ယောကျာ်းလေးတွေအတွက်တော့ ဘောင်းဘီတို တွေက စွယ်စုံရတဲ့ ဖက်ရှင်တစ်ခု လို့ပြောရမှာပါပဲ။ ဘောင်းဘီတိုတွေဟာ ကိုယ်လက်လှုပ်ရှား အားကစားလုပ်ချိန်ကစလို့ အိမ်နေရင်းဖြစ်စေ ၊ ပေါ့ပေါ့ပါးပါး ဟိုနားဒီနားသွားရင်ပဲဖြစ်စေ အချိန်တိုင်းနီးပါး လွတ်လပ်ပေါ့ပါးစွာ ဝတ်လို့ရပါတယ်။ အခုဆို ပူအိုက်တဲ့ နွေရာသီကိုလည်း ရောက်လာပြီဆိုတော့ ဘောင်းဘီတို ဖက်ရှင်တွေနဲ့ ရှိုးထုတ်ဖို့ အချိန်ကျပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဆောင်းပါးလေးမှာတော့ ဘောင်းဘီတိုတွေနဲ့ Stylish ဖြစ်အောင် ဝတ်ဆင်လို့ရမယ့် နည်းလမ်းလေးတွေကို မျှဝေပေးပါမယ်။

(၁) လီနင် Shorts

Linen Shorts

Photo : DMARGE

လီနင် ဘောင်းဘီတို တွေကတော့ နွေရာသီအတွက် အသင့်တော်ဆုံး ဖြစ်ပါတယ်။ လေဝင်လေထွက်ကောင်းပြီး ဝတ်ရတာ သက်တောင့်သက်သာနဲ့ ပေါ့ပါးလွတ်လပ်မှု အပြည့်ရှိပါတယ်။ Casual Shirts တွေနဲ့ပဲ စမတ်ကျကျ တွဲဝတ်မလား ၊ T-shirts တွေနဲ့ပဲ လူငယ်စတိုင်ပေါ့ပေါးပါးပါး ဝတ်မလား အဆင်ပြေပါတယ်။

(၂) ဘာမြူဒါ Shorts

Bermuda Shorts

Photo : DMARGE

ပေါ့ပါးပြီး စမတ်ကျတဲ့ Semi-Casual ဖက်ရှင်အတွက်ဆို ဘာမြူဒါ ဘောင်းဘီတို (Bermuda Shorts) တွေက ရွေးချယ်စရာ တစ်ခုပါပဲ။ Bermuda Shorts တွေကို များသောအားဖြင့် ချည်သားနဲ့ ချုပ်လုပ်ထားပြီး အရောင်အသွေး ဒီဇိုင်းကာလာအစုံ ထွက်ပါတယ်။ Bermuda Shorts တွေက ဒူးအထက် ၁ လက်မ သို့မဟုတ် ၂.၅ စင်တီမီတာခန့်မှာ ဝတ်ရပြီး သက်တောင့်သက်သာနဲ့ စမတ်ကျစေတဲ့ စတိုင်မျိုး ပေးပါတယ်။

(၃) Swim Shorts

Swim Shorts

Photo : DMARGE

ဘောင်းဘီတို ဖက်ရှင်တွေအကြောင်း ပြောရတဲ့အခါ ရေကူးဘောင်းဘီ Swim Shorts တွေကတော့ မပါမဖြစ်ပါပဲ။ အခုခေတ်ဖက်ရှင်ရေစီးကြောင်းပေါ်မှာ ခေတ်စားလာတဲ့ Modern Swim Shorts တွေက ဒူးအထက်အတိုရှိပြီး ပိုပြီးလည်း Fit ဖြစ်ပါတယ်။ Patterns တွေ ၊ အပွင့်အခက် ဒီဇိုင်းတွေနဲ့ အရောင်စုံ ၊ ဒီဇိုင်းစုံ ၊ ကာလာစုံ ရွေးချယ်စရာများတဲ့အတွက် ဒီဇိုင်းဆန်းဆန်းလေးတွေ ဝတ်ချင်သူတွေအတွက်တော့ အံ့ကိုက်ပါပဲ။

(၄) ဒူးဖုံး Shorts

Long Shorts

Photo : DMARGE

Long Shorts လို့လည်း ခေါ်ပါတယ်။ အားလပ်ရက် အပြင်ထွက်ချိန်တွေ ၊ ခရီးသွားချိန်တွေလို Super Casual Days တွေအတွက် အသင့်တော်ဆုံး ဖြစ်ပါတယ်။ အရင်ခေတ်တွေတုန်းက Skater တွေကြားမှာ ရေပန်းစားခဲ့တဲ့ ဘောင်းဘီတိုဖက်ရှင် တစ်ခုဖြစ်ခဲ့ပြီး အခုလက်ရှိမှာတော့ ပေါ့ပါးလွတ်လပ်တဲ့ ဖက်ရှင်တွေကို ချစ်မြတ်နိုးတဲ့ လူငယ်/လူကြီးမရွေး ဝတ်ဆင်နိုင်တဲ့ အမိုက်စား ဘောင်းဘီတိုဖက်ရှင် ဒီဇိုင်းတစ်ခု ဖြစ်နေပါပြီ။

ကွီးတို့ရော အခုလို ရာသီဥတုပူပြင်းတဲ့ နွေကာလမှာ ဘောင်းဘီတိုဖက်ရှင်တွေ ဝတ်ရတာကြိုက်နှစ်သက်ပါလား ???

Featured Photo : DMARGE