အဖြူရောင်ဟာ သန့်ရှင်းစင်ကြယ်ခြင်း၊ ရိုးရှင်းမှုနဲ့ ရှင်းသန့်ခြင်း စတဲ့ သဘောတရားများကို ဆောင်ပါတယ်။ အဖြူရောင်ဟာ အရောင်တော်တော်များများနဲ့ လိုက်ဖက်ပါတယ်။ သို့သော်လည်း အဖြူရောင် ဘောင်းဘီကိုတော့ အမျိုးသားများအပါအဝင် လူတော်တော်များများက ရွေးချယ်ဖို့ နည်းနည်း တွန့်ဆုတ်မိတတ်ပါတယ်။ တကယ်တော့ ဘောင်းဘီအဖြူ ဟာ ဖက်ရှင်ကျစေသည်သာမက အံ့အားသင့်စရာကောင်းလောက်အောင် စွယ်စုံရတဲ့ အရောင်ပါ။ ဒီဆောင်းပါးလေးမှာတော့ ကွီးတို့အတွက် ဘောင်းဘီအဖြူ နဲ့ လိုက်ဖက်အောင် ဝတ်စားဆင်ယင်ဖို့ အိုင်ဒီယာ များ ကိုဖော်ပြပေးချင်ပါတယ်။

ဘောင်းဘီအဖြူနဲ့ ရှပ်အင်္ကျီ

ဘောင်းဘီအဖြူ အိုင်ဒီယာ

Photo : Dmarge

ဘောင်းဘီအဖြူ နဲ့ လိုက်ဖက်အောင် ဝတ်စားဆင်ယင်ဖို့ အိုင်ဒီယာ ကောင်းတစ်ခုကတော့ ရှပ်အင်္ကျီနဲ့ တွဲဖက်ဝတ်ဆင်တာပဲ ဖြစ်ပါတယ်။ အဖြူရောင် ဘောင်းဘီနဲ့ မည်သည့်အရောင် ရှပ်အင်္ကျီ ကို ဖြစ်စေ တွဲဖက်ဝတ်ဆင်ခြင်းက ကွီးတို့ကို ရိုးရှင်းပြီး စတိုင်လ်ကျစေမှာပါ။ အင်္ကျီကို ဘောင်းဘီထဲ ထည့်ပြီးခါးပတ်တစ်ခုဖြင့် ကွီးတို့ရဲ့ အသွင်အပြင်ကို ပြောင်းလဲပြီးဖြစ်စေ၊ အင်္ကျီကို အပြင်ထုတ်ပြီး ပေါ့ပါးလွတ်လပ်တဲ့ စတိုင်လ်မျိုးဖြစ်စေ ဝတ်ဆင်လို့ရပါတယ်။

ဘောင်းဘီအဖြူနဲ့ Blazer

ဘောင်းဘီအဖြူ အိုင်ဒီယာ

Photo : Dmarge

ကွီးတို့အနေနဲ့ လုပ်ငန်းပိုင်းဆိုင်ရာအတွက် ဖြစ်စေ၊ အနည်းငယ် Formal ကျပြီး လေးနက်တဲ့ ပုံစံမျိုးကို လိုချင်ပါက ဘောင်းဘီအဖြူကို Blazer နဲ့တွဲဖက် ဝတ်ဆင်လိုက်ပါ။ အပြာရောင် Blazer များက လူကြိုက်များပြီး အပြာရောင် တီရှပ် သို့မဟုတ် အဖြူရောင် ရှပ်အင်္ကျီနှင့် အလွယ်တကူ တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။ အနောက်တိုင်း ဝတ်စုံဝတ်ဆင်ရာမှာလည်း ကွီးတို့ရဲ့ အသွင်အပြင်ကို မြှင့်တင်ပေးပြီး အထက်တန်းကျစေတဲ့အတွက် ဘောင်းဘီအဖြူက တကယ်ကို ရွေးချယ်စရာကောင်းပါတယ်။ ဘောင်းဘီအဖြူနဲ့ အရောင်ရင့်တဲ့ Blazer များသာမက အရောင်နုတဲ့ Blazer များပါလိုက်ဖက်ပါတယ်။

