ကွီးတို့အိမ်က ဘီယာ ဘူးခွံ အလွတ် တွေကို ဒီအတိုင်း ပစ်မထားဘဲ စနစ်တကျ ပြန်လည် အသုံးချမယ်ဆိုရင် ကွီးတို့အိမ်ကလည်း ပိုမို လှပသွားမှာဖြစ်ပြီး ပတ်ဝန်းကျင် အတွက်လည်း ပိုမို အကျိုး ဖြစ်ထွန်းမှာပဲ ဖြစ်ပါတယ်။

ဒါဆိုရင် သုံးပြီး ဘီယာ ဘူးခွံ တွေကို အကျိုး ရှိရှိ ဘယ်လို ပြန်လည်ကာ အသုံးချရမလဲ။

(၁) ဖန်ခွက်များအဖြစ် အသုံးပြုနိုင်ခြင်း

beer diy

ကွီးတို့ရဲ့ ဘီယာ ဘူးခွံများကို သေသေချာချာ ဖြတ်တောက်ပြီးနောက် အခုလိုမျိုး လှပတဲ့ ဖန်ခွက်အသွင် ပြောင်းလဲပစ်နိုင်ပါတယ်။ ပုလင်းအခွံကို ဖြတ်တောက်တဲ့အခါ ညီညီညာညာ ဖြတ်တောက်ပြီး ဖန်ကွဲစများ မညီမညာဖြစ်နေတာမျိုး မဖြစ်အောင် သေချာ ဖြတ်တောက်ဖို့ လိုအပ်ပါတယ်။ ဒါမှသာလျှင် ကွီးတို့အတွက် ဖန်ခွက် အသစ် လှလှလေးတွေ ရရှိမှာပဲ ဖြစ်ပါတယ်။

(၂) မီးလုံးများဖြင့် အခန်းတွင်း အလှဆင်နိုင်ခြင်း

beer diy

ဘီယာ ဘူးခွံအလွတ်ကို ရေဖြင့် စင်ကြယ်အောင် ဆေးကြောပြီး သန့်ရှင်းရေး သေချာ ပြုလုပ်ပါ။ ထို့နောက် ဘီယာပုလင်းက ခြောက်သွားပြီဆိုရင်တော့ မီးလုံး အလှများထည့်ကာ သေသေချာချာ အလှဆင်ထားလိုက်ပါ။ ကွီးတို့ အခန်းကို ရောင်စုံမီးလုံးများနဲ့ အလှဆင်မယ်ဆိုရင်တော့ အကုန်အကျ သက်သာတဲ့ အလှဆင်နည်းတစ်ခု ရရှိသွားပြီပဲ ဖြစ်ပါတယ်။​

(၃) ဖန်ခွက်အခံအဖြစ် အသုံးပြုနိုင်ခြင်း

ဘီယာ ဘူးခွံ အကျိုး

ဘီယာပုလင်းရဲ့ အဖုံးများကိုများကို သုံးတွဲ တစ်ကန့်စီဖြင့် ပုလင်း အဖုံး ကိုးဖုံးကို ညီညီညာညာ စီထားလိုက်ပါ။ ထို့နောက် တစ်ခုနဲ့ တစ်ခုကို ကော်နဲ့ သေချာ ကပ်ထားလိုက်ပါ။ ဒါဆိုရင်တော့ ကွီးတို့ရဲ့ စားပွဲက ဖန်ခွက်ရဲ့ ရေကြောင့် စိုသွားစရာ အကြောင်း မရှိတော့ပါဘူး။

(၄) အပင်များဖြင့် အလှဆင်ကာ အိမ်တွင်း ပန်းအိုးငယ်များ ပြုလုပ်နိုင်ခြင်း

ဘီယာ ဘူးခွံ အကျိုး

ဘီယာ ပုလင်းအလွတ်များကို ညီညီညာညာ ဖြတ်တောက်ပြီးနောက် အနားသတ်များကို ချောမွေ့နေအောင် သွေးလိုက်ပါ။ ထို့နောက် ကွီးတို့ ထည့်စိုက်ချင်တဲ့ အိမ်တွင်း အပင်ငယ်တစ်မျိုးမျိုးကို ရွေးချယ်လိုက်ပါ။ ဒါဆိုရင်တော့ ကွီးတို့ရဲ့ အိမ်တွင်းကို ပန်းအိုးငယ်များဖြင့် အလှဆင်နိုင်ပြီပဲဖြစ်ပါတယ်။

(၅) ဖယောင်းတိုင် ထည့်ခွက်အဖြစ် ပြုလုပ်နိုင်ခြင်း

ဘီယာ ဘူးခွံ အကျိုး

ကွီးတို့ရဲ့ ဘီယာပုလင်းများကို ဖြတ်တောက်ပြီးနောက် အနားသတ်ကို ချောမွတ်နေအောင် ပြုလုပ်လိုက်ပါ။ ဒါမှ ထိခိုက် ဒဏ်ရာနဲ့ ဖြတ်ရာ ရှရာတို့ မရှိမှာပါ။ ထို့နောက် ဖယောင်းတိုင်ကို ဘီယာ ပုလင်းအလွတ်ထဲထည့်ကာ အခုလိုမျိုး အလှဆင်နိုင်ပါတယ်။ တကယ်လို့ အမွှေးရနံ့ပါတဲ့ ဖယောင်းတိုင်မျိုးကို ကြိုက်နှစ်သက်ရင်လည်း ကွီးတို့ ကိုယ်တိုင် ကိုယ်ကျ ဖန်တီးကာ အသုံးပြုနိုင်ပါတယ်။

ကွီးတို့ရော ကွီးတို့အိမ်က ဘီယာ ဘူးခွံ ပုလင်းအလွတ်တွေကို ဘယ်လို အကျိုး ရှိအောင် အသုံး ချပါသလဲ။

Source: Scoopwhoop.com

Featured Image: Postoast