ဘီယာ ကို ပုံမှန်အတိုင်းသောက်ရတာ ငြီးငွေ့နေသူတွေအတွက် လတ်ဆတ်ပြီး လန်းဆန်းသွားစေမယ့် ဘီယာ Margarita ကော့လ်တေး ဖျော်စပ်နည်းလေး မျှဝေပေးချင်ပါတယ်။ ဘီယာ Margarita ကော့လ်တေးကို Beergarita သို့မဟုတ် Beerita လို့လည်း ခေါ်ကြပါတယ်။

Photo : A Couple Cooks

ဘီယာ Margarita ကော့လ်တေးကို ပျော်ပွဲရွှင်ပွဲတွေ ၊ Dinner ပါတီ နဲ့ နွေရာသီ အပန်းဖြေ Drink အနေနဲ့ သောက်လေ့ရှိပါတယ်။ Tequila ၊ Cointreau ၊ Lime Juice နဲ့ ဘီယာ စတဲ့ ပါဝင်ပစ္စည်းတွေနဲ့ အဓိက ဖျော်စပ်ပါတယ်။ ကော့လ်တေး Shaker တောင်မလိုပဲ ကွီးတို့ အိမ်မှာကိုယ်တိုင် လွယ်လွယ်ကူကူ ပြင်ဆင်ဖျော်စပ်လို့ ရပါတယ်။

Photo : A Couple Cooks

အရင်ဆုံး ဖန်ခွက်ရဲ့ နှုတ်ခမ်းဝကို ဆားပန်းကန်ထဲ မှောက်ချပြီး ခွက်ဝမှာ ဆားကွင်းလေးဖြစ်အောင် လုပ်ပါ။ ဖန်ခွက်ထဲကို Tequila Blanco ၁ အောင်စခွဲ ၊ Cointreau ၁ အောင်စ ၊ Fresh Lime Juice ၁ အောင်စတို့ ရောထည့်ပြီး မွှေပေးပါ။ ပြီးရင် ရေခဲအနည်းငယ်နဲ့ အပေါ်က နှစ်သက်ရာ Lager ဘီယာ ၄ အောင်စခန့်ကို ဖြည်းဖြည်းချင်းလောင်းထည့်ပါ။

အကွင်းလိုက်လှီးဖြတ်ထားတဲ့ သံပုရာသီးခြမ်းလေး ခွက်မှာတပ်ပြီးရင်တော့ အရသာဆန်းဆန်းလေးနဲ့ လန်းဆန်းသွားစေမယ့် ဘီယာ Margarita ကော့လ်တေးတစ်ခွက် ရပြီဖြစ်ပါတယ်။

Featured Photo : A Couple Cooks