vivo ကတော့ အထာကျတဲ့ ဘောင်ပြားဒီဇိုင်းနဲ့ V40 Lite စမတ်ဖုန်း အသစ်ကို မကြာမီရက်ပိုင်းအတွင်း အင်ဒိုနီးရှားနိုင်ငံမှာ မိတ်ဆက်သွားတော့မယ်လို့ သိရပါတယ်။ V40 Lite မှာ ပါဝင်လာတဲ့ အဓိက Features တွေကို ကုမ္ပဏီရဲ့ဝဘ်ဆိုဒ်မှာ တင်ထားပြီး ဖြစ်ပြီး လာမယ့်စက်တင်ဘာ ၂၅ ရက် ဗုဒ္ဓဟူးနေ့မှာတော့ တရားဝင်ကြေညာသွားမှာ ဖြစ်ပါတယ်။

 vivo V40 Lite

Photo : GSMArena.com

V40 Lite စမတ်ဖုန်းကို သေသပ်လှပတဲ့ Flat Frame ဒီဇိုင်းနဲ့ ထုတ်ထားပြီး 120 Hz Refresh Rate ထောက်ပံ့ပေးထားတဲ့ AMOLED မျက်နှာပြင်နဲ့ လာပါတယ်။ ကျောဘက်မှာ 50 MP Main ကင်မရာနဲ့အတူ 8 MP Ultra-Wide ကင်မရာ ၂ လုံး တွဲဖက် တပ်ဆင်ထားပြီး အရှေ့ဘက်မှာတော့ Punch Hole အတွင်း 32 MP ဆယ်လ်ဖီ ကင်မရာကို ထည့်သွင်းပေးထားပါတယ်။

V40 Lite မှာ အမိုက်စား ဓာတ်ပုံ Editing Features တွေ ပါဝင်လာပြီး AI နဲ့ Background Object တွေ ဖျောက်တာ ၊ Document Scanning နဲ့ Focus Enhancement လို ရေလည်မိုက်တဲ့ လုပ်ဆောင်ချက်တွေ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ကုမ္ပဏီဘက်ကနေ Battery Health နဲ့ပတ်သတ်ပြီး ၄ နှစ်အာမခံ ပေးထားပြီး 1,600 Charging Cycles နောက်ပိုင်းမှာ 80% အထိ ဘက်ထရီ Capacity ကို ထိန်းသိမ်းထားနိုင်မယ်လို့ ကြေညာထားပါတယ်။ ဘက်ထရီကတော့ 80W FlashCharge ထောက်ပံ့ပေးထားတဲ့ 5,000 mAh ဘက်ထရီကို တပ်ဆင်ပေးထားပြီး ဘက်ထရီ ရာခိုင်နှုန်း 0 to 45 % ကို မိနစ်အတွင်း အားသွင်းနိုင်မှာ ဖြစ်ပါတယ်။

vivo V40 Lite
Photo : The Tech Outlook

ဖုန်းရဲ့ ကိုယ်ထည်ကတော့ ၈ မီလီမီတာအောက် ပါးလွှာသလို အလေးချိန်ကလည်း ၁၉၀ ဂရမ်သာ ရှိပါတယ်။ ပြောရရင် လုံးဝ ပါးပါးကျစ်ကျစ် ၊ ပေါ့ပေါ့ပါးပါးနဲ့ လက်ထဲမှာ ကိုင်ထားရတဲ့ Hand On ဖီလင်က တော်တော်လေး မိုက်နေမှာပါ။

RAM / Storage ပိုင်းမှာတော့ 8 GB RAM နဲ့ 128 GB Storage ပါရှိပြီး 5G ချိတ်ဆက်မှုလည်း ရမှာ ဖြစ်ပါတယ်။ ဖုန်းရဲ့ကာလာတွေကတော့ နေရောင်အောက်မှာ အစိမ်းဘက်ကို ပြောင်းသွားမယ့် Titanium Silver တစ်ရောင် ၊ နေထိတာနဲ့ ခရမ်းနက်ရောင် အရောင်ပြေးတွေ ပေါ်လာမယ့် Pearl Violet နဲ့ Carbon Black ၂ ရောင် စုစုပေါင်း အရောင် ၃ မျိုး ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ vivo V40 Lite ရဲ့ ဈေးနှုန်းနဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မကြာမီ ရက်ပိုင်းအတွင်း သိရမှာပဲ ဖြစ်ပါတယ်။

Source : GSMArena.com

Featured Photo : GSMArena.com