ အသုံးပြုနိုင်ပါတယ်။

ဒီနည်းလေးက အရမ်းကိုပဲ လွယ်ကူရိုးရှင်းပြီး အထာကျတယ် မဟုတ်လား ???

Source : The Art of Manliness

Featured Photo : Unknown Brewing