ဘောင်းဘီအဖြူနဲ့ တီရှပ်

ဘောင်းဘီအဖြူ အိုင်ဒီယာ

Photo : Dmarge

အဖြူရောင်သည် ပုံမှန်အရောင်တစ်ခုလို ခံစားရလေ့ရှိသော်လည်း လမ်းပေါ်၌ ပေါ့ပေါ့ပါးပါး ၀တ်ဆင်ရန် အမှန်တကယ် ရွေးချယ်သင့်တဲ့ အရောင်ပါပဲ။ လူငယ်ဆန်မှုနဲ့ သွက်လက် ပေါ့ပါးသွက်လက်တဲ့ စတိုင်လ်မျိုး ဝတ်ဆင်ချင်ရင်တော့ ဘောင်းဘီအဖြူနဲ့ တီရှပ် ကို တွဲဖက် ဝတ်ဆင်လိုက်ပါ။ အရောင်ဖျော့ဖျော့ တီရှပ်များ၊ ဒီဇိုင်းမျိုးစုံပါသော တီရှပ်များ သို့မဟုတ် အရောက်တောက်တောက် တီရှပ်များ စသည်ဖြင့် ကွီးတို့စိတ်ကြိုက် တွဲဖက် ဝတ်ဆင်လို့ ရပါတယ်။ တီရှပ်အပွနဲ့ ဝတ်ဆင်လျှင်လည်း ကွီးတို့အတွက် ပေါ့ပါးလွတ်လပ်တဲ့ ပုံစံနဲ့ စတိုင်လ် ကျစေမှာပါ။

ဘောင်းဘီအဖြူနဲ့ အရောင်တောက်သော အင်္ကျီများ

ဘောင်းဘီအဖြူ အိုင်ဒီယာ

Photo : Dmarge

အမျိုးသားများအတွက် ဘောင်းဘီအဖြူ နဲ့ တွဲဖက်ဝတ်ဆင်ဖို့ အိုင်ဒီယာ တစ်ခုကတော့ အရောင်တောက်တောက် အင်္ကျီများ နဲ့ တွဲဖက်ဝတ်ဆင်ခြင်းပါပဲ။ အဖြူရောင်က ကြားနေအရောင်ဖြစ်တဲ့ အတွက် ဘယ်လိုအရောင်မျိုးနဲ့ မဆို လိုက်ဖက်ပါတယ်။ အရောက်တော်တောက် အင်္ကျီများနဲ့ တွဲဖက်ဝတ်ဆင်ခြင်းက အရောင်အချင်းချင်း ပံ့ပိုးပေးတာကြောင့် ကွီးတို့ကို တောက်ပပြီး ဆွဲဆောင်မှုရှိတဲ့ အသွင်အပြင်ကို ပေးစွမ်းနိုင်မှာပါ။

ကွီးတို့ရေ အခုဖော်ပြပေးလိုက်တာကတော့ အမျိုးသားများအတွက် ဘောင်းဘီအဖြူ နဲ့ လိုက်ဖက်အောင် ဝတ်စားဆင်ယင်ဖို့ အိုင်ဒီယာ ကောင်းများပဲ ဖြစ်ပါတယ်။ အဖြူရောင်နဲ့ အရောင်များကြားတွင် ခြားနားမှုကို ကစားပြီး ကွီးတို့ ဖက်ရှင်ကို မြှင့်တင်လိုက်ပါ။

ဆက်လက်ပြီးတော့ အမျိုးသားများအတွက် ဘောင်းဘီအဖြူနဲ့ တွဲဖက်ဝတ်ဆင်ဖို့ အိုင်ဒီယာများကို ဆက်ကြည့်လိုက်ရအောင်။

အိုင်ဒီယာ (၁)

ဘောင်းဘီအဖြူ အိုင်ဒီယာ

Photo : Gentleman’s Gazette

အိုင်ဒီယာ (၂)

White trousers

Photo : Pinterest

အိုင်ဒီယာ (၃)

White trousers

Photo : Next Luxury

အိုင်ဒီယာ (၄)

White trousers

Photo : Dmarge

အိုင်ဒီယာ (၅)

White trousers

Photo : Eva Petro Marine

Source : Dmarge

Featured Photo : Dmarge