ဘော်ဒါတွေနဲ့အတူတူ ဘီယာ သောက်တာပဲဖြစ်ဖြစ် တစ်ယောက်တည်း ဘီယာသောက်တာပဲဖြစ်ဖြစ် အမြည်း တွေကတော့ မရှိမဖြစ်လိုအပ်တဲ့အရာတွေပဲဖြစ်ပါတယ်။ အမြည်းရွေးချယ်တဲ့အခါမှာလည်း ဘီယာ နဲ့ အမှန်တကယ် လိုက်ဖက်တဲ့ အမြည်း မျိုး ရွေးချယ်နိုင်မှသာလျှင် နိဗ္ဗာန်စည်းစိမ်းကို ခံစားနိုင်မှာမဟုတ်လား။ ဒီလိုခံစားချက်ကတော့ ရင်ဘတ်ချင်း တူညီတဲ့ ညိုကီတွေအချင်းချင်းပဲ နားလည်ကြတာပါ။

ကွီးတို့အနေနဲ့ ဘီယာ သောက်တဲ့အခါ အမြည်း အရွေးမမှားရလေအောင် အခုဖာ်ပြပေးမယ့် အချက်များကို ဆက်လက်ဖတ်ရှုသင့်ပါတယ်။

ဘီယာသည်လည်း အမျိုးအစား အများကြီးရှိတဲ့အတွက်ကြောင့် မိမိကြိုက်နှစ်သက်တဲ့ ဘီယာ က ဘယ်အမျိုးအစားထဲမှာ ပါဝင်သလဲဆိုတာ သိထားမှသာလျှင် သူနဲ့လိုက်ဖက်တဲ့ အမြည်း ကို ရွေးချယ်နိုင်မှာပါ။

Ale ဘီယာအမျိုးအစား

ဘီယာ အမြည်း

Photo: Thedrinksbusiness

Ale ဘီယာများကတော့ နံပါတ် (၁) လူကြိုက်များတဲ့ ဘီယာတွေပဲဖြစ်ပါတယ်။ ဒီဘီယာအမျိုးအစားကို ရွေးချယ်ထားတဲ့ ကွီးတို့ကတော့ အာရှအစားအစာများ၊ အစပ်အစားအစာများ၊ ပီဇာ၊ ဘာဂါ အစရှိတဲ့ အမြည်းများနှင့် လိုက်ဖက်ပါတယ်။

Bock Beer အမျိုးအစားများ

ဘီယာ အမြည်း

Photo: Kegerator

Bock Beer အမျိုးအစားကို ကြိုက်နှစ်သက်တဲ့ ကွီးတို့ကတော့ အမဲသား၊ ကြက်ကင်၊ ဝက်အူချောင်း၊ ကြက်အူချောင်း အစရှိတဲ့အစားအစာများကို ရွေးချယ်နိုင်ပါတယ်။

သစ်သီးဘီယာများ

ဘီယာ အမြည်း

Photo: Ribnreef

သစ်သီးဘီယာဆိုတဲ့အတိုင်း သူ့အရသာက အခြားသော ဘီယာတွေထက် အနည်းငယ်ပျော့နေပါလိမ့်မယ်။ ဒီဘီယာကို ရွေးချယ်သောက်သုံးတဲ့ ကွီးတို့ကတော့ ဘဲကင်၊ ဝက်သားနှင့် ပတ်သက်တဲ့ ဟင်းလျာများ၊ ချိစ်နှင့် ပြုလုပ်ထားတဲ့ အစားအစာများ စသည်တို့ကို တွဲဖက်စားသုံးကာ မြည်းစမ်းနိုင်ပါတယ်။

Lager ဘီယာ အမျိုးအစားများ

ဘီယာ အမြည်း

Photo: Allagash

ဒီဘီယာနဲ့ လိုက်ဖက်တဲ့ အမြည်းများကတော့ ပင်လယ်စာများ၊ ဆူရှီ၊ ဝက်သားကင်၊ ဝက်ခေါက်ကင် အစရှိတဲ့ ဝက်သားဟင်းလျာများ၊ အစပ် အစားအစာများ၊ အရှေ့တောင် အာရှအစားအစာများ အစရှိတဲ့ အမြည်းများနှင့် လိုက်ဖက်ပါတယ်။

Pilsner ဘီယာအမျိုးအစားများ

beer and food

Photo: Gearpatrol

ဒီဘီယာအမျိုးအစားများကတော့ အသုပ်များ၊ ပင်လယ်စာများ၊ ဆော်လမွန်ငါး၊ တူနာငါး၊ ကိုက်လန်ရွက်ကြော်၊ အစပ် အစားအစာများ အစရှိတဲ့အမြည်းများနှင့် လိုက်ဖက်ပါတယ်။

Wheat ဘီယာများ

beer and food

Photo: Craftbeer

ဂျုံနှင့် ပြုလုပ်ထားတဲ့ ဘီယာများကတော့ ပေါ့ပေါ့ပါးပါး စွပ်ပြုတ်ဟင်းရည်များ၊ အသုပ်ဟင်းလျာများ၊ ဆူရှီ၊ ချိစ် အစားအစာများ၊ အချိုပွဲများ အစရှိတဲ့ အမြည်းများနှင့် တွဲဖက်သောက်သုံးနိုင်ပါတယ်။

Stout ဘီယာများ

beer and food

Photo: Billyandjack

ဒီဘီယာများကတော့ အကင်များ၊ ကမာကောင်၊ ဂုံး၊ စတူးဟင်းလျာများ၊ ချောကလက်၊ အချိုပွဲများ အစရှိတဲ့ အမြည်းများနှင့် တွဲဖက်သောက်သုံးသင့်ပါတယ်။ ဘဲကင်၊ ကြက်ကင်၊ ဝက်ဂုတ်သားကင်၊ ဝက်ခေါက်ကင်တို့ကတော့ အလိုက်ဖက်ဆုံး အမြည်းတွေပဲဖြစ်ပါတယ်။

ကွီးတို့ရော ဘီယာသောက်တဲ့အခါ ဘယ်လိုအမြည်းများနှင့် တွဲဖက်သောက်သုံးလေ့ရှိပါသလဲ။

Source: Eicurious.com

Featured Image: Globalbrandsliquor